Advertisement

မနက်စာဆိုအများကြီးစားလိုက်ရမှနေသာထိုင်သာရှိတဲ့သူတွေအတွက်ဈေးသက်သက်သာသာနဲ့အဝစားလို့ရမယ့် ဘူဖေး ၆ခုကိုဖော်ပြပေးလိုက်ပါတယ်။

Botahtaung Hotel

မြို့လယ်ကောင်မှာတော့အတန်ဆုံးမနက်စာဘူဖေးပါ။ ဗိုလ်တထောင်ဟိုတယ်ရဲ့ rooftop စားသောက်ဆိုင်မှာမနက်ခင်းရှုခင်းကိုကြည့်ရင်း ဟင်းပွဲ ၁၃မျိုးအဝစားရမယ်။ ကြိုတင်ဘိုကင်တင်ရင် တစ်ယောက် ၅၀၀၀ကျပ်ဖြစ်ပြီး တိုက်ရိုက်သွားစားရင်တော့ ၆၀၀၀ကျပ်ကျသင့်ပါတယ်။ အမြဲလိုလိုလူပြည့်နေတတ်တာမို့ တရက်ကြိုပြီးဘွတ်ကင်တင်ထားတာအကောင်းဆုံးပါပဲ။

အမှတ် ၁၅၃၊ ဗိုလ်တထောင်ဘုရားလမ်း၊ အလယ်ဘလောက်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
09 256800035~7, Viber: 256800038~9
7am – 9:20am (Daily)

Taing Yin Thar

တိုင်းရင်းသားရဲ့ဘူဖေးမနက်စာကပုံမှန် စနေ၊ တနင်္ဂနွေတွေမှာရတတ်ပေမယ့် ဒီအပတ်မှာတော့ တနင်္ဂနွေနေ့မှာ private event တခုရှိတာမို့တနင်္လာနေ့ကိုအစားထိုးပေးထားပါတယ်။ ကျပ် ၇၅၀၀တည်းနဲ့ မြန်မာမနက်စာအစုံအလင်သုံးဆောင်ခွင့်ရမယ်။ Menu ကအပတ်တိုင်းပြောင်းပေမယ့်နာမည်ကျော် အထမ်းမြှီးရှည်ကတော့အမြဲပါပါတယ်။ ပုံမှန်ဆို ၈၅၀၀ ကျပေမယ့် discount နဲ့မို့ ၇၅၀၀ သာပေးရတာပါ။

အမှတ် ၂(က)၊ ကန်ဘဲ့လမ်း၊ ရန်ကင်း၊ ရန်ကုန်။
09 4411 69995
7am – 11am

Areca Hotel Yangon

ကမ္ဘာအေးဘုရားဖူးရင်း rooftop မှာမနက်စာစားနိုင်မယ့်နေရာကောင်းလေးတခုပါ။ Areca Hotel မှာ walk-in မနက်စာဘူဖေးက တယောက်ကို ၁၀၀၀၀ ကျပ်သာကျသင့်ပါတယ်။ မနက်စာတည်ခင်းတဲ့အချိန်ကတော့ မနက်၇နာရီကနေ ၁၀နာရီအထိဖြစ်ပါတယ်။ ဟင်းပွဲက ၃မျိုးပါပြီး ထမင်ကြော်၊ကြာဇံကြော်၊ ခေါက်ဆွဲကြော်က တရက်တမျိုးအလှည့်ကျပြောင်းပါတယ်။

အမှတ် ၅၇၁၊ ကမ္ဘာအေးဘုရားလမ်းနှင့်ဂန္ဒမာလမ်းထောင့်၊ ရန်ကုန်။
09882115552, 09882115557, 09977935127
7am – 10am (Daily)

Shan Yoe Yar

ဒါကတော့ ၁၂၀၀၀ ကျပ်တည်းနဲ့ရှမ်းအစားအသောက်တွေအဝကြိတ်လို့ရမယ့်ဘူဖေးပါ။ ဟင်းပွဲအမျိုး ၂၀ကျော်ပါပြီး menu ကတော့ပြောင်းလဲတတ်ပါတယ်။ အရင်အပတ်ကတော့စော်ဘွားလေးကြက်ကြော်၊ သီပေါငါးပေါင်းတို့လိုခံတွင်းမြိန်ပြီးစားရခဲတဲ့ဟင်းလေးတွေပါတယ်။ ခေါက်ဆွဲကြိုက်တဲ့သူတွေအတွက်လည်း ရှမ်းခေါက်ဆွဲ၊ အမဲလုံးခေါက်ဆွဲနဲ့ ကျောက်မဲမြှီးရှည်တွေပါပါတယ်။ စနေ တနင်္ဂနွေနေ့တိုင်းရပါတယ်။

အမှတ် ၇၊ အောင်ဇေယျလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ရန်ကင်း၊ ရန်ကုန်။
09 255 166 604, 09 255 166 605
7am – 11am (Saturday, Sunday)

Esperado Lake View Hotel

ကန်တော်ကြီးနဲ့ရွှေတိဂုံဘုရားရှုခင်းကိုငေးရင်းမနက်စာစားလို့ရမယ့်နေရာလေးပါ။ ကျပ် ၁၂၀၀၀ ကျသင့်ပြီး မြန်မာနဲ့အရှေ့တိုင်းအစားအသောက်တွေ ၁၀မျိုးလောက်ပါတယ်လို့သိရပါတယ်။ နေ့စဉ်ရပေမယ့် တရက်ကြိုဘွတ်ကင်တင်ဖို့လိုပါတယ်။

အမှတ် ၂၃၊ ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်။
09 96 99 333 44~88~99
7am – 9:30am

Novotel Yangon Max

ကြယ် ၅ပွင့်ဟိုတယ်မို့ဈေးကြီးမှာပေါ့လို့မထင်လိုက်နဲ့ဦး။ တယောက်ကို ဒေါ်လာ ၂၀ (သို့) ကျပ် ၄၂၀၀၀ ဆိုပေမယ့် ပရိုမိုးရှင်းရှိတဲ့အတွက် ၂ယောက်သွားရင် ၁ယောက်စာပဲပေးရမှာမို့ တယောက်ကို ကျပ် ၂၁၀၀၀ သာကျတော့မှာပါ။ မြန်မာအစားအသောက်တွေအပြင် ကိတ်မုန့်တွေနဲ့ဟင်းသီးဟင်းရွက်မနက်စာတွေလည်းရပါတယ်။ မတ်လကုန်အထိ နေ့စဉ်ဒီပရိုမိုးရှင်းရှိပါတယ်။

အမှတ် ၄၅၉၊ ပြည်လမ်း၊ ကမာရွတ်၊ ရန်ကုန်။
09 4440 8888 3
6am – 10:30am (Daily until 31 March)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here