MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
အသစ်ဖွင့်တဲ့ရေပေါ်ဈေး
ရန်ကုန်မြို့ရဲ့ပထမဆုံးရေပေါ်ဈေးကိုဗိုလ်တထောင်ကမ်းနားက ဆိပ်ခံတံတားအမှတ် ၅ မှာဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ နိုဝင်ဘာ ၄ရက်နေ့ကနေ ၁၃ရက်နေ့အထိဖွင့်လှစ်မယ့်ရေပေါ်ဈေးမှာမြန်မာ့ရိုးရာစားစရာအမျိုးမျိုး၊ ပြည်တွင်းဖြစ်ကုန်ပစ္စည်းအမျိုးမျိုးရနိုင်ပြီး အင်းလေးမှာလိုလှေနဲ့ရောင်းချတဲ့ဈေးသည်တွေလည်းရှိနေမယ်လို့သိရပါတယ်။
သူမလက်ရာရဲ့ ပထမဆုံး outdoor event
“SheCreates သူမလက်ရာ” ဆိုတာအမျိုးသမီးလုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေဖွဲ့စည်းထားတာပါ။ သူတို့ရဲ့ထုတ်ကုန်တွေနဲ့အနုပညာလက်ရာတွေကိုဝယ်ယူအားပေးနိုင်မယ့်ဈေးပွဲတော်ကို နိုဝင်ဘာလ ၆ရက်နေ့ကျရင် Kokkoya Organics မှာကျင်းပသွားမယ်လို့သိရပါတယ်။ အစားအသောက်နဲ့လက်မှုပစ္စည်းအမျိုးမျိုးဝယ်ယူရရှိနိုင်မယ့်အပြင် ပျော်စရာ activity တွေမှာလည်းပါဝင်နိုင်ပါတယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
(10am-5pm) 6 Nov | Kokkoya Organics
Yangon Book Plaza ရဲ့စာအုပ်ဈေးပွဲတော်
နိုဝင်ဘာ ၅၊ ၆၊ ၇ မှာကျင်းပမယ့်တန်ဆောင်တိုင်စာအုပ်ဈေးပွဲတော်မှာကလေးစာအုပ်တွေအကုန်လုံး ၂၀ရာခိုင်နှုန်းလျှော့ချမှာဖြစ်ပြီး ကျန်တဲ့စာအုပ်တွေအားလုံးကိုလည်း ၁၀ရာခိုင်နှုန်းလျှော့ချမှာဖြစ်ပါတယ်။ ဒါ့အပြင်တခါကထင်ရှားခဲ့တဲ့ ကာတွန်း ရုပ်ပြစာအုပ်ကောင်းတွေကိုတအုပ် ၁၀၀၀ ကျပ်နဲ့ စိတ်ကြိုက်ရွေးချယ်နိုင်မယ့်အစီအစဉ်လည်းရှိပါတယ်။
Yangon Book Plaza၊ လမ်းမတော်၊ သံဈေး၊ ငါးလွှာ၊ ရန်ကုန်။
Chatrium ကလွိုင်ခရာသောင်နဲ့တန်ဆောင်တိုင်ပွဲ
Chatrium Hotel မှာ ထိုင်းလူမျိုးတို့ရဲ့တန်ဆောင်တိုင်လို့ခေါ်ရမယ့်လွိုင်ခရာသောင်ပွဲနဲ့ တန်ဆောင်တိုင်ပွဲတော်ကို ၂ရက်တိတိပူးတွဲကျင်းပသွားမှာဖြစ်ပါတယ်။ လက်မှုပစ္စည်းတွေအပြင် ခြံထွက်ပစ္စည်းတွေနဲ့ နေ့စဉ်အသုံးအဆောင်တွေကိုဝယ်ယူရရှိနိုင်မှာပါ။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
(12pm-7pm) 7-8 Nov | Chatrium Hotel Royal Lake Yangon
Rangoon Tea House ရဲ့တနင်္ဂနွေဈေး
RTH ရဲ့တနင်္ဂနွေဈေးမှာ ပြည်တွင်းကအသေးစားလုပ်ငန်းရှင် ၁၅ဦးရဲ့ကုန်စည်တွေကိုဝယ်ယူနိုင်မှာဖြစ်ပြီး Baydar & Co ရဲ့ painting workshop မှာလည်းပါဝင်လို့ရပါတယ်။ ခြံဝန်းလေးထဲမှာကျင်းပမယ်၊ ဂျတ်ဇ်တီးဝိုင်းလေးကလည်းဖျော်ဖြေဦးမယ်ဆိုတော့ အပန်းဖြေရင်းဈေးဝယ်လို့ကောင်းမယ့်နေရာလေးပါပဲ။
(10am-6pm) 6 Nov | Rangoon Tea House