ပိတ်ရက်မှာ hangout လုပ်ဖို့နေရာသစ်ရှာနေသူတွေအတွက်ရန်ကုန်မှာမကြာသေးခင်ကမှအသစ်ဖွင့်တဲ့စားသောက်ဆိုင်လေး ၅ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
Breeze Cafe

ကော်ဖီဆိုင်ဆိုတာထက်ကျေးလက်အပန်းဖြေစခန်းလေးနဲ့တူတဲ့ဒီဆိုင်လေးက အောက်တိုဘာ ၈ရက်နေ့ကမှစဖွင့်တာပါ။ Soft opening ကာလမို့ menu တွေကတော့သိပ်မစုံသေးဘဲကိတ်မုန့်နဲ့ကော်ဖီ၊ အချိုရည်လောက်ပဲရသေးတယ်။ ဒါပေမယ့်နေရာလေးကတအားလှတယ်။ နာမည်နဲ့လိုက်အောင်လေပြေလေးတဖြူးဖြူးနဲ့ chill လို့ကောင်းပြီး ဓာတ်ပုံရိုက်လို့လည်းလှမယ့်နေရာလေးမို့ညွှန်းပေးလိုက်ပါတယ်။
ခြံအမှတ် ၁၀၁၊ ကျောက်စိမ်းပတ်လမ်း၊ ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း (ဘုရားကြီးဘက်)၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
09 751 863976
11am – 6pm
Memory Bar

အောက်တိုဘာ ၂၃ရက်နေ့အထိ opening promotion တွေအများကြီးပေးနေတဲ့ဒီဘားလေးကတော့ TGIF လုပ်ဖို့နေရာအသစ်ပေါ့။ ဗုဒ္ဒဟူး၊ သောကြာ၊ စနေနေ့တွေမှာ unplugged တီးဝိုင်းရှိတယ်။ Table reservation လုပ်လိုက်တာနဲ့ beer first round free ရမှာနော်။
အမှတ် ၇၇၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၃ ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်။
09 7700 87120
2pm – 11pm (တနင်္လာနေ့ပိတ်ပါတယ်)
ဓလေ့ BBQ

သူကတော့ရိုးရိုးရှင်းရှင်းအကင်လေးတွေနဲ့ အထောင်းတွေအသုပ်တွေရတဲ့ဆိုင်ပေါ့။ သစ်သားခုံလေးတွေ၊ ဝါးထရံကာလေးတွေကကျေးလက်အိမ်ထဲရောက်သွားသလိုခံစားမှုမျိုးပေးပါတယ်။
အမှတ် (၃၇)၊ အသောကလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေ၊ ရန်ကုန်။
09 7825 62495
3pm – 10pm
Meru Windermere Square

ဒီဆိုင်လေးက ၁ရက်နေ့ကတည်းကဖွင့်တာဆိုတော့သိရင်လည်းသိပြီးလောက်ပါပြီ။ မသိသေးတဲ့သူတွေအတွက်ပြောရမယ်ဆိုရင်တော့ဒီဆိုင်က စားသောက်ဆိုင်နဲ့ဘား ၆ဆိုင်ပေါင်းဖွင့်ထားတဲ့နေရာပါ။ မြန်မာနဲ့အာရှအစားအစာတွေအပြင် အကင်တို့ ဟော့ပေါ့တို့ကိုတနေရာတည်းမှာအစုံစားလို့ရတယ်။ အပြင်အဆင်ကလည်းတော်တော်လှပါတယ်။
အမှတ် 91H၊ သံလွင်လမ်း၊ ဝင်ဒါမီယာ၊ ဗဟန်း၊ ရန်ကုန်။
09 4290 38479
7am – 10pm
Aura Mille Crepe Cake Cafe

လူသိပြီးသား crepe cake ဆိုင်လေးရဲ့ FMI ဆိုင်ခွဲပါ။ Vanilla, Strawberry, Blueberry, Cheese, Chocolate နဲ့ Rainbow ဆိုပြီးအရသာ ၆မျိုးနဲ့ crepe cake လေးတွေရတယ်။ အော်ဒါမှာချင်ရင်တော့ ၁ရက်ကြိုမှာလို့ရပါတယ်။
FMI Garden Recreation Center၊ လှိုင်သာယာ၊ ရန်ကုန်။
09 777 363 666
10am – 5pm