ကမ္ဘာ့ဖလားဘောလုံးပွဲကိုသူငယ်ချင်းတွေနဲ့ဘီယာလေးသောက်ရင်းကြည့်ချင်တဲ့သူတွေအတွက် promotion တွေပေးနေတဲ့ ဆိုင်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီနှစ်ဘယ်အသင်းကိုအားပေးလဲဆိုတာကိုလည်း comment မှာပြောပြသွားပါဦး။
The Beer Factory

FIFA World Cup ပွဲတွေကို Beer Factory မှာ ကြည့်ရုံနဲ့ ဆုလက်ဆောင်တွေပြန်ရမယ့် Lucky Draw အစီအစဉ်ရှိတယ်နော်။ Carlsberg (၁) တာဝါဝယ်တိုင်း ကူပွန် (၁) ခု ရယူပြီး ကံစမ်းနိုင်ပါပြီ။
အမှတ် ၁၀(က)၊ ရွှေတောင်ကြားလမ်း၊ ဗဟန်း၊ ရန်ကုန်။
09 977 606888
La Pie Sa

ဒီဆိုင်လေးမှာတော့ World Cup fan တွေအတွက် အထူး set menu တွေရှိပါတယ်။ Tiger Beer 1 tower ဝယ်တာနဲ့ အာလူးချောင်းကြော်အစပ်တပွဲရမယ့် set၊ Bud beer ၅ပုလင်းဝယ်တာနဲ့ Buffalo Wing တပွဲရမယ့် set တွေအပါအဝင် အရမ်းတန်တဲ့ set menu ၅ခုတောင်ရှိတာမို့သူငယ်ချင်းတွေနဲ့အတူ chill လို့ရပြီပေါ့။ ဘီယာသောက်ရင်းအမြည်းလေးစားရင်း legend ကြီးတွေကိုနှုတ်ဆက်ရအောင်နော်။
တိုက်နံပါတ် ၃၀၁၊ မြေညီထပ်၊ Time City Complex၊ ကျွန်းတောလမ်း၊ ကမာရွတ်၊ ရန်ကုန်။
09 964 348881
11am – 11pm
Melia Yangon

Melia Yangon ရဲ့ Garbo Bar မှာကမ္ဘာ့ဖလားဘောလုံးပွဲကြည့်ရင်း Heineken draught beer ကို buy one get one ရယူပါ။ Selected menu ထဲကဟင်းပွဲတပွဲမှာစားရင်လည်းဝိုင် (သို့) ဘီယာတခွက်လက်ဆောင်ရဦးမှာနော်။ ညနေ ၄နာရီကနေ promotion စတင်မှာပါ။
အမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း၊ ရန်ကုန်။
09 940 407 700, 01 9345000
The Gang Bar & BBQ

ဒီဆိုင်လေးမှာတော့ ပွဲစဉ်တိုင်းရဲ့ အနိုင်အရှုံးရလဒ်ကို ခန့်မှန်းပြီး ကိုယ်ခန့်မှန်းတဲ့ အသင်းနိုင်ရင် Lucky Draw လည်းကံစမ်းရတယ်။ Cocktail ချစ်သူတွေအတွက် Buy1 Get 1 Promotion နေ့တိုင်းရှိမယ်။ ဒါ့အပြင် WC Special Menu ထဲက Food Item တွေအတွက်လည်း 10% Discount ရဦးမှာပါ။
အမှတ် ၄၆၊ သတိပဌာန်လမ်း၊ ကျောက်မြောင်း၊ ရန်ကုန်။
09 891 162207
2pm – 10pm
The Carnival Music Bistro

ဒီဆိုင်မှာတော့ ဘောလုံးပွဲ Live ကိုကြည့်ရှုနေစဉ် Match Hours အတွင်း Tuborg Buy 2 – Get 1 Promotion ပေးသွားမှာပါ။ ဘီယာအေးအေးလေးသောက်ရင်းဘော်ဒါတွေနဲ့ chill လို့ရပြီပေါ့။
အမှတ် ၅၂၀၊ မြေညီထပ်၊ Excel Tower၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း၊ ရန်ကုန်။
01 559 150
11am – 10pm
Wyndham Grand Yangon

ဒီဟိုတယ်မှာတော့ ဘောလုံးပွဲကို projector နဲ့ကြည့်ရမယ့်အပြင် Buy 1 Get 1 beer promotion နဲ့ ကျပ် ၁၀၀၀၀ ကနေစတင်တဲ့ဟင်းပွဲတွေကိုလည်းသုံးဆောင်နိုင်ပါတယ်။ Lucky draw နဲ့ fun activity တွေမှာလည်းပါဝင်နိုင်ပါသေးတယ်။
အမှတ် ၁၁၊ ကန်ရိပ်သာလမ်းထောင့်၊ ရန်ကုန်။
01 9377188 Ext 15, 09 451888322
Washington Bar

ဒီဘားမှာတော့ World Cup ကြည့်ပြီးခဏနားချိန်တွေမှာ game လေးတွေဆော့ပြီး ဘီယာလက်ဆောင်ယူလို့ရတယ်နော်။ ဒါ့အပြင် Final တက်တဲ့ အသင်းနှစ်သင်းကို ခန့်မှန်းနိုင်တဲ့သူနှစ်ဦးကို ဒယ်ဗယ် ဘလက် တစ်လုံးစီ မဲဖောက်ပေးဦးမှာပါ။
အမှတ် ၁၉၀၊ ရတနာလမ်းနဲ့ သုမင်္ဂလာလမ်းထောင့်၊ 14/ 15 လမ်းဆုံအနီး၊ သင်္ကန်းကျွန်း၊ ရန်ကုန်။
09 764 276 456
11am – 10pm
Taproom 254

November promotion အနေနဲ့ Tiger စည် 1 Tower နဲ့ ကြိုက်နှစ်သက်ရာ အကင်စုံ Set A or B ကိုမှ ၃၂၀၀၀ ကျပ်ပဲကျသင့်မှာပါ။ ဘီယာမကြိုက်တဲ့သူတွေအတွက်လည်း Lauder’s Whiskey 0.7 L တလုံး၊ ရေခဲ ရေသန့် ဆိုဒါ one set နဲ့ ကြိုက်နှစ်သက်ရာ အကင်စုံ Set A or B ကိုမှ ၅၅၀၀၀ ကျပ်သာကျသင့်ပါတယ်။ Promotion ကာလကတော့ နိုဝင်ဘာ ၁၈ရက်နေ့ကနေ လကုန်အထိပါ။
အမှတ် ၂၅၄၊ လေးထောင့်ကန်လမ်း၊ သုမင်္ဂလာရပ်ကွက်၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။
09 942 251 059
11am – 10pm