Advertisement

ဒီအပတ်ပိတ်ရက်ကတော့စိတ်ဝင်စားစရာ event တွေတော်တော်များပါတယ်။

ချက်ထရီယမ်ရဲ့ International Yoga Day promotion

ချက်ထရီယမ်ရဲ့ ရေကူးကန်ဘေးကဥယျာဉ်ထဲမှာ ယောဂကျင့်ပြီး မနက်စာဘူဖေးသုံးဆောင်ဖို့တစ်ဦးလျှင် ၁၅ ‌ဒေါ်လာသာကျသင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၄ ဦးလာပြီး ၃ဦးစာသာပေးရမယ့် promotion လည်းရှိတာမို့ မိသားစုဝင်တွေမိတ်ဆွေတွေကိုပါခေါ်သွားလို့ရတာပေါ့။

No 40, Natmauk Road, Tamwe Township, Yangon
8:30 am – 9:30 am (Yoga), 9:30 am – 11 am (Buffet) | 11 June
01 954 4500

Pann Chan Cafe ရဲ့ Pride Month Celebration

Pride Month ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ French Institute ထဲမှာဖွင့်လှစ်ထားတဲ့ Pann Chan Cafe ကဖျော်ဖြေပွဲတခုကိုစီစဉ်ထားပါတယ်။ တေးဂီတ၊ drag performance နဲ့ DJ session တွေပါမယ့်ဒီပွဲကို ၆နာရီကြာကျင်းပသွားမှာပါ။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
https://www.facebook.com/events/232086756231630/?ref=newsfeed

French Institute, 340, Pyay Road, Sanchaung Township, Yangon
5 pm onwards | 10 June

Junction Square က Made in Myanmar Fair

MyanWen Marketplace ရဲ့ ၁၂ကြိမ်မြောက် Made in Myanmar Local Products Fair ကို Junction Square မှာ ၅ရက်တိုင်ကျင်းပသွားမယ်လို့သိရပါတယ်။ ပြည်တွင်းဖြစ်ထုတ်ကုန်အမှတ်တံဆိပ်ပေါင်း ၅၀ကျော်က အဝတ်အထည်၊ လူသုံးကုန်နဲ့ စားသောက်ကုန်တွေကိုပါဝင်ရောင်းချသွားမှာဖြစ်လို့ တနေရာတည်းမှာပြည်တွင်းကုန်စည်တွေဝယ်ယူနိုင်မယ့်အပြင် လုပ်ငန်းရှင်တွေနဲ့လည်းအဆက်အသွယ်ရနိုင်မယ့်ပွဲလည်းဖြစ်ပါတယ်။

Junction Square (Promotion Area), Kyun Taw Road, Yangon
9 am – 7 pm | 11-15 June

Babett ရဲ့ gin event

Gin ချစ်သူတွေလက်လွှတ်မခံသင့်တဲ့ပွဲပါ။ စနေနေ့ည ၇နာရီကနေ ၁၀နာရီအထိ Babett Yangon မှာ The Botanist Islay Dry Gin နဲ့ဖျော်စပ်ထားတဲ့ gin cocktail တွေကို buy 1, get 1 free ရနိုင်မှာဖြစ်ပါတယ်။ ပြင်သစ်အစားအသောက်တွေသုံးဆောင်ရင်း gin cocktail တွေစိတ်ကြိုက်သောက်နိုင်ဖို့ အခုကတည်းက booking တင်ထားမှစိတ်ချရမယ်နော်။

No 5, Alan Pya Pagoda Street, Yangon
7 pm – 10 pm | 10 June
01 824 3639

ဒီအပတ်ပိတ်ရက်ကတော့စိတ်ဝင်စားစရာ event တွေတော်တော်များပါတယ်။Goethe Institute ရဲ့ Charity Concert

မိုခါမုန်တိုင်းအလွန်ရခိုင်ပြည်နယ်မှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပြီး သင်ကိုယ်တိုင်လည်းတတ်နိုင်သလောက်ပါဝင်ကူညီနိုင်မယ့်ပွဲလေးပါ။ Charity Concert မှာဂန္ထဝင်နဲ့ခေတ်ပေါ်တေးဂီတဆိုတဲ့ အစီအစဉ် ၂မျိုးပါဝင်ပြီး တေးဂီတပညာရှင်များစွာပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ အလှူငွေများကိုလည်းတတ်အားသရွေ့ထည့်ဝင်နိုင်ပြီး လက်ခံရရှိတဲ့အလှူငွေအားလုံးကို နယ်စည်းမထားဆရာဝန်များအသင်း (MSF) ထံပေးအပ်လှူဒါန်းသွားမယ်လို့သိရပါတယ်။ အသေးစိတ်ကို Goethe Institute Facebook မှာလေ့လာနိုင်ပါတယ်။

Corner of Kabar Aye Pagoada Road and Nat Mauk Street, Bahan Township, Yangon
4 pm – 8 pm | 10 June

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here