Cover photo credit: Kelsey Chance on Unsplash
Advertisement

ဒီအပတ် guide ကိုတော့ social butterfly လေးတွေအကြိုက်တွေ့မှာပါ။ Networking party မှာမိတ်ဆွေသစ်တွေဖွဲ့မလား၊ ချစ်သူနဲ့နေဝင်ချိန်ကိုအတူကြည့်ရင်းရန်ကုန်မြစ်ပေါ်မှာသင်္ဘောကြီးစီးမလား။ ပိတ်ရက်ကိုအထာကျကျဖြတ်သန်းလိုက်ပါ။

Weekend Bazaar at The Secretariat

ဒီဇင်ဘာလတလလုံး သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေဆို ဝန်ကြီးများရုံးထဲမှာ ဈေးပွဲတော်ကျင်းပနေပါပြီ။ စားသောက်ကုန်တွေအပြင်ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါပြီး ကိုယ်မွေးထားတဲ့တိလေးတွေဝင်ပြိုင်နိုင်တဲ့ Xmas Fashion Show လည်းရှိတယ်နော့်။

11am – 8pm | The Secretariat
အမှတ် ၃၀၀၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

PARKROYAL ရဲ့ ဘူဖေးပရိုမိုးရှင်း

PARKROYAL ဟိုတယ်က Spice Brasserie ရဲ့ဘူဖေးနေ့လယ်စာမှာ ၄ယောက်သွားစားရင် ၃ယောက်စာပဲပေးရမယ့်ပရိုမိုးရှင်းရှိပါတယ်။ တဦးကို ၃၅ဒေါ်လာကျသင့်မယ့်ဒီဘူဖေးမှာပင်လယ်စာနဲ့နိုင်ငံတကာအစားအစာတွေအပြင် ဘီယာ၊ ဝိုင်၊ ကော့တေးနဲ့ အချိုရည်တွေကိုလည်းသုံးဆောင်နိုင်မှာပါ။ 09 443 833 890 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်နိုင်ပါတယ်။

(11:30am – 2:30pm) Every Sunday | PARKROYAL Yangon

မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်

ရွှေစားပွဲစားသောက်ဆိုင်ဟာ fine dining လောကမှာဖြတ်သန်းမှုရှိပြီးဖြစ်တဲ့စားသောက်ဆိုင်ပါ။ လူငယ်တွေကိုစားဖိုမှူးအတတ်ပညာတွေသင်ပေးနေတဲ့သင်တန်းကျောင်းလည်းဖြစ်ပါတယ်။ ရာသီစာမီနူးအသစ်ကိုသွားရောက်မြည်းစမ်းကြည့်ဖို့စိတ်ကူးပါတယ်။

Sakaura Tower Networking Party

အစားအသောက်ကောင်းတွေစားရင်းမိတ်ဆွေသစ်တွေဖွဲ့ချင်တယ်ဆိုရင်တော့ မနက်ဖြန် Sakura Tower Sky Hall မှာလုပ်မယ့် networking party ကိုသွားကြည့်သင့်ပါတယ်။ ၃နာရီစာ free flow ဘီယာ၊ ဝိုင်နဲ့ အချိုရည်တွေအပြင် အစားအသောက်တွေကိုလည်းဘူဖေးစတိုင်သုံးဆောင်နိုင်ပါတယ်။

လက်မှတ်ဈေးနှုန်း – ကျပ် ၃၀၀၀၀
ကြိုတင်လက်မှတ် – ကျပ် ၂၅၀၀၀

(5:30pm – 8:30) 9 Dec | Sakura Tower
အမှတ် ၃၃၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတား၊ ရန်ကုန်။

နေဝင်ချိန်ကိုကြည့်ရင်းသင်္ဘောစီးမယ်

ဒီဇင်ဘာ ၁၁ရက်နေ့ (တနင်္ဂနွေနေ့) ကျရင် Anawrahta Cruise မှာလုပ်မယ့်ကော့တေးပါတီအကြောင်းကောသိပြီးသွားပြီလား။ ကော့တေးမာစတာ Puia နဲ့ Blind Tiger အဖွဲ့ရဲ့အထူးကော့တေးတွေသုံးဆောင်ရင်း ရန်ကုန်မြစ်ပေါ်မှာသင်္ဘောကြီးစီးရင်းနေဝင်ချိန်ကိုကြည့်ကြမယ်။ တဦးကိုဝင်ခွင့်ကျပ် ၁၀၀၀၀ ဖြစ်ပြီး ကော့တေးတခွက်နဲ့ တနာရီလှေစီးခွင့်ပါဝင်ပြီးဖြစ်ပါတယ်။ ကော့တေးနဲ့လိုက်ဖက်တဲ့အကင်တွေကိုလည်းအထူးဈေးနှုန်းတွေနဲ့သုံးဆောင်နိုင်ပါတယ်။ 𝟎𝟗 𝟐𝟓𝟕 𝟖𝟗𝟒 𝟐𝟒𝟒 (သို့) 𝟎𝟗 𝟗𝟕𝟒 𝟒𝟎𝟏 𝟒𝟓𝟗 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်နိုင်ပါပြီ။

Anawrahta Cruise၊ Yangon Innovation Centre ဆိပ်ကမ်း၊ ပန်းဆိုးတန်း၊ ရန်ကုန်။
Cocktail: 3pm – 9pm
Cruise: 5:30pm – 6:30pm


Cover photo credit: Kelsey Chance on Unsplash

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here