Advertisement

အမှန်တော့ဒီဆောင်းပါးကိုရေးချင်နေတာ episode 4 လောက်ကတည်းကပဲ။ ဒါပေမယ့် ပြီးတဲ့အထိတော့စောင့်ကြည့်လိုက်ပါဦးမယ်လေဆိုပြီးအခုမှရေးဖြစ်တာပါ။ တကယ်တော့ MCU ကသာ Disney+ show တွေအကုန်လုံးကို main canon နဲ့ချိတ်ဆက်မထားရင် She-Hulk: Attorney at Law ကိုပြီးတဲ့အထိကြည့်ဖြစ်မှာမဟုတ်ဘူး။ 

MCU show တွေအရည်အသွေးကျတာ Hawkeye နဲ့ Ms Marvel မှာတော်တော်သိသာတယ်။ ဒါပေမယ့် Hawkeye က action တွေအရမ်းသွက်ပြီး Ms Marvel က historical fiction နဲ့ အမေရိကန်မွတ်ဆလင်အသိုင်းအဝိုင်းအကြောင်းရိုက်ပြထားလို့ကြည့်ပျော်တဲ့အဆင့်တော့ရှိသေးတယ်။ She-Hulk ကတော့အဖတ်ဆည်စရာကိုမရှိတာ။

အဆိုးဆုံးကတော့ woke culture ပဲ။ Hulk ကအစကတည်းက MCU မှာချောင်ထိုးခံထားရတဲ့ဇာတ်ကောင်။ She-Hulk နဲ့တွေ့တော့မှငပေါကြီးလုံးလုံးဖြစ်တာပဲ။ စဥ်းစားကြည့်ဗျာ Bruce အနေနဲ့သူ့ရဲ့ Hulk persona ကိုထိန်းချုပ်နိုင်ဖို့နှစ်ပေါင်းများစွာကြိုးစားခဲ့ရပေမယ့် She-Hulk ကချက်ချင်းကိုထိန်းချုပ်နိုင်တယ်။ Comic ထဲမှာလည်း Jennifer က သူ့ She-Hulk persona ကိုထိန်းချုပ်နိုင်တာပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်ရတာက Jen ဟာ Bruce လို gamma radiation နဲ့တိုက်ရိုက်ထိတွေ့ရလို့မဟုတ်ဘဲ Bruce ရဲ့ သွေးကနေတဆင့်ရခဲ့တာကြောင့်ပါ။ ပြီးတော့ She-Hulk က Hulk လောက် powerful မဖြစ်ဘူး။

Jen က She-Hulk persona ကိုထိန်းချုပ်နိုင်စွမ်းရှိမရှိဆိုတာထက် ဘာကြောင့်ထိန်းချုပ်နိုင်တယ်ဆိုတဲ့အကြောင်းပြချက်ကပိုအရေးကြီးတယ်။ သူ့ဖြေရှင်းချက်ကိုကြည့်ဦး။ သူ့အနေနဲ့ဘဝတလျှောက်လုံးယောက်ျားတွေ catcalling လုပ်တာ mansplaining လုပ်တာတွေကိုသည်းခံခဲ့ရလို့ဒီလို self-control ရှိတာပါတဲ့။ ပြီးတော့ဒီအတွက်ကြောင့်ပဲ She-Hulk က Hulk ထက်သာတယ်ဆိုပြီးဇာတ်လမ်းဆင်ထားတာကပိုဆိုးတယ်။

ကျနော်ဆိုလိုတာကအမျိုးသမီးဇာတ်ကောင်တွေအနေနဲ့အမျိုးသားတွေထက် poweful ဖြစ်လို့ရတယ်။ ဇာတ်ကောင်တိုင်းက poweful ဖြစ်လို့ရတယ်။ ဒါပေမယ့်ဘာကြောင့်ဆိုတာကိုတော့ခိုင်ခိုင်မာမာပြဖို့လိုတယ်။ ဆိုပါတော့ Natasha Romanov မှာဘာ super power မှမရှိပေမယ့် super hero တွေနဲ့ရင်ဘောင်တန်းနိုင်တယ်။ ဒီလိုဖြစ်နေအောင်လည်းသူ့ဘဝတလျှောက်လုံးဖြတ်သန်းမှုတွေ၊ လေ့ကျင့်မှုတွေ၊ ဇာတ်ကောင်စရိုက်တည်ဆောက်ပုံတွေကခိုင်ခိုင်မာမာပ့ံပိုးသွားတာ။ ဒါကြောင့် Nat ကိုကြည့်ရင် overrated ဖြစ်တယ်လို့လုံးဝမခံစားရဘူး။

