Advertisement

ပိတ်ရက်ကိုအပြင်မှာလျှောက်လည်ရင်းဖြတ်သန်းချင်သူတွေအတွက် weekend guide!

ထွေးဦးမြန်မာနဲ့ ရုပ်သေးရုပ် ကိုယ်တိုင်လုပ်ခွင့်ရမယ့် “Puppet Making Workshop”

ထွေးဦးမြန်မာနဲ့ ရုပ်သေးရုပ် ကိုယ်တိုင်လုပ်ခွင့်ရမယ့် “Puppet Making Workshop” လေး ပြန်လာပါပြီ။ သံ နဲ့ တူ အသုံးပြုရမှာဖြစ်တဲ့အတွက် အသက် (၁၀)အောက် ကလေးတွေကတော့ လူကြီး၊ အုပ်ထိန်းသူ အကူတယောက်နဲ့ လာခဲ့ဖို့ လိုအပ်ပါမယ်။ သင်ကိုယ်တိုင်ဖန်တီးထားတဲ့ ရုပ်သေးရုပ်သေးတွေကို အိမ်ယူသွားလို့ရပါတယ်။ လူဦးရေ ကန့်သက်ထားတာမို့ ကြိုတင်စာရင်းပေးဖို့လိုပါတယ်။ Pann Chan page ကနေတဆင့်စာရင်းပေးပါ။ https://www.facebook.com/PannChanMM

Pann Chan Cafe, French Institute, Pyay Road, Myaynigone, Yangon
1 pm – 2 pm | 17 December
Ks20,000 (including a soft drink)

Market by LUSH ဈေးပွဲတော်

December ရဲ့ ဆောင်းရာသီအငွေ့အသက်လေးတွေနဲ့အတူ Market by LUSH ပြန်လာပါပြီ။ ဈေးဝယ်ရတာကြိုက်တဲ့ Shopaholic တွေကနေစပြီး Foodie လေးတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်စရာအချိန်တွေကို အတူကုန်ဆုံးချင်သူတွေအထိ လာရောက်အပန်းဖြေလည်ပတ်နိုင်မယ့် Market by LUSH Vol.7 ပွဲကို ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်တွေမှာ ဝန်ကြီးများရုံးအတွင်းမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

The Secretariat Yangon (South Wing)
2 pm – 8:30 pm | 15-17 December
Ks5,000 per person

Hoopfest 2K23

၂ရက်တိုင်ကျင်းပမယ့် Hoopfest 2K23 နဲ့ အတူ Star City Sports Club မှာ အကြီးမားဆုံး Weekend bazaar ဈေးရောင်းပွဲတော် ရှိတာကြောင့် သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့ ဆိုင်တွေမှာ လျှောက်လည် စားချင်တာစားလို့ရတဲ့အပြင် အဝတ်အစားကြိုက်သူလေးတွေအတွက် Fashion ဆိုင်ခန်းတွေ၊ ကစားရတာနှစ်သက်ရင် ဂိမ်းအစီအစဉ်တွေအစုံရှိပါတယ်။

StarCity Sport Club, Thanlyin Township, Yangon
9 am to 7 pm | 16-17 Dec

Christmas အကြို ရင်ခုန်ပျော်ရွှင်ရမယ့် “Christmas Cocktail Sunset Party”

Sunset View အလှအပတွေကို ငေးမောရင်း “DJ ERIC” ရဲ့ အမိုက်စားတီးလုံးသံတွေနဲ့အတူ Christmas အကြို Cocktail Sunset Party ကို လာမယ့် ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ SEEDS Lab Bar တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ Christmas Theme Cocktail တွေနဲ့ Canapes များ သုံးဆောင်နိုင်မှာပါ။ ဒါ့အပြင် Sweets & Chocolate တွေ ဝေမျှပေးမယ့် Santa Claus လည်း အတူရှိနေဦးမယ်လို့သိရပါတယ်။

No 63-A, U Tun Nyein Street, Ward 10, Mayangone Township, Yangon
5 pm – 7 pm | 17 December
US$28 per person

ပိတ်ရက်အတွက် hangout idea

ချစ်စရာကောင်းတဲ့ကော်ဖီဆိုင်လေးမို့ weekend hangout လုပ်လို့ကောင်းမယ့်နေရာလေးအဖြစ်ညွှန်းပေးလိုက်ပါတယ်။ ဆိုင်လေးက Grand Opening လုပ်ထားတာလည်းမကြာသေးပါဘူး။

No 36, Aung Thu Kha Road & Bawga Street, Yangon
09 790 697 918
9 am – 9 pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here