ဗဟုသုတရမယ့်ခရီးစဉ်
Sampan Travel နှင့် Turquoise Mountain Myanmar တို့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးခရီးစဉ်များကို စီစဉ်ပေးခဲ့သည်။ ရန်ကုန်မြို့လယ်ရှိ ဗဟန်းမြို့နယ်ရဲ့ ဆိတ်ငြိမ်တဲ့လမ်းတွေကို စူးစမ်းလေ့လာပြီး မြန်မာ့လွတ်လပ်ရေးသူရဲကောင်းများ၏ ပုံပြင်များကို နားထောင်ကာ နိုင်ငံ၏ ကြွယ်ဝသော လက်မှုပညာအမွေအနှစ်များကို ကြည့်ရှုလိုက်ပါ။ ဝင်ကြေးမှာ တစ်ဦးလျှင် ၅၉၀၀၀ ကျပ်ဖြစ်သည်။ အသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။
10 am | 8-9 July
[email protected] (RSVP required)
Melia ရဲ့ ဒံပေါက်ပရိုမိုးရှင်း
Melia Yangon တွင် အိန္ဒိယစားဖိုမှူးမှ ချက်ပြုတ်ထားသော Indian Biryani ကို ခံစားလိုက်ပါ။ အရန်အနေနဲ့ ချဉ်ပေါင်ရည်၊ condiment များနှင့် ရေခဲမုန့်တို့ ပါဝင်ပါတယ်။ ထောပတ်ဆန် ရွေးချယ်မှုလည်း ရနိုင်ပါတယ်။ ဈေးနှုန်းများမှာ ကြက်သားအတွက် ၁၅ ဒေါ်လာ၊ ဆိတ်သား ၁၇ ဒေါ်လာနှင့် ပင်လယ်စာအတွက် ဒေါ်လာ ၂၀ ကျသင့်ပါတယ်။
No 192, Kaba Aye Pagoda Road, Bahan Township, Yangon
1 July – 28 October
ရန်ကုန်လူငယ် အနုပညာရှင်များ၏ ပြပွဲ
Decora Art Gallery သည် လူငယ် အနုပညာရှင် ခြောက်ဦး၏ ဆန်းသစ်သော ဖန်တီးမှုများကို ပြသမည့် “I” Exhibition ကို လက်ခံကျင်းပမယ်လို့သိရပါတယ်။ Merchandise များ၊ လက်မှုပစ္စည်းနှင့် စုဆောင်းပစ္စည်းများကို ရောင်းချရန် ပေါ့ပ်အပ်စတိုးတစ်ခုလည်း ရှိနေမှာပါ။ ငါးရက်တာကျင်းပမှာဖြစ်ပြီး ဝင်ကြေးအခမဲ့ပါ။
Building (525/527), Room No (10/11), 2nd Floor, Corner of 38 Street & Merchant Road
09758350200, 09779744089, 0943080793
10 am – 6 pm | 8-12 July
The Bleachers ရဲ့ပါတီ
The Bleachers မှာ ဇူလိုင်လ 8 ရက်နေ့ ညနေ 4 နာရီမှ 10 နာရီအထိ – မြို့တွင်းအမိုက်ဆုံး DJ များနှင့်အတူ လက်မှတ်တစ်စောင်လျှင် 30,000 ကျပ်ဖြင့် သင်သည် အဆုံးစွန်သော ပါတီအတွေ့အကြုံကို ရရှိမည်ဖြစ်သည်။ အသေးစိတ်ကို ဤနေရာတွင် ကြည့်ပါ။
Star City, Kyaik Khauk Pagoda Road, Thanlyin Township, Yangon
09 42000 7102, 09 753 033 436
ကလေးငယ်နဲ့အတူသွားသင့်တဲ့ပွဲ
ကဏ္ဍစုံ စကားဝိုင်းများကို ပြင်သစ်ယဉ်ကျေးမှုဌာန စာကြည့်တိုက်၌ စနေနေ့တိုင်း ပြုလုပ်လျက်ရှိပြီး (၄၇) ကြိမ်မြောက် စကားဝိုင်း အစီအစဉ်ကို “ကယ်ရီကယ်ချား ရေးဆွဲ၊ အရောင်သွင်းခြင်းကဏ္ဍ” ဖြင့် တင်ဆက်ရန် စီစဉ်ထားတယ်လို့သိရပါတယ်။ အသက် (၆) နှစ်မှ (၁၂) အရွယ် ကလေးများအားလုံးဝင်ကြေးအခမဲ့ဖြင့်ပါဝင်နိုင်ပါတယ်။
No 340, Pyay Road, Sanchaung Township, Yangon
10:30 am – 12:30 pm | 8 July