Photo Credit: NooDi Facebook
Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။

သတိထားမိခဲ့တဲ့ဆိုင္

Junction City ၄လွှာမှာအသစ်ဖွင့်တဲ့ Pop-up Market ကိုရောက်ပြီးပြီလား။ လမ်းလျှောက်ရင်းအဆာပြေ ပေါ့ပေါ့ပါးပါးစားလို့ရတဲ့ crepe, toast, brownie နဲ့ကော်ဖီတို့လို snackတွေဝယ်စားလို့ရနေပြီနော့်။

လက္လႊတ္မခံသင့္တဲ့ပရိုမိုးရွွင္း

Chatrium ရဲ့ Come 5 Pay 4-weekend buffet dinner က၅ယောက်သွားရင် ၁ယောက်ကအခမဲ့စားရမှာမို့မိသားစုလိုက်ဘူဖေးသွားစားဖို့အသင့်တော်ဆုံးပါပဲ။ ဒီအပတ် သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိရှိပါတယ်။ အသေးစိတ်အချက်အလက်တွေနဲ့ဈေးနှုန်းကိုဒီ link မှာကြည့်ပါ။

မရောက်တာကြာလို့ခြေဦးလှည့်ဖို့စီစဉ်နေတဲ့ဆိုင်

ကော်ရည်ခေါက်ဆွဲကိုတခေတ်ဆန်းခဲ့တဲ့ NooDi ဟာအခုကြည့်မြင်တိုင်ညဈေးအနီးမှာဆိုင်သစ်ဖွင့်လှစ်နေပါပြီ။ ကော်ရည်ခေါက်ဆွဲအပြင် တရုတ်တန်းမှာရတတ်တဲ့ street food တွေကိုပါရောင်းချနေပြီဖြစ်တာမို့သွားစားကြည့်မယ်စိတ်ကူးပါတယ်။

သွားဖို့စီစဉ်ထားတဲ့ပွဲ

Build Your Own Company ရဲ့အစီအစဉ်နဲ့ Plants and Flowers Festival လို့ခေါ်တဲ့သစ်ပင်ပန်းမန်ပြပွဲကို Junction City မှာနောက်အပတ်ကျရင်ကျင်းပသွားမယ်လို့သိရပါတယ်။ အပင်နဲ့ဆက်စက်ပစ္စည်းရောင်းချတဲ့ဆိုင်တဒါဇင်လောက်ပါဝင်မှာဖြစ်လို့သစ်ပင်စိုက်ဝါသနာပါသူတွေသွားရောက်လေ့လာသင့်တဲ့ပွဲလေးပါ။

8-14 August | Junction City Main Atrium

Foodie Special

ရန်ကုန်ရဲ့ပထမဆုံးသောကိတ်ဘူဖေးကို သောကြာ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Novotel Yangon Max ရဲ့ Gourmet Bar မှာကျင်းပသွားမှာပါ။ တယောက်ကိုကျပ် ၂၅၀၀၀တည်းနဲ့ ကိတ် ၁၀မျိုးအပြင် ကော်ဖီ၊ လက်ဘက်ရည်နဲ့ Bubbe tea တွေကိုနေ့လည် ၂နာရီကနေ ၅နာရီအထိ ၃နာရီတိတိစိတ်ကြိုက်စားနိုင်မှာဖြစ်လို့ကိတ်ချစ်သူတွေလက်လွတ်မခံနဲ့နော်။


Photo Credit: NooDi Facebook

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here