Advertisement

စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် art therapy session နဲ့ workout session တွေအပါအဝင် စိတ်ဝင်စားစရာ event တွေကိုဖော်ပြပေးလိုက်ပါတယ်။

YGN Session Spot ရဲ့ dance battle

YGN Session Spot ကအမိုက်စား underground dance battle နဲ့အတူပြန်လာပါပြီ။ “All Style 3vs3” နဲ့“Girl 7 To Smoke” တွေအပြင် “Call Out Battle” ဆိုပြီး category ၃မျိုးပါပါတယ်။ ဝင်ပြိုင်ချင်တဲ့ dancer တွေအနေနဲ့ “Girl 7 to Smoke” နဲ့ “All Style 3vs3” ကိုပြိုင်ပွဲနေ့မှ walk-in registration လုပ်လို့ရပါတယ်။ မည်သူမဆိုကြည့်ရှုခွင့်အခမဲ့ပါ။

Times City Yangon, Hanthawaddy Road, Yangon
11:30 am onwards | 9 December

ပန်းခြံကဖေးရဲ့ Sunday workout session

တနင်္ဂနွေနေ့မနက် ပန်းခြံကဖေးရဲ့ စိမ်းစိုနေတဲ့ဥယျာဉ်ထဲမှာ လေ့ကျင့်ခန်းလုပ်ကြမယ်။ Gym Trainer ကိုဇော်ကနေပြီး နည်းပြသင်ကြားပေးမှာဖြစ်ပြီး ပါဝင်ချင်ရင်တော့ တစ်ဦး ၁၅,၀၀၀ကျပ် ကျသင့်မှာပါ၊ (၁)နာရီ Training ပြီးဆုံးပါက ပန်းခြံကဖေးမှာ ကော်ဖီနှင့် ကိတ် သုံးဆောင်ခွင့်ရမှာပါ။ ဒီဇင်ဘာလရဲ့ တနင်္ဂနွေနေ့များဖြစ်တဲ့ (၃၊ ၁၀ နှင့် ၁၇) ရက်များ၏ နံနက် (၈)နာရီမှ (၉)နာရီအတွင်း မိသားစု၊ သူငယ်များနဲ့အတူပါဝင်နိုင်ပါတယ်။

Pann Chan Cafe Garden, French Institute, 340 Pyay Rd, Sanchaung,
8 am – 9 am

Atlas ရဲ့ Groove on the Roof party

ညနေခင်းနေဝင်ချိန်ကို Atlas ရဲ့ rooftop ကနေကြည့်ရင်း ညဉ့်နက်တဲ့အထိကခုန်ကြမယ်။ DJ ၅ယောက်ကလည်းအမြူးကြွဆုံးသံစဉ်တွေကိုပံ့ပိုးပေးသွားမှာပါ။

No 84, Pann Hlaing Street, Yangon
5 pm onwards | 9 December

Art Therapy session

Care Hut Phamarcy နှင့် Decora Art Gallery တို့ ပူးပေါင်းပြီး အတွေ့အကြုံရှိ Counselling Psychologist နှင့်အတူတူစီစဉ်ထားတဲ့ 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐓𝐡𝐫𝐨𝐮𝐠𝐡 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲: 𝐀𝐧 𝐀𝐫𝐭𝐟𝐮𝐥 𝐉𝐨𝐮𝐫𝐧𝐞𝐲 ဟာစိတ်ကို လွတ်လပ်စွာအနားယူဖို့ မိတ်ဆွေအသစ်တွေနဲ့ အတူတူ gathering လုပ်ပြီး စိတ်ပင်ပန်းမှုတွေကို ဖြေလျော့နိုင်မယ့် event ပါ။ Free Session လာရောက်ချင်သူများအတွက် Mental Wellness အတွက် Health talk – 30 minutes ကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်နားထောင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ Subscribed Session မှာတခြား topic တွေကိုဆွေးနွေးသွားမှာဖြစ်ပြီး Therapist နဲ့ Audience အပြန်အလှန် ဆွေးနွေးခွင့်ရမယ့် အစီအစဉ်လေးတွေလည်း ပါဝင်သွားမှာပါ။ အသေးစိတ်အစီအစဉ်နဲ့ registration info ကိုအောက်ပါလင့်မှာကြည့်နိုင်ပါတယ်။
https://www.facebook.com/events/1698789657273359/?ref=newsfeed

23rd floor, uab Tower, Times City
12 pm – 4 pm | 10 December

StarCity Sports Club ၁ နှစ်ပြည့်မွေးနေ့

StarCity Sports Club ၁ နှစ်ပြည့်မွေးနေ့ကိုလာမယ့် ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက် (စနေ၊ တနင်္ဂနွေနေ့) တွေမှာ ပြုလုပ်မှာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၅၀ ကျော်ပါဝင်မယ့် ညနေခင်း မုန့်ဈေးတန်း (Sunset Bazaar)၊ GX Instructor နဲ့အတူတူ လှုပ်ရှားလို့ရမယ့် Sunset GX with Live Music Band၊ လူတိုင်းအတွက် Facility အခမဲ့ အသုံးပြုခွင့်ရမယ့် Open House စတဲ့အစီအစဉ်တွေပါဝင်ပါတယ်။ (Open House မှာပါဝင်ဖို့ link ကိုနှိပ်ပြီး အခုပဲ register လုပ်ထားလိုက်ပါ။ Link: https://bit.ly/AnniOH23)

StarCity, Thanlyin Township, Yangon
4 pm – 8 pm | 9-10 December

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here