Advertisement

ဈေးတန်တန်နဲ့ ၂ယောက်စာစားလို့ရမယ့် high tea set တွေအပြင် အဝစားဘူဖေး ၂ခုလည်းပါတာမို့ တပုံချင်းဖတ်သွားနော်။

Wyndham Grand Hotel

Wyndham ရဲ့ high tea buffet ကအတန်ဆုံးတွေထဲမှာပါပါတယ်။ ကျပ် ၂၈၀၀၀ တည်းနဲ့ ၃နာရီတိတိ မုန့်မျိုးစုံအဝစားလို့ရမယ့်အပြင် pasta station လေးပါပါတယ်။ အပူအအေးကြိုက်တာကို free flow သောက်ပါ။ တနင်္ဂနွေနေ့တိုင်း နေ့လယ် ၂နာရီကနေ ၅နာရီအထိရှိပါတယ်။

No 11, Corner of Kan Yek Thar Street, Yangon
01 937 7188

Melia Yangon

English high tea ကိုရိုးနေတဲ့သူတွေအတွက် Melia ရဲ့ Olea စားသောက်ဆိုင်က high tea ကိုစပိန်အစားအသောက်တွေနဲ့ဆန်းသစ်ထားပါတယ်။ တယောက် ၁၂ ဒေါ်လာကျသင့်ပါတယ်။ အနည်းဆုံး ၂ ယောက်လာရပါမယ်။ ကော်ဖီနဲ့လက်ဘက်ရည်ကတော့ free flow ပါ။ နေ့စဉ် နေ့လယ် ၂နာရီခွဲကနေ ၄နာရီခွဲအထိရှိပါတယ်။

No 192, Kaba Aye Pagoda Road, Bahan Township, Yangon
01 934 5000

Novotel Yangon Max

Novotel ရဲ့ Gourmet Bar မှာ သောကြာနေ့၊ စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်း high tea သုံးဆောင်လို့ရမယ့်အပြင် ရေကူးခွင့်ပါရမှာနော်။ ၂ယောက်စာကို ၂၅ဒေါ်လာကျသင့်မှာဖြစ်ပြီး ဒီပရိုမိုးရှင်းကိုမတ်လကုန်အထိရနိုင်ပါတယ်။

No 459, Pyay Road, Kamayut Tsp, Yangon
09 4440 8888 4

Pan Pacific

Pan Pacific ရဲ့ Teak Bar က high tea buffet ကတော့ တဦးကိုမှ ၁၈ဒေါ်လာသာကျပါတယ်။ နေ့လယ် ၂နာရီကနေ ၅နာရီအထိမုန့်နဲ့ကော်ဖီ/လက်ဘက်ရည်အဝသုံးဆောင်ပါ။ စနေနေ့တိုင်းရှိပါတယ်။

Corner of Bogyoke Aung San Road and Shwedagon Pagoda Road, Yangon
01 925 3810

Chatrium Hotel Royal Lake

Chatrium ရဲ့ afternoon tea မှာတော့ ၂ယောက်စာ ကော်ဖီ (သို့) လက်ဘက်ရည်နဲ့ မုန့် one set ကို ၂၇ဒေါ်လာကျသင့်ပါတယ်။ ကော်ဖီအစား sparking wine ဆိုရင်တော့ ဒေါ်လာ ၆၀ကျသင့်မှာပါ။ နေ့စဉ် နေ့လယ် ၁နာရီကနေ ၅နာရီအထိရပါတယ်။

No 40, Natmauk Road, Tamwe Township, Yangon
019544500

PARKROYAL Yangon

PARKROYAL က tea set (၂၃ဒေါ်လာ) နဲ့ sparking wine set (၃၃ဒေါ်လာ) ဆိုပြီးရွေးချယ်စရာ ၂မျိုးပေးထားတယ်။ Tea set ထဲမှာဆိုရင်လက်ဘက်ရည်၊ ကော်ဖီ၊ milkshake နှစ်သက်ရာတခုထပ်ရွေးနိုင်ပြီး wine set ထဲမှာတော့ sparkling wine (သို့) sparkling cocktail ဆိုပြီးရွေးနိုင်ပါတယ်။ Set တိုင်းမှာ ၂ယောက်စာ sandwich နဲ့မုန့်တွေပါပြီး ကြိုက်နှစ်သက်ရာ drink တမျိုးကို ၁နာရီ free flow သုံးဆောင်ခွင့်ရှိပါတယ်။ နေ့စဉ်မနက် ၁၁နာရီကနေ ညနေ ၅နာရီအထိရပါတယ်။

No 33, Alan Pya Phaya Road, Dagon Township, Yangon,
09 443 833 890

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here