ဘတ်စ်ကတ်ဘောသင်တန်း
ဘတ်စ်ကတ်ဘောကိုအခြေခံကစသင်ချင်တဲ့သူတွေအတွက်တော့သတင်းကောင်းပါ။ National Head Coach ဒေါ်ခင်မာချိုကိုယ်တိုင်သင်ကြားပေးမယ့်ဘတ်စ်ကတ်ဘောသင်တန်းကို StarCity Sports Club မှာတက်ရောက်နိုင်ပါပြီ။ ရုံးပိတ်ရက်တွေမှာသင်ကြားပေးမှာဖြစ်ပြီး အချိန် ၁၀ချိန်ပါပါတယ်။ အသေးစိတ်ကို 09 777 377 555 ကိုဆက်သွယ်မေးမြန်းပါ။ မတ်လ ၁၀ရက်နေ့မတိုင်ခင်နောက်ဆုံးထားစာရင်းပေးရမှာဖြစ်ပါတယ်။
ဝိုင်ချစ်သူတွေအတွက် event
Warehouse Myanmar ရဲ့လစဉ်ပထမဆုံးသောကြာနေ့မှာကျင်းပနေကျဖြစ်တဲ့ wine tasting event လေးပါ။ ဒီအကြိမ်မှာတော့ Chef Orng ရဲ့ ကယားဝက်အူချောင်း၊ ပြင်သစ်ဝက်အူချောင်းတွေသုံးဆောင်ခွင့်ရမှာဖြစ်ပါတယ်။ အမျိုးအစားမတူညီတဲ့ဝိုင် ၄ခွက်အတွက် ကျပ် ၂၅၀၀၀ ကျသင့်မှာဖြစ်ပြီး အစားအသောက်ကိုတော့စားသလောက်ထပ်မံပေးချေရမှာဖြစ်ပါတယ်။ 09 443 529 579 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်နိုင်ပါတယ်။
(6pm – 9pm) 3 Mar | The Warehouse Myanmar
လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း
Melia Yangon ရဲ့ The Market Restaurant မှာအရသာရှိတဲ့ပင်လယ်စာတွေအပြင် ပြည်တွင်းပြည်ပကဟင်းလျာအစုံအလင်ကိုသုံးဆောင်နိုင်မယ့်ဘူဖေး ၃မျိုးရှိပါတယ်။ စားစရာတွေအပြင် ဝိုင်၊ ဘီယာ၊ အအေး၊ ကော်ဖီတွေကိုလည်း free flow သုံးဆောင်နိုင်မှာပါ။
Every Friday (5:30pm to 9:30pm)
• US$28++ per person
• Live Music Band
Every Saturday (5:30pm to 9:30pm)
• US$28++ per person
Every Sunday (11:30am to 2:30pm)
• US$28++ per person
• Special Kid Activities
09 940 407 700 or 01 934 5000 ကိုဆက်သွယ်ပြီး ဘွတ်ကင်တင်နိုင်ပါတယ်။
သွားသင့်တဲ့ပွဲ
ကန်တော်ကြီးဥယျာဉ်မှာ ၄ရက်တာကျင်းပမယ့် International Food and Lifestyle Festival မှာပြည်တွင်းပြည်ပကစားသောက်ကုန်၊ အဝတ်အထည်၊ အသုံးအဆောင်အမျိုးမျိုးကိုစိတ်ကြိုက်ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါဝင်ပါတယ်။
(9am – 9pm) 2 – 5 March | Kandawgyi Park
Counselling Corner ရဲ့ art workshop
အနုပညာကနေတဆင့်ကိုယ့်စိတ်ခံစားချက်တွေကိုဖော်ကျူးကြမယ်။ ပုံဆွဲတတ်စရာ လုံးဝမလိုဘဲ စိတ်ထဲရှိတဲ့အတိုင်း ဆွဲတတ်သလို ရုပ်ပုံလေးတွေ ဆွဲနိုင်ပါတယ်။ ဒီ Art Workshop မှာ ရင်းရင်းနှီးနှီး ပုံတွေဆွဲပြီး ရင်ထဲကိန်းအောင်းနေတဲ့ခံစားချက်အမျိုးမျိုးကိုဖော်ထုတ်ကြရအောင်ပါ။ ဝင်ကြေးကျပ် ၁၀၀၀၀ ကျသင့်ပြီး အောက်ပါ link ကနေစာရင်းပေးနိုင်ပါတယ်။
https://forms.gle/gPxZgwXZxdmhWYCt7
Counselling Corner Office (5/9 First Floor, Bogalay Zay Street, Botahtaung Township, Yangon)
(10am – 12pm) 4 March