ရန်ကုန်ကကြက်တောင်ကွင်းနဲ့သင်တန်း ၁၁ခုအကြောင်းဖော်ပြလိုက်ပါတယ်။ ပရိသတ်တွေသွားလေ့ရှိတဲ့ကြက်တောင်ကွင်းတွေရှိရင်လည်း comment ပေးခဲ့ပါဦးနော်။
Legacy Sports Arena

တနာရီစာငှားရမ်းခကျပ် ၁သောင်းကျသင့်ပြီး ကြိုတင်ဘွတ်ကင်တင်ဖို့လိုပါတယ်။ ကြက်တောင်ကစားနည်းကိုအခြေခံကစပြီးသင်ယူချင်တယ်ဆိုရင် ပြည်တွင်းဆရာနဲ့သင်ရင် တလ ကျပ် ၁သိန်း ကျသင့်ပြီး သင်တန်းချိန် ၈ချိန်ပါပါတယ်။ နိုင်ငံခြားသားဆရာနဲ့ဆိုရင်တော့ ကြားရက်တွေမှာသင်ရင် ကျပ် ၃သိန်းခွဲ၊ ပိတ်ရက်တွေမှာသင်ရင် ၄သိန်းပါ။
ဘုရင့်နောင်လမ်း၊ မြောက်ဒဂုံ၊ ရန်ကုန်။
09 881 555 001, 09 881 555 002
7 AM – 8 PM
Ace Badminton Club

ကွင်းငှားခကတော့ တနာရီ ကျပ် ၁သောင်းပါ။ သင်တန်းတွေကတော့တလ ကျပ် ၁သိန်းဖြစ်ပြီးကိုယ်အားမယ့်အချိန်ကိုဆရာနဲ့ညှိလို့ရပါတယ်။
အမှတ် ၂၃၆(ခ)၊ စက်မှု ၄လမ်း၊ တာမွေ၊ ရန်ကုန်။
09 899 3444 22
7 AM – 9 PM
Hlaing Sports Complex

ကွင်းငှားခတနာရီ ကျပ် ၁၂၀၀၀ ကျသင့်ပြီး racket တွေကိုလည်း ကျပ် ၃ထောင်ကစလို့ငှားရမ်းနိုင်ပါတယ်။ တလစာသင်တန်းကိုကျပ် ၁သိန်းကျသင့်ပြီးတပတ် ၃ရက်သင်ပေးပါတယ်။
အမှတ် ၁၅၅၊ ယောဂီကျောင်းလမ်း၊ လှိုင်၊ ရန်ကုန်။
09 758 02 9988
6 AM – 11 PM
WOW Sports Complex

ဒီအားကစားရုံကတော့ကြက်တောင်တမျိုးတည်းမဟုတ်ဘဲ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘိလိယက်၊ စနူကာနဲ့ တိုက်ကွမ်ဒိုပါကစားနိုင်ပါတယ်။ တရက်တာဝင်ကြေးကတော့ ၂၅ဒေါ်လာဖြစ်ပြီး အားကစားအစုံကစားနိုင်ပါတယ်။ ကြက်တောင်သင်တန်းကတော့ Gold class မှာဆရာနဲ့တဦးချင်းသင်ရင် တလ ကျပ် ၄သိန်းကျမှာဖြစ်ပြီး တခြားတပည့်တယောက်နဲ့တွဲသင်ရင်တော့ ၃သိန်းပါ။ Silver class ဆိုရင် ကျပ် ၂သိန်းခွဲနဲ့ ကျပ် ၁၈၀၀၀၀ အသီးသီးကျသင့်မှာဖြစ်ပါတယ်။ သင်တန်းချိန်တချိန်ကို ၁နာရီကြာပြီး တလကို ၈ချိန်သင်ပေးမှာပါ။
Times Mall ၅လွှာနှင့် ၆လွှာ၊ ကျွန်းတောလမ်း ကမာရွတ်၊ ရန်ကုန်။
09 888 669 899
8 AM – 10 PM
Waizayantar Badminton Club

ကွင်းငှားခကတော့ တနာရီ ကျပ် ၉ထောင်ပါ။ တလစာသင်တန်းက ကျပ် ၁သိန်းကျသင့်ပြီး ၈ချိန်သင်ပေးပါတယ်။
၂လမ်းး၊ ၈ရပ်ကွက်၊ ဝေဇယန္တာလမ်းမ၊ တောင်ဥက္ကလာ၊ ရန်ကုန်။
09955619219, 09401795078
6 AM – 10 PM
The Zawana – Badminton And Sport Arena

