Advertisement

မိတ်ဆွေအပေါင်းအသင်းတွေနဲ့နှစ်သစ်ကိုအတူကြိုဆိုနိုင်မယ့် event လေးတွေပါ။ ဘေးရန်ကင်းပြီးမင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေလို့ MYANMORE ကဆုတောင်းပေးလိုက်ပါတယ်။

New Year Extravaganza with Ar-T

နှစ်ဟောင်းရဲ့ စိတ်ရှုပ်စရာတွေဆီက ရုန်းထွက်ရင်း ခံစားချက်အသစ်တွေနဲ့ နှစ်သစ်ဆီကို ချီတက်ကြဖို့ December 31 ကျရင် Levitate – Suniram Park မှာ Ar-T နဲ့ New Year Extravaganza ပွဲရှိပါတယ်။ Dress Code အနေနဲ့တော့ အဖြူရောင်ဝတ်ခဲ့ပေးရမှာဖြစ်ပြီးအဖြူဝတ်ခဲ့တဲ့သူတွေထဲက အမိုက်ဆုံး ယောက်ျားလေး (၁)ဦး၊ မိန်းကလေး (၁) ဦး ရွေးချယ်ပြီး Surprised Fashion Award တွေလဲစီစဉ်ထားတယ်လို့သိရပါတယ်။ အသေးစိတ်နဲ့လက်မှတ်ဘွတ်ကင်တင်မယ်ဆိုရင် အောက်ပါလင့်ကနေစုံစမ်းပါ။ https://www.facebook.com/levitatesunirampark

No 20, Thukhawaddy Street, Yangon
09 898989884, 09 898989883
Late evening

Novotel Yangon Max

တယောက်ကို ဒေါ်လာ ၂၀ တည်းနဲ့ Novotel ရဲ့ Time Out Sports Bar မှာ live music နဲ့ DJ သံစဉ်တွေနားထောင်ရင်း free flow beer သောက်ရင်းနှစ်သစ်ကိုကြိုဆိုလိုက်ရအောင်။

No 459, Pyay Road, Kamayut Township, Yangon
09 4440 8888 5
6 pm onwards

Awei Metta

Awei Metta ရဲ့ New Year’s Eve Extravaganza မှာ အရသာရှိတဲ့ အစားအသောက်များတွေကို buffet dinner သုံးဆောင်ရမှာဖြစ်ပြီး Modern Yesterday Band နှင့်တကွ နာမည်ကြီး အဆိုတော်များဖြစ်ကြတဲ့ Nyi Min Khine၊ Thar Nge၊ နှင့် Moe Zan (Eain Mat Sone Yar Winner) တို့က ဖျော်ဖြေတည်ဆိုပေးသွားဦးမှာဖြစ်ပါတယ်။ New Year’s Eve Extravaganza Dinner က တစ်ယောက်ကို 210,000 MMK ကျသင့်မှာ ဖြစ်ပြီး အသက် ၅ နှစ်အောက် ကလေးငယ်များအတွက် အခမဲ့ဖြစ်ပြီး အသက် ၅ နှစ်နှင့် ၁၂ နှစ် ကလေးငယ်များအတွက် 50% discount ပေးမယ်လို့သိရပါတယ်။

Rain Tree Drive – Pun Hlaing Estate Hlaing Tharyar Township, Yangon
0925 888 2020, 0925 888 7070
6 pm onwards

YangonYangon

Sakura Tower ပေါ်က rooftop bar YangonYangon မှာ အလန်းစား DJ သံစဉ်တွေနဲ့အတူနှစ်သစ်ကိုကြိုဆိုကြမယ်။ အသေးစိတ်အချက်အလက်တွေကိုအောက်ပါလင့်မှာကြည့်ပါ။
https://www.facebook.com/events/397383026057437/?ref=newsfeed

Sakura Tower, Bogyoke Road, Yangon
01 825 5131
6 pm onwards

ပြည်သူ့ရင်ပြင်က Yangon Countdown

2023 ခုနှစ်ကိုနှုတ်ဆက်ရင်း ဈေးပွဲတော်ကြီးနဲ့ နှစ်သစ်ကို ကြိုဆိုမယ့် Premium Countdown ပွဲတော်ကို ရန်ကုန်မြို့ရဲ့ ပြည်သူ့ရင်ပြင်မှာ ဒီဇင်ဘာလ (၃၀) ရက်နေ့နဲ့ (၃၁) ရက်နေ့၊ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ အခမ်းအနား အစီအစဉ် အသေးစိတ်တွေကိုမကြာခင် ဖော်ပြပေးသွားတော့မှာဖြစ်လို့အောက်ပါ Facebook page ကို follow လုပ်ထားလိုက်ပါ။
https://www.facebook.com/profile.php?id=100094691857845

People’s Square, Pyay Road, Yangon
30-31 December

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here