ပိတ်ရက်ကျရင်အိမ်မှာမနေချင်တဲ့သူတွေအတွက်ဆိုင်အသစ် ၅ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သွားစားကြည့်ပြီးရင်လည်းကိုယ့်အမြင်ကို comment ပေးခဲ့ဦးနော်။
Salween 180



Cafe Salween ဆိုရင်တော့ရန်ကုန်ကကော်ဖီချစ်သူတွေမသိသူမရှိသလောက်ပါပဲ။ ဒီ group ကပဲ Salween 180 ဆိုတဲ့ rooftop bar ကိုဖွင့်လှစ်လိုက်ပါပြီ။ နေဝင်ချိန်မှာရွှေတိဂုံစေတီတော်ကြီးရဲ့ရှုခင်းကိုကြည့်ပြီး chill လို့ရတဲ့နေရာလေးပါ။ Menu က Cafe Salween မှာရနိုင်တဲ့အစားအသောက်တွေအပြင် ဝိုင်နဲ့ကော့တေးတွေပါပါတယ်။
အမှတ် ၂၇၁၊ Parkside One Building၊ ဗားကရာလမ်း၊ ရန်ကုန်။
09 776 774 058
12pm – 11pm
Tablehood



Hostel နဲ့ပေါင်းဖွင့်ထားတဲ့ဒီစားသောက်ဆိုင်လေးကတော့ Studyhood ကျောင်းသားကျောင်းသူတွေရဲ့ venture တခုပါ။ အရှေ့တိုင်းနဲ့အနောက်တိုင်းအစားအသောက်တွေရပြီး soft opening ကာလမှာ ၃၀ရာခိုင်နှုန်းလျှော့ဈေးလည်းရှိပါတယ်။
အမှတ် ၂၂၅/၂၂၇၊ ၃၆လမ်းအပေါ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
09 953 888 555, 09 972 656 540, 01 377 318
10am – 11pm
The Creek



ပုစွန်တောင်ဘက်ရောက်ရင်ကားရေဆေးရင်းနဲ့အဆာပြေတခုခုစားဖို့နေရာကိုတကူးတကရှာစရာမလိုတော့ဘူးနော်။ ပုစွန်တောင်ချောင်းလေးဘေးမှာဖွင့်ထားတဲ့ The Creek မှာကားရေဆေးလို့ရတဲ့အပြင် တရုတ်နဲ့ထိုင်းအစားအစာ တွေကိုလည်းရနိုင်ပါတယ်။ ညနေဘက်ချောင်းလေးဘေးမှာလေညှင်းခံရင်း chill လို့လည်းကောင်းတဲ့နေရာလေးပါ။
အောက်ပုစွန်တောင်လမ်းမကြီး၊ နံ့သာဖြူလမ်းဆုံး၊ မဟာဗန္တုလတံတားအောက်၊ ရန်ကုန်။
09 44 33 44 389
10am – 10pm
The Neyba



မက္ကဆီကန်အစားအစာနဲ့ European fusion food တွေရတဲ့ဒီဆိုင်လေးက halal ဆိုင်ဖြစ်တယ်လို့သိရပါတယ်။ အရင်ကတော့ StarCity မှာဖွင့်ထားပြီးအခုမြို့ထဲပြောင်းလာပါပြီ။ ဆိုင်လေးကအပေါ်ထပ်အောက်ထပ် ၂ထပ်ရှိပြီး ကော်ဖီနဲ့အအေးတွေလည်းရပါတယ်။
အမှတ် ၄၉၉၊ ကုန်သည်လမ်း၊ ကျောက်တံတား၊ ရန်ကုန်။
09 420 7722 10, 09 7953 6989 3
10am – 8pm
Mushroom Kitchen



အွန်လိုင်းပေါ်မှာအစားအသောက် delivery ဝန်ဆောင်မှုပေးရာကနေစားသုံးသူပရိသတ်အခိုင်အမာရခဲ့တဲ့ Mushroom Kitchen ဟာနောက်ထပ် dine-in စားသောက်ဆိုင်တဆိုင်ကိုစမ်းချောင်းထဲမှာဖွင့်လှစ်လိုက်ပါပြီ။ သူ့ရဲ့ signature ဘဲကင် ကြက်ကင်တွေအပြင် ဂဏန်းဟင်းလျာမျိုးစုံနဲ့ ဆာရှိမိတွေလည်းရနိုင်ပါတယ်။ အချိုတည်းချင်ရင်လည်း gelato ရေခဲမုန့်တွေရှိတယ်နော့်။
Home Mart၊ အာရှတော်ဝင်မျက်နှာချင်းဆိုင်၊ ဗဟိုလမ်း၊ စမ်းချောင်း၊ ရန်ကုန်။
09 6899 72999
9am – 6pm