Advertisement

Christmas အားလပ်ရက်ကိုစိတ်ကျန်းမှာကိုယ်ချမ်းသာနဲ့ဖြတ်သန်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

တိရစ္ဆာန်ဥယျာဉ်က Christmas Party

ဒီဇင်ဘာလ ရဲ့ Special Day တွေဖြစ်တဲ့ (၂၃) ရက် မှ (၂၅) ရက်နေ့အထိ Christmas Party ပွဲကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ Magic Show, Kids Talent Show, Photo Session With Birds, Carol Singing အစရှိတဲ့အစီအစဉ်တွေနဲ့ကျင်းပသွားမယ်လို့သိရပါတယ်။

Yangon Zoological Garden Road, Yangon
8 am – 4 pm | 23-25 December

Wyndham ရဲ့Christmas Bazaar

Wyndham Grand Yangon Hotel x MyanLife တို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်သွားမယ့် Christmas Bazaar မှာ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချပေးသွားမယ့် ဆိုင်ခန်းပေါင်း၃၀ ကျော်ပါဝင်မယ်လို့သိရပါတယ်။

Wyndham Grand Yangon Hotel Garden Area (4th Floor)
4 pm – 9 pm | 22-23 December

Real Fitness ရဲ့ Zumba Party

Real Fitness Myanmar မှနေပြီးတော့ Christmas အထူးအနေနှင့် members အားလုံးရဲ့ အချစ်ရဆုံး Zumba Instructor Chucky ဦးဆောင်ပြီး ပြုလုပ်သွားမယ့် Zumba Party ပါ။ လူဦးရေကလည်း အကန့်သတ်ရှိတာဖြစ်လို့ first come first serve စနစ်ဖြစ်ပါတယ်။

For Real Fitness @Golden Valley
Date & Time: 22/12/23 (5:00-6:20 pm)
Instructor: Chucky, Leo
For Real Fitness @Mindhama
Date & Time: 25/12/23 (5:00-6:20 pm)
Instructor: Chucky, Elrick

HAVANA ရဲ့ Singles Christmas Party

Single ဖြစ်နေလို့အားမငယ်နဲ့နော်။ Single တွေအတွက် HAVANA ရဲ့ Singles Christmas Party ရှိပါတယ်။ ကံကောင်းရင်ပါတီမှာချစ်သူတောင်ရသွားနိုင်ပါတယ်။ 😉

No 44A, Sayarsan Road, Bahan, Yangon
4 pm onwards | 22 December
09 778 779 769

Seven Tails Pet Wellness Center ရဲ့ Christmas Party

ကိုယ်မွေးထားတဲ့တိလေးတွေနဲ့အတူ Christmas ကိုဆင်နွှဲလိုက်ပါ။ လက်မှတ်တစောင် ကျပ် ၂၅၀၀၀ ကျသင့်ပြီး ဘူဖေး dinner၊ ဈေးဆိုင်လေးတွေနဲ့ အတူ Live Music Band, ကလေးတွေအတွက်လည်း Snack Free Flow ပါပြီး playground မှာလည်းကစားခွင့်ရမှာပါ။

Shwe Pinlon 4, 41E, Taw Win Hnin Si St, North Dagon, Yangon
3 pm – 7 pm | 24 December
09 885 4444 77

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here