ကိုယ်ဘယ်သွားသွားလိုက်ချင်တဲ့အာဝုလေးတွေရှိလား။ ရန်ကုန်ကဒီကော်ဖီဆိုင်လေးတွေဆီသားသားမီးမီးလေးတွေကိုခေါ်သွားလို့ရပါတယ်။ သက်ဆိုင်ရာဆိုင်ရဲ့စည်းကမ်းလေးတွေကိုတော့လိုက်နာဖို့လိုတာပေါ့နော်။



ဒီဆိုင်လေးကဇွန်လလောက်ကမှဖွင့်ပေမယ့်လူသိတော်တော်များနေပါပြီ။ အထပ် ၃ထပ်ရှိပြီးကျယ်ဝန်းတာမို့အေးအေးလူလူထိုင်လို့ရတယ်။ ကော်ဖီနဲ့မုန့်တွေအပြင်အာဝုလေးတွေအတွက်လည်း menu သက်သက်ရှိပါတယ်။
ပုဏ္ဏမီမှတ်တိုင်အနီး၊ သစ္စာလမ်းမ၊ တောင်ဥက္ကလာ၊ ရန်ကုန်။
09 44333 3347
8am – 9pm



ဒီဆိုင်လေးကတော့ခြံနဲ့မို့အာဝုလေးတွေပါရင်ခြံထဲမှာထိုင်လို့ရတယ်။ ပူပူနွေးနွေးဟင်းပွဲတွေအပြင် ကော်ဖီ အအေးနဲ့အချိုပွဲတွေရပါတယ်။ ခွေးလေးတွေအတွက် Puppuccino လည်းဝယ်တိုက်လို့ရတယ်။ သူတို့ page မှာခွေးလေးတွေခေါ်လာတဲ့သူတွေလိုက်နာဖို့စည်းမျဉ်းတွေရှိတာမို့ဖတ်ပြီးမှသွားစေချင်ပါတယ်။
အမှတ် ၁၂(ခ)၊ နတ်မောက် ၁ လမ်း၊ ဗဟန်း၊ ရန်ကုန်။
09 44299 9305
8am – 9pm


ဓာတ်ဖမ်းလို့အရမ်းလှတဲ့အဖြူရောင်ကော်ဖီဆိုင်လေးဆိုမသိတဲ့သူရှားမယ်။ Woof Wednesday နေ့မှာအာဝုလေးတွေနဲ့အတူသွားရင် ၁၀ရာခိုင်နှုန်းလျှော့ဈေးလည်းရဦးမှာပါ။ ခွေးလေးတွေအတွက်ကော်ဖီနဲ့ snack တချို့ရှိပါတယ်။
အမှတ် ၂၈၃(က)၊ ဗြမ္မာစိုရ်လမ်း၊ တောင်ဥက္ကလာ၊ ရန်ကုန်။
09 758 434438
7:30am – 8:30pm



Miyazaki ကာတွန်းရုပ်ရှင်တွေထဲရောက်သွားသလိုခံစားရမယ့်ဒီဆိုင်လေးကလည်း coffee lover တွေထဲလူသိများပါတယ်။ ကော်ဖီနဲ့မုန့်တွေရတယ်။ အောက်ထပ်မှာအာဝုလေးတွေနဲ့အတူထိုင်လို့ရတယ်။
အမှတ် ၃၃၊ ညောင်တုန်းလမ်း၊ စမ်းချောင်း၊ ရန်ကုန်။
09 798 883355
9am – 7pm



Specialty coffee trend ကို ၂၀၁၃ခုနှစ်လောက်ကတည်းကစတင်လာခဲ့တဲ့ဒီဆိုင်လေးဟာကော်ဖီနဲ့မုန့်အပြင်အရှေ့တိုင်းအစားအသောက်တွေကြောင့်လည်းနာမည်ကြီးတယ်။ ခွေးသေးသေးလေးတွေတော့လက်ခံတယ်လို့ဆိုပါတယ်။
အမှတ် ၃၀(က)၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
09 262 546 289
8am – 7:30pm



အရှေ့တိုင်းနဲ့အနောက်တိုင်းအစားအသောက်တွေရတဲ့ဒီဆိုင်လေးကတော့ အပြင်ဘက်နဲ့အောက်ထပ်မှာအာဝုလေးတွေနဲ့အတူထိုင်လို့ရတယ်။ အရွယ်အစားသတ်မှတ်ထားတာမရှိဘဲ ဖော်ရွေတဲ့သားသားမီးမီးလေးတွေဆိုလက်ခံပါတယ်တဲ့။
အမှတ် 7/A-8/A, The Central Boulevard, Shop 20/21, ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်။
09 963 320000
8:30am – 10pm



Asian fusion အစားအသောက်တွေ၊ အချိုပွဲနဲ့ကော်ဖီတွေအပြင် ကော့တေးပါရပါတယ်။ Pebble garden လေးရှိတာမို့အာဝုလေးတွေနဲ့အတူထိုင်လို့ရပါတယ်။
အမှတ် ၄၂၊ Winner Inn မြေညီထပ်၊ သံလွင်လမ်း၊ ဗဟန်း၊ ရန်ကုန်။
09 40771 8616
9am – 8pm



ဒီဆိုင်လေးကတော့ပြင်သစ်စတိုင်ကိတ်မုန့်တွေကြောင့်နာမည်ကြီးတယ်။ ဆိုင်ခွဲ ၂ခုလုံးကအာဝုလေးတွေကိုလက်ခံပေမယ့်အင်းယားမြိုင်ဆိုင်ခွဲကတော့ပိုကျယ်တာမို့ထိုင်လို့ပိုကောင်းပါတယ်။
ဆိုင် ၁။ အမှတ် ၄၂၊ အင်းယားမြိုင်လမ်း၊ ကမာရွတ်၊ ရန်ကုန်။
09444085994
10:30am – 6:30pm
ဆိုင် ၂။ အမှတ် ၁၉(ခ)၊ စိမ်းလဲ့မေရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်း၊ ရန်ကုန်။
09780772306
11am – 5pm



ဒီဆိုင်လေးကတော့အထပ် ၂ထပ်ရှိပြီးအပြင်ဘက်မှာအာဝုလေးတွေနဲ့ထိုင်ဖို့နေရာရှိပါတယ်။ ကော်ဖီအပူအအေးနဲ့ကိတ်မုန့်ပေါင်မုန့်တွေရပါတယ်။
အမှတ် ၂၈(ဂ)၊ ကုက္ကိုင်းရေကူးကန်လမ်း၊ ဗဟန်း၊ ရန်ကုန်။
09 786 334472
7:30am – 8:30pm