Advertisement

Introvert တွေရော extrovert တွေပါအကြိုက်တွေ့မယ့် activity တွေကိုစုဆောင်းပေးထားပါတယ်။

Myanmar Plaza ရဲ့ HEY Play app မိတ်ဆက်ပွဲ

မြန်မာရုပ်သံဇာတ်လမ်းတွေကိုကြည့်ရှုနိုင်မယ့် HEY Play application အကြောင်းသိပြီးပြီလား။ လာမယ့် တနင်္ဂနွေနေ့ကျရင် Myanmar Plaza ရဲ့ promotion area မှာ HEY Play မိတ်ဆက်ပွဲကို နိုင်ငံကျော်အနုပညာရှင်တွေနဲ့အတူကျင်းပသွားမှာပါ။

Myanmar Plaza, Kabaraye Pagoda Road, Yangon
2 pm – 5:30 pm | 13 August

Melia ရဲ့လမုန့်ပရိုမိုးရှင်း

ဒီနှစ်လမုန့်ပွဲတော်မှာလည်း Melia Yangon ကအရသာအမျိုးမျိုးနဲ့လမုန့်တွေကိုသြဂုတ် ၁၅ရက်နေ့ကနေ စက်တင်ဘာ ၃၀ရက်နေ့အထိရောင်းချပေးသွားတော့မှာပါ။ သတ်မှတ်ရက်အတွင်းလမုန့်မှာယူသူတွေအတွက်လည်း promotion တွေအများကြီးပေးသွားဦးမှာနော်။

  • Early bird offer – 15% off (15 – 31 August 2023)
  • ၁၀ဘူးဝယ်၊ ၁ဘူးလက်ဆောင် (1 – 15 September 2023)
  • အများကြီးဝယ်ယူသူတွေအတွက် ဝယ်လေတန်လေအထူးလျှော့ဈေး (Buy more, Save more benefit)

No 192, Kabar Aye Pagoda Road, Bahan Township, Yangon

Board game ဆိုင်သစ်

မိုဘိုင်းဂိမ်းတွေဘယ်လောက်ပဲများများ board game ကစားရတာကိုအခုထိနှစ်သက်နေဆဲအမာခံပရိသတ်တွေအတွက် board game တွေအများကြီးကစားလို့ရမယ့်နေရာလေးတခုတွေ့ထားပါတယ်။ Space 17 Board Game Hub မှာ soft opening promo အနေနဲ့ သြဂုတ် ၁၇ရက်နေ့အထိ တရက်ကို တနာရီအခမဲ့ကစားလို့ရပါပြီ။

No 02-09, Sule Square, Yangon
09 955 171 711
12 pm – 9 pm

တိုက်ကြီးနဲ့ပဲခူးရိုးမ နေ့ချင်းပြန်ခရီးတို

ပိတ်ရက်မှာသဘာဝရဲ့အလှအပတွေကိုခံစားရင်းခရီးတိုထွက်ချင်တဲ့သူတွေအတွက် Back to Nature Myanmar ရဲ့နေ့ချင်းပြန်ခရီးတို ၂ခုရှိပါတယ်။ ပဲခူးရိုးမခရီးစဉ်က တဦးကို ကျပ် ၉၅၀၀၀ ဖြစ်ပြီး တိုက်ကြီးခရီးစဉ်က ကျပ် ၄၅၀၀၀ ကျသင့်ပါမယ်။ အောက်ပါဖုန်းနံပါတ်တွေမှာအသေးစိတ်မေးမြန်းနိုင်ပါတယ်။

ပဲခူးရိုးမ
5 am onwards | 12 August
09 7800 49400, 09 79 8000 989
[email protected]

တိုက်ကြီး
8 am onwards | 13 August
09 7800 49400, 09 79 8000 989
[email protected]

ဘောလုံးဝါသနာအိုးတွေအတွက် Premier League အကြိုပျော်ပွဲရွှင်ပွဲ

SkyNet ရဲ့ Premier League 2023-24 အကြိုပျော်ပွဲရွှင်ပွဲကို သောကြာနေ့ကျရင် ရွှေထွဋ်တင်ကွင်းမှာကျင်းပသွားမယ်လို့သိရပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေကို game show တွေလည်းပါဝင်သွားမှာပါ။

Shwe Htut Tin Ground, East Horse Race Course Road, Tamwe Township, Yangon
3 pm – 10 pm | 11 August
09261115103~7, 09771005558

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here