Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။

အီတလီအစားအသောက်ကြိုက်သူတွေအတွက်သတင်းကောင်း

Chatrium နဲ့ အီတလီသံရုံးတို့ပူးပေါင်းပြီး Italian Cuisine Week ကို Chatrium ဟိုတယ်မှာစတင်လိုက်ပါပြီ။ Menu ထဲကနှစ်သက်ရာအီတလီအစားအစာတမျိုးမှာပြီး အီတလီဝိုင်ပုလင်းတိုင်းအတွက် ၂၀ရာခိုင်နှုန်းလျှော့ဈေးရယူလိုက်ပါ။

19-27 November | Chatrium Hotel Royal Lake

စားဖြစ်နေတဲ့အစားအစာ

မြန်မာမုန့်တွေဟာအနောက်တိုင်းအချိုပွဲတွေထက်အချိုပါဝင်မှုနည်းပါးတာကြောင့်အသက်အရွယ်မရွေးအတွက်သင့်တော်ပါတယ်။ အခုတလော တင့်တင့်မြန်မာမုန့်မျိုးစုံကိုစားဖြစ်နေပါတယ်။

မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်

Pepper’s Diner ရဲ့ပန်းကန်အကြီးကြီးတွေထဲထည့်ထားတဲ့ဟင်းပွဲတွေကိုလွမ်းနေပြီလား။ ခဏပိတ်သွားပြီးနောက်အခုနေရာအသစ်မှာပြန်ဖွင့်လှစ်ထားတဲ့ Pepper’s Diner ကိုလည်းသွားကြည့်ဖို့စိတ်ကူးပါတယ်။

သွားသင့်တဲ့ပွဲ

မြန်မာ့လယ်ယာထွက်ကုန်တွေအကြောင်း တနေရာတည်းမှာပဲစုံစုံလင်လင်တွေ့ရှိနိုင်မယ့် Myanmar Agri Produce Expo ကို Yangon Convention Centre မှာ နိုဝင်ဘာလ ၁၈ရက်နေ့ကနေ ၂၀ရက်နေ့အထိကျင်းပသွားမယ်လို့သိရပါတယ်။ ပြည်တွင်းထုတ်ကုန်တွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့သွားသင့်တဲ့ပွဲလေးပါ။

(10am – 5pm) 18-20 Nov | Yangon Convention Centre

Melia Yangon ရဲ့ကမ္ဘာ့ဖလားအထူးပရိုမိုးရှင်း

Melia Yangon ရဲ့ Garbo Bar မှာကမ္ဘာ့ဖလားဘောလုံးပွဲကြည့်ရင်း Heineken draught beer ကို buy one get one ရယူပါ။ Menu ထဲကဟင်းပွဲတပွဲမှာစားရင်လည်းဝိုင် (သို့) ဘီယာတခွက်လက်ဆောင်ရဦးမှာနော်။

(4pm onwards) 20 Nov – 18 Dec | Garbo Bar, Melia Yangon


Cover photo credit: Clark Douglas on Unsplash

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here