Photo credit: Bar 81

ဒီပိတ်ရက်ရန်ကုန်မှာပဲရှိနေမယ့်သူတွေအတွက် chill လို့ရအောင် ဆိုင်သစ်လေး ၅ဆိုင်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်အားလပ်ရက်မှာအားလုံးပဲဘေးရန်ကင်းကွာပြီးပျော်ရွှင်ပါစေနော်။

မကြာခင်ကမှဖွင့်လှစ်လိုက်တဲ့ rooftop ဘားဖြစ်ပါတယ်။ ဂျပန်အစားအသောက်တွေနဲ့ ဂျပန်စတိုင်ကော့တေးတွေရပါတယ်။ ၁၄လွှာမှာဖွင့်ထားတာမို့လို့ view ကတော့တော်တော်မိုက်တယ်။

အမှတ် ၅၁ (ဃ)၊ ၁၄လွှာ၊ Hotel S.Y.H.၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်။
09 256 805 380
4pm – 11pm

ဒီဆိုင်လေးကအသွင်အပြင်လေးလှသလို concept ကလည်းဆန်းတယ်။ အသီးအနှံတွေနဲ့အဓိကဖျော်စပ်ထားတဲ့ smoothie နဲ့ mocktail တွေရပြီး အပျင်းပြေဝါးချင်တယ်ဆိုရင်တော့ french fries ရှိပါတယ်။ Fries နဲ့တွဲစားဖို့ဆော့စ်ကလည်း ၁၂မျိုးတောင်ရှိတာနော်။ Drinks နာမည်တွေကို Mandalay Mist၊ Ayeyarwaddy Adventure စသဖြင့်မြန်မာနိုင်ငံရဲ့မြို့ကြီးတွေရဲ့နာမည်တွေပေးထားတာလေးကလည်းဆန်းပါတယ်။

အမှတ် ၁၅၀ (ခ)၊ ဆင်ရေတွင်းလမ်း၊ ကမာရွတ်၊ ရန်ကုန်။
09 979 199 097
10am – 8pm

အရှေ့တိုင်းအစားအသောက်တွေအဓိကရတယ်။ ဆိုင်လေးကရိုးရိုးရှင်းရှင်းလေးပဲ။ အပြင်ဘက်ကော အတွင်းဘက်ကောထိုင်လို့ရတယ်။ မိသားစုတွေ သူငယ်ချင်းတွေနဲ့မုန့်သွားစားလို့ကောင်းပါတယ်။

ဘလောက် ၇၃၊ အမှတ် ၅-၆၊ ချင်းစုလမ်း၊ နဝဒေးအိမ်ရာ၊ လှိုင်သာယာ၊ ရန်ကုန်။
09 541 3753
6am – 9:30pm

ရန်ကုန်မှာထိုင်စရာဘားအသစ်ရှာနေသူတွေအတွက်ပါ။ အရှေ့တိုင်းအစားအသောက်တွေရတယ်။ ပိတ်ရက်တပွေတည်းအေးဆေးထိုင်လို့ကောင်းပါတယ်။

အမှတ် ၈၁၊ အောင်သိဒ္ဒိလမ်း၊ ၃ ရက်ကွက်၊ မရမ်းကုန်း၊ ရန်ကုန်။
10am – 11pm

အကင်ကောင်းကောင်းစုံစုံလေးတွေနဲ့အားလပ်ရက်ကိုဖြတ်သန်းချင်ရင်တော့ ဒီဆိုင်လေးရှိပါတယ်။ ဆာတေးပူပူလေးကိုဆော့အမျိုးမျိုးနဲ့တို့စားပြီး ဘီယာလေးသောက်ရင်းအပန်းဖြေပါ။ ပိတ်ရက်တွေမှာ unplugged band လည်းရှိပါတယ်။

အမှတ် ၅၃၊ ဆရာစံလမ်း၊ ဗဟန်း၊ ရန်ကုန်။
09 880 111 067
4pm – 10:30pm

LEAVE A REPLY

Please enter your comment!
Please enter your name here