Photo credit: Taylor Simpson on Unsplash
Advertisement

ဒီအပတ်ပိတ်ရက်ဘာလုပ်ရမှန်းမသိဘူးဆိုရင်ဒီ weekend guide လေးကိုဖတ်ကြည့်လိုက်ပါ။

Meru Windermere Square

၄ရက်တာကျင်းပမယ့် Meru Windermere ရဲ့ပထမဆုံးဈေးမှာဒါဇင်နဲ့ချီတဲ့ ပြည်တွင်းပြည်ပ vendor တွေကအစားအသောက်၊ လူသုံးကုန်နဲ့ အဝတ်အထည်တွေကိုရောင်းချသွားမှာပါ။

(9am – 9pm) 1 – 4 Dec | Meru Windermere

https://www.facebook.com/meru.windermere.square

Goethe Christmas Bazaar

Goethe-Institut Myanmar ရဲ့ “Goethe’s Christmas Bazaar” ကို လာမယ့် ဒီဇင်ဘာလ (၄) ရက် (တနင်္ဂနွေနေ့) မနက် (၁၀)နာရီကနေ ညနေ (၅) နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး ညနေ (၅)နာရီ စျေးသိမ်းချိန်အပြီးမှာတော့ Christmas Carol Concert ကိုပါတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အနုပညာလက်ရာများအပြင် ပြည်တွင်းဖြစ်ပစ္စည်းများဖြစ်တဲ့ အဝတ်အထည်၊ ဟန်းမိတ် accessories မှစလို့ လက်ဝတ်ရတနာများ၊ skincare, Aromatheraphy, လက်မှုလက်ရာအမျိုးမျိုးနဲ့ စားသောက်ဆိုင်များပါဝင်မယ်လို့သိရပါတယ်။

(10am – 5pm) 4 Dec | Goethe-Institut Myanmar

https://www.facebook.com/goetheinstitut.myanmar/

Novotel‘s December Brunch Buffet

Novotel ဟိုတယ်ရဲ့ December Brunch ဘူဖေးမှာပင်လယ်စာ၊ အသားကင်၊ အချိုပွဲတွေကို iive station တွေနဲ့လတ်လတ်ဆတ်ဆတ်သုံးဆောင်ရမှာပါ။ အချိန် ၃နာရီကြာမြင့်ပြီး တဦးကို ၃၇ဒေါ်လာကျသင့်ပါမယ်။ ဝိုင်နဲ့ကော့တေးတွေ free flow သုံးဆောင်ချင်ရင်တော့ ၁၅ဒေါ်လာထပ်ပေးရမှာဖြစ်ပါတယ်။ 09 4440 8888 3 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်နိုင်ပါတယ်။

(12pm – 3pm) 4 Dec | Novotel Yangon Max

https://www.facebook.com/NovotelYangonMax/

Kokkoya Clothes-swap Event

Kokkoya Organics မှာကျင်းပမယ့် clothes-swapping event ကိုသွားပြီး သင့်မှာမဝတ်ချင်တော့တဲ့အဝတ်အစားဟောင်းတွေရှိရင် တခြားသူတွေရဲ့အဝတ်တွေနဲ့လဲလို့ရတယ်နော်။ စုတ်ပြဲပေကျံနေတဲ့အဝတ်တွေမဖြစ်ဖို့တော့လိုတာပေါ့နော်။ မလဲဘဲကျန်နေတဲ့အဝတ်တွေရှိရင်လည်းလိုအပ်နေသူတွေဆီလှူပေးဦးမယ်လို့သိရပါတယ်။

10am – 5pm (3 – 4 Dec) | Kokkoya Organics

https://www.facebook.com/events/818739439190189/818739449190188/?active_tab=about

Melia’s Winter Pool Party

ရာသီဥတုကတော့ pool party လုပ်လို့ကောင်းမယ့်ရာသီဥတုနော်။ Melia ရဲ့ pool party မှာ DJ ၂ယောက်ရဲ့မြူးကြွတဲ့သံစဉ်တွေနားထောင်ရမယ်။ Canape တွေအပြင် ဝိုင်၊ ဘီယာနဲ့ ကော့တေးတွေကိုလည်း free flow သုံးဆောင်ခွင့်ရဦးမှာပါ။ တဦးကို ၃၅ဒေါ်လာကျသင့်ပါတယ်။ 09 940 407 700၊ 01 934 5000 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်နိုင်ပါတယ်။ အသေးစိတ်ကိုအောက်ပါ link မှာဖတ်ကြည့်ပါ။

(5pm – 8pm) 3 Dec | Melia Yangon

https://www.facebook.com/events/635633644908888/?ref=newsfeed

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here