MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
အသစ်ဖွင့်တဲ့ပြခန်း
သူမလက်ရာဆိုတဲ့ပြခန်းဟာစပိန်သံရုံးရဲ့ပံ့ပိုးမှုနဲ့အရင်အပတ်ကမှဖွင့်လှစ်ခဲ့တာပါ။ ဒီပြခန်းမှာဆိုရင်မြန်မာနိုင်ငံကအမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အနုပညာရှင်တွေရဲ့ဖန်တီးမှုလက်ရာတွေကိုလေ့လာနိုင်ပါတယ်။ ပြခန်းကိုသင်္ကြန်ပိတ်ရက်ကလွဲပြီးကျန်တဲ့နေ့တွေအားလုံးမှာဖွင့်လှစ်ထားတယ်လို့သိရပါတယ်။
အမှတ် (၂၈၃)၊ ဦးဝိစာရလမ်း၊ Wai Wai’s Place အပေါ်ထပ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
11am – 9pm
လက်မလွှတ်သင့်တဲ့ပရိုမိုးရှင်း
ဘီယာဆိုခပ်ပြင်းပြင်းမှကြိုက်တဲ့သူတွေအတွက်တော့သတင်းကောင်းပါ။ Melia ဟိုတယ်ရဲ့ Garbo Bar မှာ Oktoberfest ပရိုမိုးရှင်းတွေကိုစက်တင်ဘာနဲ့အောက်တိုဘာ ၂လလုံးပေးနေပါပြီ။ ဂျာမန်ဘီယာနဲ့လိုက်ဖက်တဲ့ဂျာမန်အစားအစာတွေကိုပါသုံးဆောင်နိုင်မှာဖြစ်ပါတယ်။
မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်
အရှေ့တိုင်းနဲ့အနောက်တိုင်းစားစရာတွေစုံစုံလင်လင်ရတဲ့ CAFE DEL SeOUL ကိုမသိတဲ့ foodie မရှိသလောက်ပါပဲ။ လတိုင်း menu အသစ်တွေမိတ်ဆက်လေ့ရှိတာမို့အခုပိတ်ရက်ကျရင်သွားကြည့်မယ်လို့စိတ်ကူးပါတယ်။
သွားဖို့စီစဉ်ထားတဲ့ပွဲ
New Vision Art & Design Institute ကစီစဉ်တဲ့ Meet & Draw ဟာပန်းချီဝါသနာပါတဲ့သူတွေအတွက်တော့သွားကိုသွားသင့်တဲ့ပွဲပါပဲ။ ပန်းချီဆွဲရင်းမိတ်ဆွေသစ်တွေရနိုင်မယ်။ အတွေ့အကြုံတွေဖလှယ်နိုင်မယ်။ ကိုယ်ပိုင်ပန်းချီပစ္စည်းတွေတော့ယူသွားဖို့လိုမယ်နော်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
အမှတ် ၁၂၉၊ B022၊ ရွှေပြည်အေးကွန်ဒို၊ ဗားဂရာလမ်း၊ စမ်းချောင်း၊ ရန်ကုန်။
(4pm – 6pm) 18 Sep
09 431 60 359
Staycation ကြိုက်သူများအတွက်
Super Hotel Thilawa ရဲ့ staycation နဲ့ daycation package တွေကရန်ကုန်မှာဈေးအသက်သာဆုံးစာရင်းထဲပါပါတယ်။ Staycation နေတဲ့သူတွေဆိုရင်ဂျပန်ရေပူစမ်းကို ၄၅မိနစ်အခမဲ့အသုံးပြုနိုင်မှာပါ။ ကြိုတင်ဘွတ်ကင်တင်ဖို့တော့လိုပါတယ်။ 01 230 9000/9001 (သို့) 09 797 10 9000 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Lot No 25, Residential and Commercial Area, Zone-A, Thilawa SEZ, Yangon
Cover photo credit: SheCreates Facebook