Advertisement

ပျော်ပွဲရွှင်ပွဲတွေစိတ်ဝင်စားစရာ activity တွေနဲ့ပြည့်နေတဲ့ weekend ပါ။

StarCity Sports Club ကဘောလုံးပြိုင်ပွဲ

StarCity Sports Club (SCSC) မှာ ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်တဲ့ Ultimate Football League မကြာမီစတင်တော့မယ်လို့သိရပါတယ်။ စက်တင်ဘာလ (၂၃) ရက်ကနေစပြီး စနေနေ့တွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဘောလုံးကန်ရတာ စိတ်အားထက်သန်သူတိုင်းသွားရောက်ကြည့်ရှုသင့်ပါတယ်။

StarCity, Thanlyin Township, Yangon
8 am – 11 am | 23 Sep – 28 Oct

Wyndham Grand Yangon ရဲ့တရုတ်အစားအစာဘူဖေး

Wyndham Grand Yangon ရဲ့တရုတ်အစားအစာဘူဖေးမှာ ပြည်နယ်အလိုက်ထင်ရှားတဲ့အစားအသောက်တွေကိုတဝကြီးသုံးဆောင်နိုင်မှာပါ။ တဦးကို ၃၆ဒေါ်လာကျသင့်မှာဖြစ်ပြီး soft drink နဲ့ mocktail က free flow ပါ။

No 11, Corner of Kan Yeik Thar Road & U Aung Myat Road, Mingalar Taung Nyunt Township, Yangon
5:30 pm – 9 pm | 22 September

MyanWen ရဲ့ ဈေးရောင်းပွဲတော်

Myanmar Women Entrepreneurs Network ကကြီးမှူးကျင်းပတဲ့ Consumer Product Fair ဟာ ပြည်တွင်းထုတ်ကုန်တွေကိုတနေရာတည်းမှာစုံစုံလင်လင်ရနိုင်မယ့်ဈေးရောင်းပွဲတော်ပါ။ Junction Square မှာ ၃ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။

Junction Square Promotion Area, Pyay Road, Yangon
9 am – 7 pm | 22-24 September

Kokkoya က art therapy workshop

အားလပ်ရက်မှာ တဒင်္ဂစိတ်ထွက်ပေါက်အဖြစ် art therapy လုပ်နိုင်မယ့် workshop ပါ။ ဒီ workshop မှာဆိုရင် YIKA ရဲ့ ချည်သား ဦးထုပ်လေးတွေပေါ်မှာ သင့်ရဲ့ စိတ်ကူးအတိုင်းခြယ်သပုံဖော်နိုင်မှာဖြစ်ပါတယ်။ YIKA ရဲ့ illustrator ကလည်း ကူညီညွှန်ပြပေးနေမှာမို့ ပုံဆွဲ အခြေခံမရှိတဲ့ ဝါသနာရှင်တွေလည်းပါဝင်နိုင်မှာပါ။ Kokkoya page ကတဆင့် register လုပ်နိုင်ပါတယ်။
https://www.facebook.com/kokkoyaorganics

Bawga (2) Lane, Thingangyun Township, Yangon
10 am – 12 pm | 23 September
Ks40,000 per person

Myanmar Plaza ရဲ့လမုန့်ပွဲတော်

ခြင်္သေ့အက၊ ကလေးများအတွက် မီးပုံး၊ ယုန်ရုပ်၊ ဂျုံအရုပ်လုပ်နည်းသင်ကြားမှုများ၊ မျက်နှာဆေးခြယ်ခြင်း၊ လမုန့်အစားပြိုင်ပွဲစတဲ့ပျော်စရာအစီအစဉ်တွေအများကြီးပါတဲ့လမုန့်ပွဲတော်ကို Myanmar Plaza မှာ ၈ရက်တိတိကျင်းပသွားမှာဖြစ်ပါတယ်။

Myanmar Plaza, Kabaraye Pagoda Road, Yangon
9 am – 8 pm | 22-29 September

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here