ဂိမ်းဆိုင်အသစ်၊ charity BBQ event နဲ့တခြား activity တွေအများရှိနေမယ့် weekend ပါ။
ဂိမ်းဆိုင်အသစ်
Video game ဝါသနာရှင်တွေအတွက်တော့သတင်းကောင်းပဲ။ GameJoe ဟာ Times City မှာ ဒီလ ၁၆ရက်နေ့ကမှဖွင့်လှစ်လိုက်တဲ့ဂိမ်းဆိုင်အသစ်ဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ သူတို့ page ကို follow လုပ်ထားပါ။
No A454, 4th Floor, Jewellery Mall, Times City, Yangon (Near Food Court)
09 9400 25525
မုန့်စားရင်းအလှူလုပ်မယ်
Heal Myanmar (Japan) နဲ့ HAVANA Social Club တို့ပူးတွဲကျင်းပမယ့်ဒီ charity event မှာ Two Shoes ရဲ့ BBQ စားရင်း drinks တွေသောက်ရင်း အလှူလုပ်နိုင်မှာဖြစ်ပါတယ်။ Ticket တစောင်ကို ကျပ် ၁၅၀၀၀ ကျသင့်ပြီး ဘီယာ (သို့) house cocktail တခွက်လက်ဆောင်ရမယ့်အပြင် ရန်ကုန်ကစားသောက်ဆိုင်တချို့ရဲ့ လက်ဆောင်တွေရနိုင်မယ့် lucky draw ကိုလည်းကံစမ်းခွင့်ရဦးမှာပါ။ Ticket တစောင်စီက ကျပ် ၅၀၀၀ နဲ့ event အတွင်းရောင်းရငွေ ၁၀ရာခိုင်နှုန်းကိုလည်း Heal Myanmar ကိုလှူဒါန်းသွားမယ်လို့သိရပါတယ်။
No 44A, Sayarsan Road, Bahan, Yangon
3 pm – 8 pm | 20 August
Junction City က မိသားစုပွဲတော်
Family Carnival (မိသားစုပွဲတော်) ကို Junction City Promotion Area မှာ မနက် ၉နာရီမှ ညနေ ၆နာရီအထိ ၂ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ သားသားမီးမီးလေးများရဲ့ ချစ်စရာအကပြိုင်ပွဲ၊ ဖေဖေမေမေတို့အတွက် Cooking show အစီအစဉ်၊ မိသားစုများအတွက် ပညာရေး၊ ကျန်းမာရေး ဗဟုသုတတွေ ဆွေးနွေးပေးမယ့် Panel Discussion အစရှိတဲ့ အစီအစဉ်များစွာပါဝင်မှာပါ။
Junction City Promotion Area, Near Bogyoke Market, Yangon
9 am – 6 pm | 18-19 August
မကြာခင်လက်ထပ်တော့မယ့်ချစ်သူတွေအတွက် Wedding Show
Myanmar Plaza Promotion Area မှာထူးခြားတဲ့ အစီအစဉ်တွေနဲ့ကျင်းပမယ့် ဒီ “Let’s Journey to Forever Together” Wedding Show ကြီးမှာ –
အလှဖန်တီးရှင် ကိုသာဂိ (Aroma) ရဲ့ Wedding မိတ်ကပ်လက်ရာများ
လက်ထပ်မင်္ဂလာပွဲအတွက် အထူးဈေးနှုန်းများနဲ့ရောင်းချပေးသွားမယ့် သိင်္ဂီဝင်း စိန်ရွှေရတနာဆိုင်ရဲ့လတ်ဝတ်ရတနာများ
Aroma Zulu Wedding Studio ရဲ့ အထူး Promotion အစီအစဉ်များ
Miss Grand Myanmar မှ City Winners အလှမယ်များရဲ့ Wedding Show လျောက်လှမ်းမှုများ
Melia Yangon Hotel မှ Wedding Package များပါဝင်သွားမယ်လို့သိရပါတယ်။
Myanmar Plaza Promotion Area, Kabaraye Pagoda Road, Yangon
2 pm – 5 pm | 19-20 August
EDM Party
လာမယ့် ၁၈ ရက်နေ့ကျရင် MARZ မှာ Gawli Festival ရဲ့ ROAD TO GAWLI SHOW ဆိုတဲ့ပွဲလေးကျင်းပသွားဖို့ရှိပါတယ်။ Artist ၆ယောက်ပါဝင်တဲ့ဒီပွဲရဲ့ ticket ကတဦးကို ၂၅၀၀၀ ကျသင့်ပြီး ဘီယာနဲ့ ရေခဲမုန့်တခွက်စီလက်ဆောင်ပေးသွားမယ်လို့သိရပါတယ်။
U Htun Nyein Street, Mayangone Township, Yangon
09 445000720, 09 445000730
10 pm – 4 am | 18 August