Advertisement

ဒီအပတ်မှာတော့တီထွင်ဖန်တီးမှုဆိုင်ရာ workshop တွေအပြင် အီတလီအစားအသောက်ပေါင်းစုံဝယ်ယူသုံးဆောင်နိုင်မယ့်ပွဲလည်းရှိပါတယ်။

အီတလီအစားအသောက်မျိုးစုံသုံးဆောင်နိုင်မယ့် Italian Food Court

Italian Cuisine Week ရဲ့အစိတ်အပိုင်းတခုအနေနဲ့ Italian Food Court ကိုအီတလီသံရုံးမှာကျင်းပသွားဖို့ရှိပါတယ်။ Melia Yangon, Seeds, L’Opera, Omnivore တို့လိုရန်ကုန်မြို့ရဲ့နာမည်ကြီးဆိုင်တွေကပါဝင်ရောင်းချသွားမှာဖြစ်လို့အီတလီအစားအသောက်ကြိုက်တဲ့သူတွေလက်လွတ်မခံသင့်တဲ့ပွဲလေးပါ။ ဝင်ကြေးအခမဲ့ဖြစ်ပေမယ့်မှတ်ပုံတင်၊ ပတ်စ်ပို့စတဲ့ Photo ID တခုတော့ယူသွားဖို့လိုပါတယ်။

No 3, Inya Myaing Road, Yangon
3 pm – 9:30 pm | 18 November

Wyndham Grand က night market

Wyndham Grand Hotel ရဲ့ ၄လွှာ outdoor garden area မှာကျင်းပမဲ့ Together for Community ရဲ့ ပထမဆုံး Night market မှာ ပြည်တွင်းထုတ် ချည်ထည် အဝတ်စားတွေအပြင် handmade asessories နဲ့ အခြားသော ပြည်တွင်းထုတ် ကုန်စည်တွေကို စုစည်းထားတဲ့အပြင် တခြားသော activities အနေနဲ့ handmade workshop များလည်းပါဝင်သွားမှာ ဖြစ်ပါတယ်။

4th Floor, Wyndham Grand Yangon, No 11, Corner of Kan Yeik Thar Road & U Aung Myat Road, Mingalar Taung Nyunt Tsp, Yangon
3 pm – 8:30 pm | 17-18 November

Kokkoya ရဲ့ Love Local Market

ဒီဈေးလေးမှာဆိုရင်တော့ ပြည်တွင်းလုပ်ငန်းရှင် ၂၀ကျော်ရဲ့စားသောက်ကုန်၊ လက်မှုပစ္စည်း၊ ပရိဘောဂ၊ ဖက်ရှင်နဲ့အိမ်သုံးပစ္စည်းတွေကိုဝယ်ယူအားပေးနိုင်မှာပါ။ စိုက်ခင်းလေးထဲမှာလမ်းလျှောက်ရင်း ပိတ်ရက်ကိုဖြတ်သန်းကြရအောင်။

Bawga (2) Lane, Thingangyun Tsp, Yangon
10 am – 5 pm | 19 November

ထွေးဦးမြန်မာနဲ့ ရုပ်သေးရုပ် ကိုယ်တိုင်လုပ်ခွင့်ရမယ့် “Puppet Making Workshop”

မြန်မာ့ရိုးရာ ကြိုးဆွဲ ရုပ်သေးအနုပညာကို ချစ်ခင်မြတ်နိုးတတ်လာအောင် ၊ တန်ဖိုးထားလေးစားလာအောင် ဖျော်ဖြေတင်ဆက် ရုပ်သေးပွဲတွေသာမက၊ Puppetry Talk တွေအပြင် Edutainment ပုံစံနဲ့ စဉ်ဆက်မပြတ် ကြိုးစားနေတဲ့ ထွေးဦးမြန်မာမိသားစုနဲ့အတူ မြန်မာ့ယဉ်ကျေးမှုအနုပညာကို ကိုယ်တိုင်ခံစားဖန်တီးကြရအောင်ပါ။ သံ နဲ့ တူ အသုံးပြုရမှာဖြစ်တဲ့အတွက် အသက် (၁၀)အောက် ကလေးတွေကတော့ လူကြီး၊ အုပ်ထိန်းသူ အကူတယောက်နဲ့ လာခဲ့ဖို့ လိုအပ်ပါမယ်။

Pann Chan Cafe, French Institute, No 340, Pyay Road, Sanchaung Township, Yangon
Ks20,000ks (including a soft drink)
1 pm – 2 pm | 19 November

ဂိမ်းဇာတ်ကောင်ဖန်တီးမှုဆိုင်ရာ workshop

ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) နဲ့ Myanmar Creative Technology College တို့ပူးတွဲတင်ဆက်တဲ့ဒီ workshop မှာဆိုရင်ဂိမ်းဇာတ်ကောင်ဖန်တီးတဲ့အခါမှာသိထားသင့်တဲ့အခြေခံဗဟုသုတတွေနဲ့ အရည်အသွေးတွေအကြောင်းကို MCTC ရဲ့ပညာရှင်တွေကပို့ချသွားမယ့်အပြင် လက်တွေ့ဖန်တီးပြသပေးသွားမှာလည်းဖြစ်ပါတယ်။ အောက်ပါလင့်ကနေတဆင့်အခမဲ့စာရင်းပေးပါ။
https://docs.google.com/forms/d/e/1FAIpQLScXkTnBUc9QdIyn1uyqNCQjPYiHuAs9PFS-pPZ_N69s7seryg/viewform

IFB, No 340, Pyay Road, Sanchaung Township, Yangon
3 pm – 5 pm | 19 November

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here