Advertisement

ဒီအပတ်ပိတ်ရက်မှာတော့ခရစ္စမတ်စ်ဈေးပွဲတော်တွေအပြင် hangout လုပ်လို့ကောင်းမယ့် activity တွေအများကြီးရှိပါတယ်။

SEEDS ရဲ့ Pink Cocktail Sunset Party

လာမယ့် ဒီဇင်ဘာလ (3) ရက်နေ့မှာ “Pink Cocktail Sunset Party” ကို DJ Eric ရဲ့ အမိုက်စား DJ နဲ့အတူ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ Pink Beverage တွေပဲ Serve လုပ်သွားမှာဖြစ်ပြီး Pink Theme နဲ့အညီ Dress Code ပန်းရောင် ဝတ်လာတဲ့သူတွေကိုလည်း One Free Drink ပေးသွားဦးမှာဖြစ်ပါတယ်။

No 63-A, U Tun Nyein Street, Ward 10, Mayangone Township, Yangon
5 pm – 7 pm | 3 December
US$28++ per person

Goethe-Institut Myanmar ရဲ့ ခရစ်စမတ်စ်ဈေးပွဲတော်

Goethe-Institut Myanmar ရဲ့ “Goethe’s Christmas Bazaar” ကို လာမယ့် ဒီဇင်ဘာလ (၃) ရက် (တနင်္ဂနွေနေ့) မနက် (၁၀) နာရီကနေ ညနေ (၆) နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဈေးခင်းကို ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်မှုနဲ့အနုပညာကို တန်ဖိုးထားပြီး ပြည်တွင်းအသေးစားလုပ်ငန်းများကို မြှင့်တင်ပေးဖို့နဲ့ ပလတ်စတစ်ကင်းမဲ့ပြီး ရေရှည်တည်မြဲတဲ့ လူမှုပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်း ၊ အသင်းအဖွဲ့များ ကို ဒီဈေးခင်း ကနေတစ်ဆင့် ချိတ်ဆက်ပေးနိုင်ဖို့ လို့သိရပါတယ်။

Corner of Kabar Aye Pagoda Road and Nat Mauk Street, Bahan Township, Yangon
10 am – 6 pm | 3 December

Central Boulevard က Sunset Bazaar

လာမယ့် ဒီဇင်ဘာ ၂-၃ ရက် စနေ တနင်္ဂနွေပိတ်ရက်လေးမှာ local SMEs များအတွက် အထူးရည်ရွယ်ပြီး ပြုလုပ်သွားမည်ဖြစ်တဲ့ ‘Christmas by the Beach: Sunset Bazaar’ ပွဲလေးမှာ sunset ကြည့်ရင်း quality local brands ပေါင်း 60 ကျော်ပါဝင်ပါတယ်။

The Central Boulevard, Yangon
2 pm – 9 pm | 2-3 December

Melia Yangon ရဲ့ Saturday Buffet Dinner

တဦးကို $27 တည်းနဲ့အစားအသောက်ကောင်းတွေတဝကြီးစားဖို့ Melia Yangon က The Market Restaurant ရဲ့ Saturday Buffet Dinner ဆီသင့်မိသားစုကိုခေါ်သွားလိုက်ပါ။ $12 ထပ်ပေးရင် ဝိုင်ဖြူဝိုင်နီကိုပါ free flow သောက်သုံးနိုင်ပါတယ်။

The Market Restaurant, No 192, Kaba Aye Pagoda Road, Bahan Township, Yangon
5:30 pm – 9:30 pm | 2 December

House of Booboo ရဲ့ Booboo Bazaar Chapter 5

ဒီတစ်ပတ် စနေ နဲ့ တနင်္ဂနွေကျရင် House of Booboo မှာ Booboo Bazaar Chapter 5 ကိုကျင်းပသွားမယ်လို့သိရပါတယ်။ Vendor တဒါဇင်လောက်ပါမယ့်အပြင် tarot session လည်းရှိပါတယ်။

No 118, Insein Main Road, Near Thukha Gate, Hlaing Tsp, Yangon
10 am – 6 pm | 2-3 December

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here