She-Hulk ကိုအမွှန်းတင်ဖို့ Hulk ကိုနှိမ့်ချပစ်လိုက်တာတော်တော်ဆိုးပါတယ်။ Female empowerment ကိုကျနော်လက်ခံတယ်။ ဒါပေမယ့် အသိုင်းအဝိုင်းတခုကိုမြှင့်တင်ဖို့တခြားတခုကိုနှိမ့်ချပစ်ရမယ်ဆိုတဲ့အတွေးကြီးကတော့ toxic ဖြစ်လွန်းပါတယ်။ Nat နဲ့ပဲဥပမာပေးဦးမယ်။

Captain America: Winter Soldier မှာ Cap နဲ့ Nat ဟာအတွဲညီညီနဲ့ဇာတ်တခုလုံးကိုသယ်သွားတယ်။ သူတို့ ၂ယောက်မှာဘယ်သူကနောက်လိုက်ရယ်လို့မရှိဘူး။ ခွန်အားသုံးရတဲ့ကိစ္စတွေမှာ Cap ကဦးဆောင်ပြီး နည်းပညာနဲ့ပါးနပ်လိမ္မာစွာကိုင်တွယ်ရမယ့်ကိစ္စတွေမှာ Nat ကဦးဆောင်တယ်။ သူတို့ ၂ယောက်လုံးရဲ့ဇာတ်ကောင်တွေကအတွဲညီညီပဲဖွံ့ဖြိုးသွားတယ်။ ငါကမိန်းမမို့ယောက်ျားတွေထက်ပိုသာတယ်၊ patriarchy ကဖိနှိပ်ထားလို့သာအစွမ်းထုတ်ပြခွင့်မရတာဆိုတဲ့ entitlement မျိုး Captain Marvel မှာစတွေ့ရတာပဲ။ အခု She-Hulk ကတော့အဆိုးဆုံးပဲ။ ကျ​နော်ယောက်ျားမို့ဒီလိုပြောတာမဟုတ်ဘူး။ အမျိုးသမီး YouTuber တွေဒီကိစ္စနဲ့ပတ်သက်ပြီးပြောထားတာတွေအမ​ျားကြီးပဲ။ စိတ်ပါရင် YouTube မှာရှာကြည့်ပါ။

နောက်တချက်ကတော့ဇာတ်လမ်းတခုလုံး tension လုံးဝမရှိဘဲ first-world problem တွေနဲ့ပြည့်နေတာပဲ။ MCU ကလူတိုင်းခံစားနိုင်တဲ့အကြောင်းအရာတွေကိုဇာတ်လမ်းတည်ထားတာများပါတယ်။ Disney+ show တွေမှာပဲပြောရမယ်ဆိုရင် Falcon and Winter Soldier မှာတကမ္ဘာလုံးဆိုင်ရာဒုက္ခသည်ပြဿနာ၊ Moon Knight မှာကလေးဘဝစိတ်ဒဏ်ရာနဲ့စိတ်ရောဂါ၊ WandaVision မှာဆိုချစ်တဲ့သူတွေကိုဆုံးရှုံးရတဲ့ခံစားချက် စသဖြင့်ပေါ့။ She-Hulk ကတော့လုံးဝကြွက်ဟိုဒင်းအနာလုပ်နေတာ။ Online dating အဆင်မပြေတာတို့၊ ဘဲကစာမပြန်လို့ group therapy လုပ်ရတာတို့၊ သတုိ့သမီးအရန်လုပ်ရင်းရန်ထဖြစ်တာတို့။ Sexual harassment နဲ့ cyberbulling လိုကိစ္စတွေပါတယ်ဆိုပေမယ့်သေသေချာချာရိုက်မပြနိုင်ဘဲ အဖြစ်သဘောထည့်ထားသလိုခံစားရတယ်။

အဆင်မပြေတာတွေပြောရမယ်ဆိုရင်တော့အများကြီးပါပဲ။ Infinity Saga ရဲ့အောင်မြင်မှုကြောင့် MCU က overconfident ဖြစ်သွားပုံရတယ်။ Disney+ ကိုလည်း streaming war မှာနိုင်စေချင်တော့ ခပ်ပေါပေါဇာတ်လမ်းတွဲတွေကိုစက်ရုံနဲ့ထုတ်သလိုထုတ်ပြီး main canon နဲ့ချိတ်တယ်။ အမာခံပရိသတ်တွေကလည်း main canon နဲ့အဆက်ပြတ်သွားမှာစိုးလို့ show တွေကိုမကောင်းလည်းသည်းခံကြည့်နေရတာပဲ။ ဒါပေမယ့်ဒီအတိုင်းဆက်သွားရင်တော့ MCU ကကျနော်တို့သဘောကျခဲ့တဲ့ MCU နဲ့လုံးဝကွဲပြားသွားမှာပါ။ 

MM+ Rating: Fan မဟုတ်ရင်အချိန်ကုန်ခံပြီးကြည့်မနေပါနဲ့။ Online မှာ recap တွေသာရှာဖတ်လိုက်ပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here