Advertisement

TOMMYMELLO: FIRST SOLO EXHIBITION

Graphic Design Artist တစ်ဦးဖြစ်တဲ့ TOMMYMELLO ရဲ့ ပထမဆုံး တစ်ကိုယ်တော်ဒီဂျစ်တယ် အနုပညာပြပွဲကို ဩဂုတ်လ ၅ ရက်နေ့ နဲ့ ၆ ရက်နေ့ကျရင် Authentique Art Gallery မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ TOMMY ရဲ့ ၃ နှစ်ကျော်ကာလအတွင်း ဖန်တီးခဲ့သမျှ Digital Art မျိုးစုံ၊ artwork series တွေအပြင် collaboration မျိုးစုံကိုပါ ခံစားကြည့်ရှုရမှာပါ။

Times City Complex, Building 401, Between Hantharwaddy and Kyuntaw road, Kamayut Township, Yangon
10 am – 5 pm | 5-6 August
09 7555 18566

Kokkoya ရဲ့ weekend activities

ဩဂုတ်လ တစ်လလုံး စနေ တနင်္ဂနွေဆိုရင် Kokkoya Organics ခြံလေးမှာ weekend activities station ရှိမှာ ဖြစ်ပြီး အဲ့ဒီနေရာလေးမှာပဲ ဆေးခြယ်ခြင်း၊ ပုံဆွဲခြင်းနှင့် အပင်စိုက်ခြင်းတွေကို ကလေးရော လူကြီးရောဆောင်ရွက်နိုင်မှာပါ။ လူဦးရေများမယ်ဆိုရင်တော့ဘွတ်ကင်လုပ်ဖို့လိုပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09452069896 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

  • Pot Painting & Planting Ks17,000 – 20,000 per person
  • Paper Mache Painting Ks10,000-20,000 per person
  • Pizza Making Ks27,000 mmk per person

Bawga (2) Lane, Thingangyun, Yangon
09 763 362650

ဝိုင်ချစ်သူတွေအတွက် Warehouse Myanmar ရဲ့ wine tasting event

လတိုင်းရဲ့ပထမသောကြာနေ့မှာစီစဉ်နေကျဖြစ်တဲ့ Warehouse Myanmar ရဲ့ wine tasting event ပြန်လာပါပြီ။ ဒီတကြိမ်မှာတော့ ပြင်သစ်နဲ့ချီလီကလာတဲ့ ဝိုင် ၄ မျိုးကိုသုံးဆောင်ခွင့်ရမှာပါ။ Red, White, Sparkling အစုံပါမှာဖြစ်ပြီး ဝိုင် ၄ခွက်အတွက် ကျပ် ၃၀၀၀၀ ကျသင့်ပါတယ်။ Prime Grill ရဲ့မြေထဲပင်လယ်အစားအသောက်တွေကိုလည်းဝယ်ယူသုံးဆောင်နိုင်မှာပါ။

No 150, Dhammazedi Road, Bahan Township, Yangon
6 pm – 9 pm | 4 August
09 955 657 805

IT & Electronic Expo 2023

IT & Electronic Expo 2023 မှာဆိုင်ခန်းပေါင်း ၁၀၀ ကျော်ပါဝင်လို့ မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းကစပြီး ရုံးသုံးကွန်ပျူတာတွေအထိ လျှပ်စစ်ပစ္စည်းအစုံအလင်ကိုတနေရာတည်းမှာဝယ်ယူရရှိနိုင်မှာပါ။

Yangon Convention Centre, Inside Inya Lake Hotel, Yangon
9 am – 6:30 pm | 5 August
09 750 1399 09

လူငယ်ဈေးကွက် Pop-up Market

မိုးရာသီ လူငယ်ဈေးကွက်ကို ဒီတစ်ခေါက်မှာတော့ Kantharyar Shopping Centre မှာ ကျင်းပမယ်လို့သိရပါတယ်။ လူငယ်တွေရဲ့ ထုတ်ကုန်တွေ၊ ပြည်တွင်းဖြစ်ထုတ်ကုန်တွေအတွက် ဆိုင်ခန်းခဈေးသက်သာစွာနဲ့ တစ်နေရာထဲမှာ ရောင်းချနိုင်ဖို့၊ အချင်းချင်း Network တွေကျယ်ပြန့်စေဖို့ ရည်ရွယ်ပြီးကျင်းပတဲ့ပွဲလေးပါ။

No 11, Corner Of Kan Yeik Thar Road & U Aung Myat Road, Yangon
10 am – 7 pm | 7-13 August
09263724766, 09772493362

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here