အခုပိတ်ရက်ရန်ကုန်မှာပဲရှိမယ့်သူတွေအတွက်မကြာခင်ကမှအသစ်ဖွင့်တဲ့ဆိုင်လေး ၅ဆိုင်အကြောင်းဖော်ပြပေးလိုက်ပါတယ်။

The Sake Bros

ဂျပန်က Izakaya ပျော်ပွဲစားရုံလေးတွေရဲ့ vibe အတိုင်းဖွင့်လှစ်ထားတဲ့ဒီဆိုင်လေးကိုကောရောက်ပြီးကြပြီလား။ ဂျပန်အစားအသောက်တွေအပြင် ဂျပန်ရိုးရာအငွေ့အသက်တွေလွှမ်းနေတဲ့ကော့တေးတွေလည်းရပါတယ်။

အမှတ် ၈၆(က)၊ ရှင်စောပုလမ်း၊ စမ်းချောင်း၊ ရန်ကုန်။
09 44 22222 73
10am – 9pm

JK Foods

စဉ့်အိုးနဲ့ကင်တဲ့ကြက်ကင်ဘဲကင်ကြိုက်တဲ့သူတွေအတွက်သတင်းကောင်း။ ဆိုင်ဖွင့်တဲ့အထိမ်းအမှတ်နဲ့ အောက်တိုဘာလ ၁၀ရက်နေ့အထိ ၁၀ရာခိုင်နှုန်းလျှော့ပေးဦးမှာတဲ့နော်။

ဆိုင်ခန်းအမှတ်(D/E)၊ ၇ရပ်ကွက်၊ ကျွန်းတောလမ်၊း ဟံသာဝတီပျိုးခြံဝင်း၊ ကမာရွတ်၊ ရန်ကုန်။
09 882 888 162, 09 882 888 169
10am – 9pm

BYOB

Bring your own bottle (ကိုယ့်ပုလင်းကိုယ်ယူလာပါ) ဆိုတဲ့ဆိုင်နာမည်အတိုင်းပဲ alcohol မရပါဘူးနော်။ ဒါပေမယ့်ယမကာမျိုးစုံနဲ့လိုက်ဖက်တဲ့အကင်တွေအကြော်တွေကတော့တော်တော်စုံတယ်။ Soft drinks နဲ့ကော်ဖီလည်းရပါတယ်။ Bottle charge မကောက်ပါ။

အမှတ် ၉၁(က)၊ မြေညီထပ်၊ ဗဟိုလမ်း၊ စမ်းချောင်း၊ ရန်ကုန်။
09 740 965 109
3pm – 10pm

Buddha Delights-International Vegan House

အသက်သတ်လွတ်စားတဲ့သူတွေအတွက်ဆိုင်ကောင်းလေးတခုပါ။ Set meal တွေကို ကျပ် ၁၅၀၀ ကနေရနိုင်ပြီးဘူဖေးကိုတော့ ကျပ် ၁၅၀၀၀ နဲ့အဝစားနိုင်ပါတယ်။ Page ကိုဝင်ပြီးသူတို့ရှောင်တဲ့အစားအစာနဲ့ကုန်ကြမ်းတွေကိုဖတ်ကြည့်ပါ။

အမှတ် ၇၇၊ ပါရမီစိန်ဂေဟာအနီး၊ မာလာမြိုင် ၄ရပ်ကွက်၊ လှိုင်၊ ရန်ကုန်။
09 250 779 009
7am – 7pm

529 Bar

ဒါလေးကတော့အေးအေးလူလူတယောက်တည်းဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ဘားထိုင်ချင်သူတွေအတွက်ပါ။ အရှေ့တိုင်းအစားအသောက်နဲ့အမြည်းတွေရမယ်။ Open mic session လည်းရှိတော့မိုက်ခဲတွေအတွက်အကိုက်ပါပဲ။

အမှတ် ၅၂၉၊ မေတ္တာလမ်း၊ ၁၁ရပ်ကွက်၊ တောင်ဥက္ကလာ၊ ရန်ကုန်။
09 965 711 480, 09 8822 11529
12pm – 10pm

LEAVE A REPLY

Please enter your comment!
Please enter your name here