MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
ကြည့်ဖြစ်ခဲ့တဲ့ဇာတ်လမ်းတွဲ
Netflix miniseries Devil in Ohio ကတော့လတ်တလောကြည့်ဖြစ်ခဲ့တဲ့ဇာတ်လမ်းတွဲတွေထဲမှာ စိတ်တိုင်းကျမိတယ်။ နာမည်တူဝတ္ထုစာအုပ်ကိုအခြေခံထားပြီးအဲ့ဒီစာအုပ်ကိုယ်တိုင်ကလည်းတကယ်အပြင်မှာရှိတဲ့ cult တွေကိုမှီးထားတယ်လို့သိရပါတယ်။ Mae (Madeleine Arthur) နဲ့ Suzanne (Emily Deschanal) ဆိုတဲ့အမျိုးသမီး ၂ယောက်ရဲ့ငယ်ဘဝနဲ့စိတ်ဒဏ်ရာတွေအကြောင်းသည်းထိတ်ရင်ဖိုဆန်ဆန်တင်ဆက်ထားပါတယ်။
သွားသင့်တဲ့ပွဲ
Kantharyar Shopping Centre က event လေးတွေခပ်စိတ်စိတ်လုပ်လာတာတွေ့ရတယ်။ ဒီတပတ်မှာလည်းပြည်တွင်းဖြစ်အမှတ်တံဆိပ် ၂၀ကျော်ပါဝင်မယ့် Mini Pwal Zay ရှိပါတယ်။ အဝတ်အထည်၊ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကိုဝယ်ယူနိုင်မှာပါ။
(9am – 7pm) 9-11 Sep | Kantharyar Shopping Centre
မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်
Babett Yangon က appetiser, ကိုယ့်စိတ်ကြိုက် main couse နဲ့ အချိုပွဲနဲ့ကော်ဖီအပါအဝင် lunch set ကို ကျပ် ၁၉၉၀၀ တည်းနဲ့ရောင်းချပေးနေပါပြီ။ ပြင်သစ်စတိုင်အစားအသောက်တွေကိုဒီလောက်ဈေးနဲ့စားခွင့်ရတာမို့သွားရောက်မြည်းစမ်းကြည့်မယ်စိတ်ကူးပါတယ်။ ကြားရက် မနက် ၁၁ခွဲကနေ နေ့လယ် ၃နာရီအထိပဲရတာမို့ဘွတ်ကင်တင်ဖို့မမေ့နဲ့နော်။
သွားမယ့်ပွဲ
Togerther for Community ကဒုတိယအကြိမ် Arts & Crafts ပြပွဲကိုဒီအပတ်စနေနေ့ကျရင် Novotel Yangon Max မှာကျင်းပသွားမှာပါ။ ဆိုင်ပေါင်း ၉၀ကျော်ပါပြီးပြည်တွင်းဖြစ်အနုပညာလက်ရာတွေနဲ့လက်မှုပစ္စည်းတွေကိုဝယ်ယူရရှိနိုင်ပါတယ်။
(11am – 4pm) 10 Sep | Yangon Ballroom, Novotel Yangon Max
ကျန်းမာရေးအတွက်လေ့ကျင့်ခန်း
Infinity Fitness က Infinity Raw ကိုတနင်္ဂနွေနေ့မှာစီစဉ်ထားပါတယ်။ Instructor တွေက အလေးနဲ့လှုပ်ရှားမှုအခြေပြုလေ့ကျင့်ခန်းတွေကိုပြသပေးမယ်။ အဖွဲ့ဝင်တွေကော အဖွဲ့ဝင်မဟုတ်သူတွေကော fundamental class မှာပါဝင်နိုင်ပါတယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
(9am – 10am) 11 Sep | Infinity Fitness
Cover photo credit: Babett Yangon Facebook