လစာထုတ်ထားတာလည်းမကြာသေးဘူးဆိုတော့ ပိတ်ရက်မှာအေးဆေး chill လို့ရမယ့်နေရာအသစ်လေး ၅ခုကို share ပေးလိုက်ပါတယ်။
Levitate – Suniram Park



ဖွင့်တာ ၂ပတ်ကျော်ကျော်လောက်ပဲရှိသေးပေမယ့်ရန်ကုန်ရဲ့ nightlife မှာတရှိန်ထိုးနာမည်ကြီးလာတဲ့နေရာလေးပါ။ Levitate – Suniram Park ဟာလူငယ်ကြိုက် EDM vibe၊ အမိုက်စား audio technology၊ artist တွေနဲ့ cocktail အလန်းတွေကြောင့်အခုလိုခဏအတွင်းအောင်မြင်လာတာလို့ဆိုနိုင်ပါတယ်။ Menu ကတော့ bar snack တွေအပြင် cocktail နဲ့ juice တွေလည်းရတယ်။ Shisha လည်း flavour အစုံအလင်ရပါတယ်။
No 20, Thukhawaddy Street, Yangon
09 940 866 544
2 pm – 11 pm
rauu



rauu ကိုသတိထားမိနေတာတော့ကြာပါပြီ။ ဗီယက်နမ်အစားအသောက်တွေကို online delivery သီးသန့်ရောင်းတယ်။ နောက်ပိုင်း pop up လေးတွေတွေ့လာရတယ်။ အခုတော့ dine-in စားသောက်ဆိုင်ကိုစနေနေ့ကစပြီးဖွင့်တော့မယ်လို့သိရပါတယ်။ ဗီယက်နမ်အစားအသောက်တွေထဲမှာမပါမဖြစ် Pho နဲ့ ပုစွန်ကော်ပြန့်လိပ်တွေအပြင် အစားအသောက်တော်တော်စုံပါတယ်။ ဗီယက်နမ်စာကြိုက်တဲ့သူတွေ try ကြည့်သင့်တဲ့ဆိုင်လေးပါ။
No 116, 40th Street, Lower block, Kyautada Township, Yangon
09 780 9299 09
9 am – 5 pm
ဃ Cafe



နာမည်ဆန်းတဲ့ဒီကော်ဖီဆိုင်လေးကအပြင်အဆင်ကရိုးရှင်းပြီးကျယ်ကျယ်ဝန်းဝန်းနဲ့ comfy ဖြစ်တယ်။ ကော်ဖီအပူအအေးအပြင် hot chocolate တွေပါရပြီးကိတ်မုန့်တွေလည်းတော်တော်စုံပါတယ်။ Soft opening အဖြစ်ဖွင့်တာကလည်း ၂ပတ်လောက်ပဲရှိပါသေးတယ်။
No F2, Unit (4), Padonmar Street, 24 Thuwunna Ward, Thingangyun Township, Yangon
09 882 881 091
8:30 am – 6 pm
Shan Yoe Yar (Manawhari Branch)



ဒီဆိုင်လေးက Shan Yoe Yar ရဲ့ relocation ပါ။ ဝါးတန်းလမ်းဆိုင်ကိုပိတ်ပြီး မနော်ဟရီလမ်းထဲပြောင်းရေ့ွှ့ဖွင့်လှစ်ထားတာဖြစ်ပြီး ခြံဝင်းထဲက သစ်သား ၂ထပ်အိမ်ကြီးမှာဖွင့်ထားတာမို့ premium vibe အပြည့်ပါပဲ။ နေရာအသစ်ပေမယ့်လက်ရာကတော့အရင်လိုပဲကောင်းနေဆဲပါ။
No.54 Ma Naw Hari St, West Ward, Dagon Township, Yangon
09 250 5666 95
7 am – 10 pm
Cafe Dabang



ဒီဆိုင်လေးကဖွင့်တာတလလောက်တော့ရှိပြီ။ ဖွင့်ကာစကတော့ ကော်ဖီ၊ လက်ဘက်ရည်၊ juice နဲ့ dessert လောက်ပဲရပေမယ့် ခုနောက်ပိုင်း sandwich နဲ့ fries လို snack တွေတော်တော်စုံလာပါပြီ။ Decoration မှာအဖြူရောင်နဲ့အသားရောင်လေးတွေကိုအဓိကသုံးထားလို့မျက်စိအေးပြီး instrgrammable ဖြစ်ပါတယ်။
No 58, Hledan Street, Lanmadaw Township, Yangon
09 955 199 423
9 am – 6 pm