Junction City က foodpanda event
foodpanda ရဲ့ Live Like a Panda လို့အမည်ပေးထားတဲ့ပွဲကိုအခုအပတ်ပိတ်ရက် Junction City မှာကျင်းပသွားဖို့ရှိပါတယ်။ AR game၊ discount voucher တွေအပြင် လျှော့ဈေးတွေအများကြီးနဲ့ရောင်းမယ့်အစားအသောက်တန်းလည်းရှိတာမို့ မုန့်တွေစားလိုက်၊ ဂိမ်းတွေကစားလိုက်နဲ့ပျော်စရာကြီးပေါ့။
Junction of Bogyoke Aung San Road and Shwe Dagon Pagoda Road, Yangon
8 am – 8 pm | 27 – 28 May
Chatrium ရဲ့စိန်တလုံးသရက် high tea
သရက်သီးဆိုစိန်တလုံးမှကြိုက်တဲ့သူတွေအတွက်တော့သတင်းကောင်းပါ။ Chatrium ရဲ့ high tea မှာအရင်ပါနေကျမုန့်တွေအပြင် သရက် Swiss roll နဲ့ mousse cake တွေထည့်သွင်းထားပြီး အရသာရှိတဲ့စိန်တလုံးသရက်သီးတလုံးကိုပါသုံးဆောင်ခွင့်ရမှာဖြစ်ပါတယ်။ Set တခုကို ၂၇ ဒေါ်လာကျသင့်ပြီး ၂ယောက်စာ ကော်ဖီ၊ လက်ဘက်ရည် (သို့) စိန်တလုံးသရက်နဲ့လုပ်တဲ့ smoothie ကြိုက်ရာရွေးချယ်နိုင်ပါတယ်။ Prosecco Wine package ဆိုရင်တော့ ဒေါ်လာ ၆၀ကျသင့်မှာပါ။
No 40, Natmauk Road, Tamwe Township, Yangon
1 pm – 5 pm (daily)
01 9544 500
Gallery 65 ရဲ့ Beauty of Myanmar ပန်းချီပြပွဲ
Gallery 65 နဲ့ Telismanic Era Fine Arts Gallery တို့လက်တွဲပြီး Beauty of Myanmar လို့အမည်ပေးထားတဲ့ပန်းချီပြပွဲကို ၃ရက်တိုင်ကျင်းပသွားမှာပါ။ ဦးသောင်းဟန်၊ ဦးမင်းနိုင်၊ ဦးသက်အောင် စတဲ့နာမည်ကြီးပန်းချီဆရာအများအပြားရဲ့လက်ရာတွေကိုတနေရာတည်းမှာကြည့်ရှုခံစားနိုင်မှာဖြစ်လို့ ပန်းချီဝါသနာရှင်တွေလက်မလွှတ်သင့်တဲ့ပွဲပါ။
No 65, Yaw Min Gyi Road, Yangon
10 am – 5 pm | 26 – 28 May
09 962 577750
ခွေးလေးတွေနဲ့အတူသွားလို့ရမယ့်ပွဲ
Chindwin Pet Resort ရဲ့ Dogs and dates လို့အမည်ပေးထားတဲ့ဒီပွဲလေးမှာ pom နဲ့ poodle လေးတွေကိုခေါ်သွားလို့ရပါတယ်။ တိလေးတွေလည်းကစားလို့ရ၊ ဖေဖေမေမေတို့လည်းမိတ်ဆွေသစ်တိုးမယ့်ပွဲပါ။ အဆာပြေရခိုင်မုန့်တီနဲ့အအေးတွေလည်းကျွေးဦးမှာနော်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
No 60, Chindwin Street, Windermere, Kamayut Township, Yangon
11 am – 6 pm | 28 May
09 785 343 777
Atlas ရဲ့ Burma Cartel DJ event
Atlas မှာ DJ music တွေနဲ့မိုးရာသီကိုကြိုဆိုလိုက်ရအောင်။ Rooftop မို့မိုးရွာမှာမစိုးရိမ်နဲ့နော်။ Ticket တခုဝယ်တိုင်း ဘီယာတခွက်အပြင် မိုးကာနဲ့ဖုန်းရေစိုခံအိတ်တွေပါထုတ်ပေးထားမှာပါ။ Ticket ကြိုတင်ဝယ်ရင် ကျပ် ၂၅၀၀၀ ကျသင့်ပြီး အပေါက်ဝမှာဝယ်ရင်တော့ ၃၀၀၀၀ ကျသင့်ပါတယ်။
No 84, Pann Hlaing Street, Yangon
6 pm onwards | 26 May
09 25 888 7070