Advertisement

မြန်မာနိုင်ငံမှာ ၁၀စုနှစ်တခုနီးပါးနေထိုင်လာတဲ့နိုင်ငံခြားသားအနုပညာရှင်တဦးရဲ့အနုပညာပြပွဲ၊ artist ၄၀ကျော်ပါဝင်ဖျော်ဖြေသွားမယ့် Overflow Festival အပါအဝင်ပျော်စရာ event တွေကိုဖော်ပြပေးထားပါတယ်။

Overflow Festival

J-Me, Bobby Soxer နဲ့ ရဲရင့်အောင်တို့လိုနာမည်ကြီးအဆိုတော်တွေအပါအဝင် artist ၄၀ကျော်က ၂ရက်တိတိဖျော်ဖြေသွားမယ့် Overflow Festival ကတော့လတ်တလောလူငယ်တွေကြားရေပန်းအစားဆုံးဖျော်ဖြေပွဲဖြစ်နေပါတယ်။ Concert အပြင် dance battle, thrift shop နဲ့ ဘတ်စ်ကတ်ဘောပြိုင်ပွဲပါပါဦးမှာပါ။ လက်မှတ်တစောင် ကျပ် ၂၀၀၀၀ ကနေစတင်ပြီး အောက်ပါ link ကနေမှာနိုင်ပါတယ်။ https://www.facebook.com/overflowfestivalmm

Thuwannabumi Event Park, Yangon
2:30 pm onwards | 4-5 November

Brunch Society ရဲ့ High tea

The Brunch Society ကသူ့ရဲ့ high tea set ၂မျိုးကိုမိတ်ဆက်လိုက်ပါပြီ။ Western high tea မှာတော့ ဘာဂါ၊ ပတ်ဖ်၊ ပူတင်း စတဲ့အနောက်တိုင်းအစားအစာတွေပါဝင်ပြီး ကျပ် ၄၂၀၀၀ ကျသင့်ပါတယ်။ Asian high tea မှာတော့ လက်ဖက်နဲ့ကင်ထားတဲ့ကြက်သားကင်၊ ကောက်ညှင်းပေါင်း၊ ဆတ်သားခြောက်ဖုတ်ဆီဆမ်းအစရှိတဲ့မြန်မာအစားအသောက်တွေကိုသုံးဆောင်နိုင်မှာဖြစ်ပြီး ကျပ် ၂၂၀၀၀ ကျသင့်မှာပါ။ Set တခုကို ၂ယောက်စားသုံးနိုင်ပြီး မိနစ် ၃၀ကြိုမှာရင်တော့ စောင့်စရာမလိုဘဲဆိုင်ရောက်တာနဲ့သုံးဆောင်နိုင်မယ်လို့ဆိုပါတယ်။

No 33B, Pyithaungzu Yeikthar Street, Dagon Township, Yangon
Everyday 1 pm – 4 pm

Interactions အနုပညာပြပွဲ

Interactions ပြပွဲမှာ ဆယ်စုနှစ်တစ်ခုနီးပါးရန်ကုန်မှာနေထိုင်လာတဲ့ နိုင်ငံခြားသားအနုပညာရှင်တစ်ဦးရဲ့ မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီးဖန်တီးထားတဲ့အနုပညာလက်ရာတွေကိုကြည့်ရှုခံစားရမယ့်ပွဲပါ။ ဩစတေးလျလူမျိုးအနုပညာရှင် Mark Prykaza ရဲ့မြန်မာလူနေမှုစနစ်ကိုထင်ဟပ်နေတဲ့ပန်းချီကားတွေ၊ စွန့်ပစ်ပစ္စည်းတွေကိုပြန်လည်သန့်စင်ပြီးထုဆစ်ထားတဲ့ပန်းပုတွေအပါအဝင်လက်ရာများစွာကိုတွေ့ရမှာဖြစ်ပါတယ်။

No 91-93, 1st floor (Left), Seikanthar Street (Lower Block), Yangon
10 am – 5 pm | 3-13 November

တတိယအကြိမ်မြောက် Groove Culture event

Groove Culture ဟာသူ့ရဲ့တတိယအကြိမ်မြောက် event ကို Chatrium Hotel Royal Lake မှာကျင်းပသွားမှာဖြစ်ပါတယ်။ Asian techno goddes လို့ခေါ်ကြတဲ့ rEmPiT g0DDe$$ နဲ့အတူ BBTT, Felix, Lin, Phill, LnHD, Vos တို့လို ပြည်တွင်းကအနုပညာရှင်တွေလည်းပါဝင်သွားမှာပါ။ လက်မှတ်ကတော့အွန်လိုင်းကမှာရင် ကျပ် ၄၀၀၀၀ ကျသင့်ပြီး ပွဲရောက်မှဝယ်ရင်တော့ ၅၀၀၀၀ ကျသင့်ပါတယ်။ အောက်ပါ link ကနေမှာနိုင်ပါတယ်။
https://www.facebook.com/events/198909376488297/?ref=newsfeed

No 40, Natmauk Road, Tamwe Township, Yangon
3 pm onwards | 4 November

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here