ပိတ်ရက်မှာ chill လို့ကောင်းမယ့်ဆိုင်သစ် ၅ဆိုင်ကိုဖော်ပြပေးလိုက်ပါတယ်။

Tora

Thai 47, Chinese 47 တို့လိုစားသောက်ဆိုင်တွေဖွင့်လှစ်ထားတဲ့ 47 Group ရဲ့ ၉ဆိုင်မြောက်ဖြစ်တဲ့ Tora ဟာဂျပန်က Izakaya အငွေ့အသက်တွေကိုရန်ကုန်မှာတင်ခံစားလို့ရအောင်ပြင်ဆင်ထားပါတယ်။ ဂျပန်စာ menu တွေတော်တော်စုံပြီး ဂျပန်စတိုင်ဘီယာတွေလည်းရပါတယ်။

No 50, Inya Myaing Road, Bahan, Yangon
09 26633 7747, 09 26633 7774
11am – 11pm

My Home Town

အနောက်တိုင်းအစားအသောက်တွေရပြီး ညနေခင်းဆိုရင်ခြံဝင်းလေးထဲလေတဖြူးဖြူးနဲ့ chill လို့ကောင်းမယ့်ဆိုင်လေးပါ။ မနက်ပိုင်းဆိုရင်တော့ breakfast menu သက်သက်ရှိပါတယ်။

No 22(A), Ko Min Ko Chin Quarter, Kabaraye Pagoda Road, Yangon
09 777 888487
4pm – 10pm

Green Valley Restaurant & Lounge

ဆိုင်မှာမနက်စာကောင်းကောင်းစားရတာကြိုက်တဲ့သူတွေအတွက် ဆိုင်သစ်တဆိုင်တိုးလာပါပြီ။ ရှမ်းခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲနဲ့ မုန့်ဟင်းခါးလိုမနက်စာတွေရတယ်။ နေ့လယ်စာဆိုရင်တော့တိုင်းရင်းသားအစားအစာတွေရပါတယ်။

No 291, Aye Chan Thayar Street, near Shwegondine Hotel, Bahan, Yangon
09 515 8797
7am – 4pm (closed Mondays)

Bittersweet Cafe

ဒါကတော့မနက်စာကို အနောက်တိုင်းဆန်ဆန်စားချင်တဲ့သူတွေအတွက်ပါ။ အရသာလည်းရှိ ဗိုက်လည်းပြည့်မယ့် smoothie bowl တွေအပြင် ကော်ဖီ၊ ကိတ်မုန့်နဲ့ရေခဲမုန့်တွေလည်းရပါတယ်။

No 26, Inya Road, Bahan, Yangon
10am – 6pm

Marion Rooftop Bar

ဒါကတော့ rooftop bar အသစ်ရှာနေသူတွေအတွက်ပါ။ ဖွင့်တာ ၁လကျော်လောက်ပဲရှိပါသေးတယ်။ ထိုင်းအစားအစာ၊ BBQ၊ ဘီယာနဲ့ကော့တေးတွေရပါတယ်။

No 28, Phoe Sein Road, Yangon
09765161011
9am – 12am
9am – 5pm (Monday)

LEAVE A REPLY

Please enter your comment!
Please enter your name here