ဖွင့်တာမကြာသေးတဲ့ကွင်းအသစ်လေးပါ။ တနာရီကွင်းငှားက ကျပ် ၁၉၈၀၀ ကျသင့်ပြီး membership နဲ့အတူသင်တန်းတက်လို့လည်းရပါတယ်။ ကြားရက်သင်တန်းကတော့တလ ကျပ် ၁၃၅၀၀၀ နဲ့ ကြားရက်ကော ပိတ်ရက်ပါသင်လို့ရတဲ့သင်တန်းကတော့ ကျပ် ၁၆၅၀၀၀ ကျသင့်ပါတယ်။ သင်တန်းတခုကို ၁၂ချိန်ပါပါတယ်။
ဇဝနလမ်းနှင့်သီရိဧရာလမ်းထောင့်၊ သင်္ကန်းကျွန်း၊ ရန်ကုန်။
09 44797 4995
6 AM – 9 PM
Myan Pro Sports Academy

ကြက်တောင်ကွင်းက တနာရီ ကျပ် ၉ထောင်သတ်မှတ်ထားပြီး သင်တန်းတက်ချင်ရင်တော့ တလ ၈ချိန်သင်တန်းကို ကျပ် ၈သောင်း၊ ၁၂ချိန်သင်တန်းကို ကျပ် ၁သိန်းနဲ့တက်နိုင်ပါတယ်။ ကြက်တောင်အပြင် ခရစ်ကတ်နဲ့စားပွဲတင်တင်းနစ်တွေလည်းကစားလို့ရပါတယ်။
အမှတ် ၉၁၅၊ ငါးမာန်အောင်ဘုရားလမ်း၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်။
09 79 4444 219
6 AM – 6 PM
Paragon Badminton Club
(သင်တန်းသီးသန့်)
တလကျပ် ၈သောင်းနဲ့သင်ယူနိုင်ပြီး မနက်ပိုင်း (သို့) နေ့လယ်ပိုင်းအချိန်အဆင်ပြေရာရွေးနိုင်ပါတယ်။ သင်တန်းချိန် ၃နာရီနဲ့ တပတ် ၃ရက်သင်ပေးတယ်။ မြန်မာကြက်တောင်အဖွဲ့ချုပ်ကွင်းမှာသင်ရမှာပါ။ 09 4500 524 21 ကိုဆက်သွယ်နိုင်ပါတယ်။
Royal Badminton Club
(သင်တန်းသီးသန့်)
တပတ် ၂ရက်နဲ့ တလသင်တန်းကို ကျပ် ၈သောင်းကျသင့်ပါတယ်။ လှိုင်မြို့နယ်က Hlaing sports Complex (သို့) တာမွေက Ace Badminton ကွင်း ကြိုက်တဲ့နေရာမှာသင်ယူနိုင်ပါတယ်။ 09 986 882 105 (သို့) 09 977 184 565 ကိုဆက်သွယ်စုံစမ်းပါ။
Victory Badminton Club
(သင်တန်းသီးသန့်)
တလသင်တန်းကြေး ကျပ် ၁၂၀၀၀၀ ကျသင့်ပြီး ပိတ်ရက်ဆိုရင်တော့ Waizayantar Badminton Club (သို့) ကြားရက်ဆိုရင်တော့ Ace Badminton Club စတဲ့ကွင်းတွေမှာသင်ယူနိုင်ပါတယ်။ 09 502 7774 (သို့) 09 425 979 18 ကိုဆက်သွယ်စုံစမ်းပါ။
Myanmar Badminton Federation Court
(ကွင်းသီးသန့်)
မြန်မာ့ကြက်တောင်အဖွဲ့ချုပ်ကွင်းဖြစ်ပြီး ၂နာရီစာ session တခုကို ကျပ် ၂သောင်းခွဲကျပါတယ်။ နိုင်ငံခြားသားဆိုရင်တော့ ၂၅ဒေါ်လာပါ။ ကြိုတင်ဘွတ်ကင်ယူပေးပါ။
အမှတ် ၃၂၀-၃၃၂၊ အနော်ရထာလမ်း၊ လမ်းမတော်၊ ရန်ကုန်။
01 221 496, 09 420 706 002
6 AM – 10 PM