Board game+EDM+Buffet+Sunset Bazaar!
Central Boulevard ရဲ့ Sunset Bazaar
ပွင့်လင်းရာသီမှာကျင်းပနေကျဖြစ်တဲ့ Sunset Bazaar ပြန်လည်ရောက်ရှိလာပါပြီ။ ထုံးစံအတိုင်းပြည်တွင်းဖြစ်အသေးစားအလတ်စားလုပ်ငန်းရှင်တွေရဲ့ကုန်ပစ္စည်းတွေအပြင် ဖျော်ဖြေရေးအစီအစဉ်တွေပါဝင်မှာပါ။ ဒါ့အပြင် sponsor ဖြစ်တဲ့ Ooredoo Myanmar ကလည်းအထူးအစီအစဉ်တွေတင်ဆက်မယ်လို့သိရပါတယ်။
The Central Boulevard, Yangon
2 pm – 9 pm | 11-12 Nov
Rave of the Pharaohs music festival
EDM ပရိသတ်တွေအတွက် artist တဒါဇင်လောက်နဲ့ ၈နာရီကျော်အပီအပြင်ကဲလို့ကောင်းမယ့်ပွဲပါ။ GA Ticket ကတယောက်ကို ကျပ် ၄သောင်းခွဲကစပါတယ်။
Thuwanabumi Event Park, Yangon
3:30 pm onwards | 11 November
09 95 8888 091~2
Wyndham က ပင်လယ်စာနဲ့အကင်ဘူဖေး
သောကြာနဲ့စနေညတိုင်း Wyndham မှာပင်လယ်စာနဲ့အကင်ဘူဖေးရှိပါတယ်။ ဈေးနှုန်းကတော့ တယောက်ကို ၃၆ဒေါ်လာပါ။
No 11, Corner of Kan Yeik Thar Road and U Aung Myat Road, Yangon
5:30 pm – 9 pm | Every Friday and Saturday
House Rules ရဲ့ Board game ပြိုင်ပွဲ
ပိတ်ရက်တွေလျှောက်လည်ရတာမကြိုက်ဘဲ အရိပ်ထဲမှာပဲ board game ဆော့ချင်သူတွေအတွက် House Rules ရဲ့ board game ပြိုင်ပွဲရှိပါတယ်။ Splendor ဆိုတဲ့ card-based board game ကိုယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမဆုအနေနဲ့ unlimited entry ဒါမှမဟုတ် ကျပ် ၃သောင်းတန် ဂိမ်း discount coupon ရမှာပါ။ Registration fee ၅ထောင်နဲ့ အောက်ပါ link မှာ register လုပ်နိုင်ပါတယ်။ Deadline ကတော့နိုဝင်ဘာ ၁၀ရက်နေပ ည ၈နာရီဖြစ်ပါတယ်။
https://forms.gle/DK2CZ9wTzTQNhNrP6
No 81-B/3, Su Paung Lane, Inya Myaing Road, Bahan Township, Yangon
4 pm | 11 November