Advertisement

SheCreates Week

အသေးစားအလတ်စားလုပ်ငန်းတွေမှာအမျိုးသမီးတွေရဲ့ပါဝင်မှုကိုမြှင့်တင်ပေးတဲ့အနေနဲ့ SheCreates (သူမလက်ရာ) ရဲ့ weekend market ကိုဒီအပတ်ပိတ်ရက်မှာ Round House စားသောက်ဆိုင်ခြံဝန်းထဲမှာကျင်းပသွားမှာဖြစ်ပါတယ်။ ဆိုင်ခန်း ၅၀ကျော်ပါဝင်သွားမှာဖြစ်လို့ မြန်မာ့အမျိုးသမီးလုပ်ငန်းရှင်တွေရဲ့ဖန်တီးမှုတွေကိုတနေရာတည်းမှာပြည့်ပြည့်စုံစုံလေ့လာနိုင်မယ့်ပွဲလေးပါ။

Round House, Opposite Eye Special Hospital, Kandawgyi Park, Yangon
9 am – 6 pm | 3-4 June
09 972 248032

Star Cafe နဲ့ Cafe de SeOUL ရဲ့ကိုရီးယားအစားအသောက်ပွဲတော်

ကိုရီးယားအစားအစာတွေထဲလူကြိုက်များတဲ့ Ramyun ခေါက်ဆွဲ နေ့လယ်စာ menu နဲ့ ရိုးရာဆန်အရက်တွေကို ဇွန်လတလလုံး Star Cafe နဲ့ Cafe de SeOUL မှာ နေ့လယ် ၁၁နာရီကနေ ၃နာရီအတွင်းရရှိနိုင်ပါပြီ။ မိုးအေးအေးလေးနဲ့ခေါက်ဆွဲပူပူလေးနဲ့ကွက်တိပဲပေါ့နော်။

Star Cafe (Mercedes Benz Branch)
Mercedes-Benz Showroom, 44, Pyay Road, Yangon
10 am – 9 pm (closed Sunday)
099 5217 0351

Cafe del SeOUL
Golden City Condo, Yankin Road, Yangon
10:30 am – 9 pm (closed Monday)
099 7199 3711

Junction City က Generation Concept Store ရဲ့ဈေးရောင်းပွဲတော်

Junction City က Generation Concept Store ရဲ့ brand တွေဖြစ်တဲ့ Next Generation, Yoo Club နဲ့ Kids Generation တို့မှာအမျိုးသားဝတ်၊ အမျိုးသမီးဝတ်နဲ့ ကလေးဝတ်မျိုးစုံကို ၅၀ရာခိုင်နှုန်းအထိဈေးလျှော့ရောင်းချသွားမှာပါ။ ဇွန်လ ၁ရက်နေ့ကနေ stock ရှိတဲ့အချိန်ထိပဲမို့ မြန်မြန်သွားဝယ်ထားမှစိတ်ချရမယ်နော်။

Level 3, Junction City, Bo Gyoke Road, Yangon

StarCity Sports Club ရဲ့ Open House

StarCity Sports Club ရဲ့ facility တွေနဲ့ group exercise တွေကိုတရက်တာအခမဲ့သုံးခွင့်၊ ပါဝင်ခွင့်ရမယ့် open house event ပါ။ ခေတ်မီစက်ပစ္စည်းတွေကိုသုံးရင်းအားကစားလုပ်မယ်၊ Zumba, Yoga, နဲ့ Kickboxing တို့လို group exercise တွေမှာပါဝင်ရင်းချွေးထုတ်မယ်။ အောက်ပါ link မှာ register လုပ်ပြီး free membership အပြင်ဆုလက်ဆောင်များစွာကံထူးနိုင်မယ့် fortune wheel ကစားခွင့်ကိုရယူလိုက်ပါ။ https://bit.ly/SCSCOH23

StarCity Thanlyin, Yangon
7 am – 9 pm | 3 June
09 777 377 555

Laguna Spa ရဲ့ couple promotion

ပိတ်ရက်မှာကိုယ့်ချစ်သူလေးနဲ့အေးအေးဆေးဆေး self care လုပ်မလား။ ဇွန်-ဇူလိုင် ၂လလုံး Melia Yangon ရဲ့ Laguna Wellness Center မှာ couple တွေလာရင် ၄၀ရာခိုင်နှုန်းအထိလျှော့ဈေးပေးနေပါပြီ။

No 192, Kaba Aye Pagoda Road, Bahan Township, Yangon
01 934 5000 (ext: 8615)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here