Advertisement

လက်မှုအနုပညာပြပွဲ

Corriander Leaf စားသောက်ဆိုင်မှာကျင်းပမယ့် Lat Mhu Club ရဲ့လက်မှုအနုပညာပြပွဲမှာ ဒါဇင်နဲ့ချီတဲ့ပြည်တွင်းထုတ်ကုန်တွေကိုတွေ့ရမှာပါ။ ကင်းဗတ်စ်အသေးလေးတွေပေါ်မှာပန်းချီဆွဲနည်း၊ ပုတီးစေ့လေးတွေနဲ့လက်ဝတ်တန်ပြုလုပ်နည်းစတဲ့ workshop ၂ခုကိုပါအခမဲ့ထည့်သွင်းသွားမှာဖြစ်လို့လက်မှုအနုပညာဝါသနာပါသူတွေအတွက်ဗဟုသုတတွေအများကြီးရမယ့်ပွဲပါပဲ။

တိုက်နံပါတ် ၁၂၊ Yangon International Hotel ဝင်း၊ အလုံလမ်း၊ ရန်ကုန်။ Ahlone Road, Yangon
8-9 October
12pm – 5pm

အောက်တိုဘာလအတွင်းလက်မလွှတ်သင့်တဲ့ပရိုမိုးရှင်း

အောက်တိုဘာတလလုံး သေကြာနေ့နဲ့ စနေနေ့တွေမှာ ညနေ ၅နာရီခွဲကနေ ၈နာရီခွဲအထိ Wyndham ဟိုတယ်မှာ Taste of Malaysia ဘူဖေးရှိတယ်နော်။ တယောက်ကျပ် ၇၈၀၀၀ တည်းနဲ့မလေးရှားအစားအသောက်တွေအဝစားရမယ့်အပြင် ၃ယောက်လာစားရင် ၁ယောက်အခမဲ့ရမယ့် ပရိုမိုးရှင်းလည်းရှိပါတယ်။ ပရိုမိုးရှင်းကာလက အောက်တိုဘာလ ၂၈ရက်နေ့နောက်ဆုံးပါ။

မမေ့နိုင်စရာသီတင်းကျွတ်ညစာ

အောက်တိုဘာလ ၉ရက်နေ့မှာ SEEDS စားသောက်ဆိုင်က Thadingyut Festive Menu တွေတည်ခင်းသွားဖို့ရှိပါတယ်။ နေ့လယ်စာအတွက်တဦးကို ၃၂ဒေါ်လာ၊ ညစာအတွက် တစ်ဦး ၅၄ဒေါ်လာကျသင့်မှာဖြစ်ပြီး welcome drink အနေနဲ့ခံတွင်းမြိန်စေတဲ့ aperitif တိုက်သွားဦးမှာဖြစ်ပါတယ်။ ဘွတ်ကင်တင်နိုင်ပါပြီ။

အမှတ် ၆၃(က)၊ ဦးထွန်းငြိမ်းလမ်း၊ ၁၀ရပ်ကွက်၊ မရမ်းကုန်း၊ ရန်ကုန်။
09 972 784 841, 01 655 900
[email protected]

ပြည်တွင်းထုတ်ကုန်တွေအဓိကတွေ့ရမယ့်ဈေးပွဲတော်

MyanWen Marketplace ရဲ့ဈေးပွဲတော်မှာပြည်တွင်းဖြစ်ထုတ်ကုန်တွေအများကြီးတွေ့ရမှာဖြစ်ပြီး ဈေးဝယ်ရင်းလုပ်ငန်းရှင်တွေနဲ့စကားပြောရင်းအပေါင်းအသင်းနယ်ပယ်ချဲ့ထွင်ဖို့အကောင်းဆုံးပါပဲ။

(9am-6pm) 11-17 Oct | Promotion Area, Junction City

လမ်းဘေးဈေးပွဲတော်

အေးအေးလူလူပွဲဈေးလျှောက်ရတဲ့ခံစားချက်ကိုလွမ်းနေပြီလား။ The Street ကစီစဉ်တဲ့ဈေးပွဲတော်လေးမှာငယ်ငယ်ကသီတင်းကျွတ်အငွေ့အသက်မျိုးပြန်ခံစားရမှာနော်။ Street food လေးတွေစားရင်းဈေးဝယ်ဖို့ ၇ရက်နေ့ကနေစပြီး Times City ကိုသွားကြစို့။

(9am-7pm) 7-9 Oct | Times City မှန်တံတားအောက်

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here