ဦးမာလာအမှတ်တရပန်းချီပြပွဲ
ပန်းချီဆရာကြီး ဦးမာလာ ဖန်တီးရေးဆွဲခဲ့တဲ့ မြန်မာ့အငွေ့အသက်တွေထုံလွှမ်းနေတဲ့ အနုပညာလက်ရာတွေကို ဒီအပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်တိုင်တိုင် Chatrium Hotel Royal Lake Yangon မှာ ခင်းကျင်း ပြသသွားမှာပါ။ ဆရာကြီးကွယ်လွန်ခြင်း ၂နှစ်ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ဒီပွဲမှာ ပန်းချီကားပေါင်း ၁၂၀လောက်ပြသသွားမှာဖြစ်လို့ ဆရာကြီးရဲ့ပရိသတ်တွေအတွက်ကတော့လက်လွတ်မခံသင့်တဲ့ပွဲပါ။ ဒုတိယနေ့နေ့လယ်ပိုင်းမှာ လေလံနဲ့အတူ ဆရာကြီးကိုယ်ပိုင်ပန်းချီကားတွေကိုရောင်းချပေးသွားမယ်လို့လည်းသိရပါတယ်။ လေလံအသေးစိတ်ကို Chatrium ရဲ့ Page သို့မဟုတ် ဖုန်းနံပါတ်ကတဆင့်မေးမြန်းနိုင်ပါတယ်။
No 40, Natmauk Road, Tamwe Township, Yangon
10 am – 7 pm | 26-27 August
01 954 4500
Maw Yon ကရေဆေးပန်းချီသရုပ်ပြပွဲ
ရေဆေးပန်းချီနဲ့ပတ်သက်ပြီးလေ့လာချင်တယ်ဆိုရင် ဒီအပတ်စနေနေ့ Maw Yon မှာဆရာခင်ဇော်လတ်ရဲ့ watercolour painting demonstration လေးရှိပါတယ်။ ကျပ် ၁၀၀၀၀ နဲ့ ကြိုတင်စာရင်းပေးရမှာဖြစ်ပြီး အစားအသောက်ပါပြီးဖြစ်ပါတယ်။
No 22, 39th Street, Strand Block, Kyauktada Township, Yangon
10 am – 12 pm | 26 August
09 511 1450
Authentique ရဲ့ pastel group exhibit
Pastel colour အရောင်လွင်လွင်လေးတွေကိုနှစ်သက်တဲ့ပန်းချီဝါသနာရှင်တွေအတွက် Authentique Art Gallery မှာ ပန်းချီဆရာ ၆ဦးရဲ့ pastel only group exhibition ကို (၉) ရက်တိတိ ပြသသွားမယ်လို့သိရပါတယ်။ မတူညီတဲ့ရှုထောင့်နဲ့အတွေးအခေါ်တွေကို တူညီတဲ့ medium တခုတည်းကနေခံစားနိုင်မှာပါ။ ဝင်ကြေးအခမဲ့ဖြစ်ပါတယ်။
Times City Complex, Building 401 (2nd floor), between Hantharwaddy and Kyuntaw Road, Kamayut Township, Yangon
10 am – 5 pm | 26 Aug – 3 Sep
Kokkoya Organics ရဲ့ Social Sunday
အိမ်မှာနေရတာပျင်းလို့ပဲဖြစ်ဖြစ်၊ လေကောင်းလေသန့်ရတဲ့ခြံဝင်းလေးထဲမှာလမ်းလျှောက်ချင်လို့ပဲဖြစ်ဖြစ် Kokkoya Organics ရဲ့ Social Sunday ရှိတယ်နော်။ ကိုယ်မဝတ်တော့တဲ့အဝတ်တွေကို တခြားသူတယောက်နဲ့လဲမလား၊ အပင်လေးတွေလဲမလား၊ Makers Market အသေးစားလေးမှာဈေးဝယ်မလား၊ activity တွေမျိုးစုံရှိပါတယ်။
Bawga (2) Lane, Thingangyun Township, Yangon
10 am – 5 pm | 27 August
Levitate – Suniram Park ရဲ့ LOST IN LEVITATE EP(2)
စဖွင့်ကတည်းကအခုထိနာမည်ကြီး artist မျိုးစုံနဲ့ event တွေကိုမရိုးရအောင်လုပ်ပေးနေတဲ့ Levitate က အခုလည်း Lost In Trance “LIT” နဲ့ပေါင်းပြီး “LOST IN LEVITATE EP(2)” ကိုချပြလိုက်ပြန်ပါပြီ။ Artist ၆ဦးနဲ့ ညနေ ၅နာရီကနေညဉ့်နက်တဲ့အထိ trance တီးလုံးတွေကြားမှာစီးမျောကြမယ်။ ဝင်ကြေး ကျပ် ၂၀၀၀၀ ပါ။
No 20, Thukhawaddy Street, Yangon
5 pm onwards | 27 August
09 898 989883