MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
သတိထားမိခဲ့တဲ့အရာ
ခုတလောလူငယ်တွေကြားမှာအဝတ်အထည်ဟောင်းတွေကိုပြန်ဝတ်တဲ့ thrift fashion ကခေတ်စားလာတယ်။ အရည်အသွေးမီပစ္စည်းတွေကိုပဲ ဈေးသက်သက်သာသာနဲ့လိုချင်သူတွေအတွက် Old StuffX နဲ့ The Community တို့ရဲ့ thrift shop ကို စက်တင်ဘာ ၂ရက်နေ့ကနေ ၄ရက်နေ့အထိကန်သာယာစင်တာမှာကျင်းပသွားမယ်လို့သိရပါတယ်။
လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း
စပိန်ရိုးရာစားမြိန်စာ tapas ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ Melia ရဲ့ tapas night ကိုလက်လွတ်မခံနဲ့နော်။ ရင်သပ်ရှုမောဖွယ် rooftop view အပြင်လက်တင်တေးသွားတွေကိုလည်းနားဆင်ခံစားနိုင်ဦးမှာပါ။ Tapas menu နဲ့ Spanish Sangria, Red Wine, White Wine, Sparkling Wine တွေအပါအဝင်ကိုမှ တယောက်ကို US$29+ ပဲကျသင့်မှာပါ။ ဒီ link ကနေတဆင့်ဘွတ်ကင်တင်နိုင်ပါတယ်။
(6pm – 9pm) 2 Sep | Melia Yangon
မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်
ဒီတနင်္ဂနွေနေ့တော့ Gekko မှာဆူရှီတွေစားရင်း Monkey Tennis တီးဝိုင်းရဲ့ဖျော်ဖြေမှုကိုခံစားမယ်။ ညနေ ၆နာရီကနေညဉ့်နက်တဲ့အထိဖျော်ဖြေသွားမှာပါ။
သွားဖို့စီစဉ်ထားတဲ့ပွဲ
အပ်ချည်လုံး Home Shop က ၅ကြိမ်မြောက်လူငယ်ဈေးပွဲတော်ကို Junction Mawtin မှာ ၄ရက်တိတိကျင်းပသွားမယ်လို့သိရပါတယ်။ စက်တင်ဘာ ၂ရက်နေ့ကနေစမယ့်ဒီဈေးမှာပြည်တွင်းဖြစ်အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၅၀ကျော်ပါဝင်သွားမှာပါ။
2-5 Sep | (Promotion area and 1st Floor) Junction Mawtin
လက်လွတ်မခံသင့်တဲ့ staycation
Lotte Hotel Yangon က ၅နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Premier Lake View Room မှာတညတာတည်းခိုခွင့်၊ မနက်စာနဲ့ညစာဘူဖေးတွေပါဝင်တဲ့ staycation package ကိုစီစဉ်ထားပါတယ်။ ဈေးနှုန်းကတော့ လူကြီး ၂ယောက်စာကို ဒေါ်လာ ၂၀၀ကနေစပြီး စက်တင်ဘာတလလုံးရရှိနိုင်ပါတယ်။