MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
ဝိုင်ချစ်သူတို့အတွက်သတင်းကောင်း
Babett Yangon က Beaujolais Nouveau ဝိုင်ကိုဝိုင်ချစ်သူတွေနဲ့စတင်မိတ်ဆက်နေပါပြီ။ ဒီဝိုင်ကဝိုင်နီအမျိုးအစားဖြစ်ပြီး ပြင်သစ်နိုင်ငံ Beaujolais ဒေသက Gamay စပျစ်သီးတွေနဲ့ချက်လုပ်ထားတာပါ။ ဝိုင်နီကောင်းကောင်းလေးသောက်ရင်းပြင်သစ်ဟင်းလျာတွေသုံးဆောင်ရအောင်။
လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း
အသားကင်ကြိုက်တဲ့သူတွေအတွက်တော့ Melia Yangon The Market Restaurant က Sunday Roast ကလက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်းပါပဲ။ အမဲရင်ပုံသား၊ သိုးပေါင်သား၊ ဝက်ကုပ်သား၊ ကက္ကတစ်ငါးကောင်လုံးကင် စတဲ့အမိုက်စားအကင်တွေအပြင် တခြားဟင်းပွဲတွေကို မနက် ၁၁နာရီခွဲကနေ နေ့လယ် ၃နာရီအထိသုံးဆောင်လိုက်ပါ။ တဦးကို ၄၂ ဒေါ်လာကျသင့်မှာဖြစ်ပြီး early bird promotion အဖြစ် နိုဝင်ဘာ ၁၂ ရက်နေ့မတိုင်ခင်ဘွတ်ကင်လုပ်ရင် ၃၉ဒေါ်လာသာကျသင့်ပါတယ်။ 09 940 407 700 သို့မဟုတ် 01 934 5000 ကိုခေါ်ဆိုပြီးအခုပဲဘွတ်ကင်တင်လိုက်တော့နော်။
၁၃ နိုဝင်ဘာ | Melia Yangon
မရောက်ဖြစ်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်
Omnivore စားသောက်ဆိုင်ဟာကိုဗစ်ရောဂါ မြန်မာနိုင်ငံကိုမရောက်ခင်လေးမှာဖွင့်လှစ်ခဲ့တဲ့ဆိုင်ဖြစ်ပါတယ်။ ကပ်ဘေးဒဏ်ကိုကြံ့ကြံ့ခံနိုင်ခဲ့ပြီး အခုဆိုရင်တော့ရန်ကုန်မှာပရိသတ်အခိုင်အမာရနေပါပြီ။ ဆိုင်ဖွင့်စအခြေအနေနဲ့ဘာတွေကွာခြားသွားလဲသိရအောင်တနေ့တော့ပြန်သွားမယ်လို့စိတ်ကူးပါတယ်။
သွားသင့်တဲ့ပွဲ
အနုပညာဝါသနာပါသူတွေအတွက် “/ရှိ” လို့အမည်ပေးထားတဲ့ပြပွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကပ်ရောဂါကြောင့်ပြည်တွင်းအနုပညာအသိုင်းအဝိုင်းတွင်းကအပြောင်းအလဲတွေနဲ့ပတ်သက်ပြီး အနုပညာရှင် ၅၀ကျော်ရဲ့အနုပညာပြချက်တွေကိုတွေ့မြင်ခံစားရမှာပါ။ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ဇန်နဝါရီ ၁၂ ရက်နေ့အထိခန်းမအမျိုးမျိုးမှာကျင်းပသွားမယ်လို့သိရပါတယ်။ အသေးစိတ်နဲ့ပတ်သက်ပြီး ဒီ link မှာကြည့်ပါ။
အသိပညာတိုးစေမယ့်ပွဲ
သင့်အနေနဲ့တနှစ်ကိုစွန့်ပစ်ပစ္စည်းနဲ့အလေအလွင့်တွေဘယ်လောက်လုပ်မိတယ်လို့ထင်ပါသလဲ။ အလေအလွင့်တွေကိုဘယ်လိုလျှော့ချရင်ကောင်းမလဲ။ အခုပိတ်ရက် Kokkoya Organics မှာကျင်းပမယ့် workshop လေးမှာအလေအလွင့်တွေလျှော့ချတဲ့အခါမှာသုံးသင့်တဲ့နည်းလမ်းတွေအပါအဝင် အိမ်တွင်းသစ်ပင်ပန်းမန်စိုက်ပျိုးနည်းလေးတွေကိုပါမျှဝေသွားမှာပါ။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
(9:30am – 4pm) 13 Nov | Kokkoya Organics
Cover photo credit: Markus Spiske on Unsplash