Advertisement

ကလေးတွေအတွက်အနုပညာပြိုင်ပွဲကနေ လူကြီးတွေအတွက် salsa dance class အထိ activity တွေစုံလင်တဲ့ weekend ပါ။

ခေတ်အဆက်ဆက်မြန်မာ့ဓာတ်ပုံများကိုကြည့်ခွင့်ရမယ့်ပွဲ

နိုဝင်ဘာလ ၂၅ ရက် Goethe-Institut Myanmar ပွဲခန်းမမှာ မြန်မာနိုင်ငံရဲ့ အမြင်ပိုင်းဆိုင်ရာ အနုပညာ သမိုင်းကြောင်း နှင့်ဆိုင်တဲ့ စုစည်းထားသောဓါတ်ပုံများ၊ ဇာတ်လမ်းများ နဲ့ စကားဝိုင်းတစ်ခုပြုလုပ်ဖို့စီစဉ်ထားပါတယ်။ ထို စကားဝိုင်းမှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ မြန်မာ့ဓာတ်ပုံမော်ကွန်း ရဲ့ OPEN CALL တွင် ထောက်ပံ့ကြေးရရှိပြီး ဖန်တီးထားသည့် အနုပညာလက်ရာ တချို့အကြောင်းကို ပြောပြသွားဖို့ရှိတယ်လို့သိရပါတယ်။

Goethe-Institut Myanmar Auditorium
3:30 pm – 6 pm | 25 November

Market by LUSH ဈေးပွဲတော်

နိုဝင်ဘာလရဲ့ ဆောင်းရာသီအငွေ့အသက်လေးတွေနဲ့အတူ Market by LUSH ပွဲ ပြန်လာပါပြီ။ ဈေးဝယ်ရတာကြိုက်တဲ့ Shopaholic တွေကနေစပြီး Foodie လေးတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်စရာအချိန်တွေကို အတူကုန်ဆုံးချင်သူတွေအထိ အပန်းဖြေလည်ပတ်နိုင်မယ့် Market by LUSH Vol.7 ပွဲကို နိုဝင်ဘာလ ၂၄၊ ၂၅၊ ၂၆၊ ၂၇ ရက်တွေမှာ အတွင်းဝန်ရုံးအတွင်းမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

The Secretariat Yangon (South Wing)
2 pm – 8:30 pm | 24-27 Nov
ဝင်ကြေး – ကျပ် ၅၀၀၀

PARKROYAL က Salsa Night

Salsa Dance စိတ်ဝင်စားသူများအတွက် အထူးစီစဉ်ထားတဲ့ special event ကို နိုဝင်ဘာလ ၂၄ ရက်နေ့ မှာ Silver Moon, PARKROYAL Yangon မှာ ပြုလုပ်မှာဖြစ်ပါတယ်။ Salsa dancer Ghizzy ရဲ့ ဖျော်ဖြေမှုအပြင် Salsa dance ကချင်သူများအတွက် ဆရာ Ghizzy ရဲ့ သင်ကြားပေးမှုတွေနဲ့ အတူ lucky draw အစီအစဉ်တွေလည်းပါတယ်။

Silver Moon, Lower Lobby Level, PARKROYAL Hotel
Door opens at 6 pm | 24 November
ဝင်ကြေး – ကျပ် ၂၀၀၀၀

ကလေးများအတွက်အနုပညာဖန်တီးမှုပြိုင်ပွဲ

𝐂𝐫𝐚𝐲𝐨𝐥𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐀𝐫𝐭 𝐀𝐧𝐝 𝐂𝐫𝐚𝐟𝐭𝐬 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 ပြိုင်ပွဲကြီးကို နိုဝင်ဘာ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ နှစ်ရက်တိတိ 𝐍𝐎𝐀𝐇 𝐛𝐲 𝐭𝐡𝐞 𝐋𝐚𝐤𝐞 မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ဒီပွဲစဉ်အတွင်း 𝐔𝐒𝐀 𝐁𝐫𝐚𝐧𝐝 𝐂𝐫𝐚𝐲𝐨𝐥𝐚 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 တွေကို သေချာစမ်းသုံးနိုင်မယ့်အခွင့်အရေးတွေအပြင် ပန်းချီ၊လက်မှု နဲ့ ဂိမ်း အစီစဉ်တွေကို 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐬 တွေအလိုက် ပျော်ပျော်ရွင်ရွင် ကစားကြရင်း ဆုတွေလည်းရနိုင်မှာပါ။

No 3F, Maykha Road, Mayangone Township, Yangon
10 am – 5 pm | 24-25 November

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here