ပိတ်ရက်မှာ တယောက်တည်း chill ဖို့ပဲဖြစ်ဖြစ် ဘော်ဒါတွေနဲ့ hangout လုပ်ဖို့ပဲဖြစ်ဖြစ် ဆိုင်အသစ်လေးတွေရှာနေတယ်ဆိုရင်ဒီ post ကိုသာဖတ်ကြည့်လိုက်နော်။ TGIF!

ကော်ဖီဆိုင်လှလှလေးမှာသူငယ်ချင်းတွေနဲ့ hang out လုပ်ရတာကျန်းမားရေးကိုအထူးကောင်းမွန်စေပါတယ်။ Cafe JJ ကနေအရမ်းလှတဲ့ကန်တော်ကြီးရှုခင်းကိုလည်းလှမ်းမြင်ရသေးတယ်။ ကော်ဖီ၊ ဥရောပအစားအစာတွေအပြင် smoothie တွေလည်းရပါတယ်။

အမှတ် ၄၄ (ခ)၊ နတ်မောက်လမ်း၊ ဗဟန်း၊ ရန်ကုန်။
09 977 222 059
10am – 10pm

ရုံးအဆင်းသူငယ်ချင်းတွေနဲ့ OT ဆင်းမယ်ဆိုရင်တော့ Overtime bar ရှိတယ်နော်။ အကင်တွေစား၊ ဘီယာသောက်ရင်းတနေ့တာပင်ပန်းသမျှအမောဖြေလိုက်ပါ။

အမှတ် ၃၃၇၊ အထက်ပုစွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်။
09 40 8888 344
2pm – 11pm

ဒီဆိုင်လေးကတော့ online shop ကနေစခဲ့တာ။ ဝန်ကြီးများရုံးမှာလည်း pop up ရောင်းတုန်းကအရမ်းလူကြိုက်များခဲ့တာတွေ့ရတယ်။ အခုတော့ဆူးလေမှာဆိုင်လေးစဖွင့်လိုက်ပါပြီ။ ကြက်ကင်ကတော့ signature ဖြစ်ပြီး မြန်မာနဲ့အိန္ဒိယအစားအသောက်တွေလည်းရပါတယ်။ အခုမှ soft opening မို့အဆင်မပြေတာတွေရှိရင် feedback လေးပေးပြီးအားပေးရအောင်နော်။

အမှတ် ၁၂၄၊ ပထမထပ်၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတား၊ ရန်ကုန်။
09 787 622222
9am – 6pm

Asahi Group ရဲ့ဆိုင်သစ်လေးပါ။ Asahi ဆိုင်တွေမှာထိုင်ဖူးရင်တော့ အကင်ကောင်းတာ၊ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ထိုင်လို့ကောင်းတာတွေကိုသိပြီးဖြစ်မှာမို့ သိပ်တော့အထွေအထူးညွှန်းစရာမလိုပါဘူးနော်။ အခုဆိုင်ကတောင်ဒဂုံမှာမို့ တောင်ဒဂုံကညီအစ်ကိုတွေ chiil စရာနေရာအသစ်တခုရပြီပေါ့။

အမှတ် ၆၆၀-၆၇၁၊ စည်ပင်လမ်း၊ တောင်ဒဂုံ၊ ရန်ကုန်။
09 4088 99511
10am – 10pm

ဒီဆိုင်လေးကလည်းအရင်က Sweety World ဆိုတဲ့ online သီးသန့်မုန့်ဆိုင်လေးပါ။ အခုတော့ကော်ဖီဆိုင်ပါတွဲဖွင့်လိုက်ပြီမို့မုန့်လေးတွေစားရင်းကော်ဖီသောက်လို့လည်းရသွားပြီပေါ့။ မုန့်တွေကတော့စုံပါတယ်။ ကိတ်မုန့်တွေ ကွတ်ကီးတွေကစလို့ ဘဲဥအငံမုန့်တွေပါရတယ်။

အမှတ် ၁၄၀၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံ၊ ရန်ကုန်။
09 402 033 776
9am – 7pm


Cover photo credit: Asahi 11 Beer Pub & BBQ Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here