Advertisement

ပိတ်ရက်အိမ်မှာနေရမှာပျင်းတဲ့သူတွေအတွက် အေးဆေး chill လို့ရမယ့်နေရာလေးတွေနဲ့ စိတ်ဝင်စားစရာ event လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ဒေါက်တာလွန်းကြွယ်ရဲ့ပန်းချီပြပွဲ

အခုထိသက်ရှိထင်ရှားရှိနေသေးတဲ့နိုင်ငံကျော်ပန်းချီဆရာကြီးဒေါက်တာလွန်းကြွယ်ငယ်စဉ်ကရေးဆွဲခဲ့တဲ့ ပန်းချီကား ၁၀၄ကားကိုကြည့်ရှုခွင့်ရမယ့်ပြပွဲပါ။ ၁၄ရက်နေ့အထိ The Sea Art Gallery မှာကြည့်ရှုနိုင်ပါတယ်။

Level 2, The Regency Offices, No 587, Pyay Road, Kamayut Township, Yangon
9 am – 6 pm | 8 – 14 January
Free entry

အသစ်ဖွင့်တဲ့ကော်ဖီဆိုင်

ဖွင့်တာတပတ်ကျော်လောက်ပဲရှိသေးတဲ့ကော်ဖီဆိုင်လေးပါ။ ဘတ်စ်ကားနဲ့သွားမယ်ဆိုရင်မိုးကောင်းဆေးရုံနားက ကျောက်ကုန်းမှတ်တိုင်နဲ့နီးပြီး မိုးကောင်းလမ်းကနေသုခိတာလမ်းကိုဝင်လိုက်ရင် လမ်းရဲ့အလယ်မှာ Otto Cafe ရှိပါတယ်။ ပိတ်ရက်မှာအေးဆေးထိုင်လို့ရမယ့်ဆိုင်လေးမို့ရှဲပေးလိုက်ပါတယ်။

No 10(A), Thukhitthar Street, Yankin Township, Yangon
09 798 645 220
10 am – 6 pm

The Grit Myanmar ရဲ့မြှားပစ်ခန်းမ

ပိတ်ရက်မှာသူငယ်ချင်းတွေနဲ့အတူမြှားပစ်ကစားရင်းအပန်းဖြေကြမယ်။ The Grit Myanmar က Times City Jewellery Mall မှာ မြှားပစ်လေ့ကျင့်လို့ရမယ့်ခန်းမအသစ်ကိုဖွင့်လှစ်လိုက်ပါပြီ။ ဘွတ်ကင်တင်ထားဖို့တော့လိုမယ်နော်။

No A-345, 3rd Floor, Jewellery Mall, Times City, Yangon
09 945164616, 09 451112268, 09 5158905
10 am – 7 pm

ပန်းခြံကဖေးရဲ့ bootcamp

တနင်္ဂနွေနေ့မနက် ပန်းခြံကဖေးရဲ့ စိမ်းစိုနေတဲ့ဥယျာဉ်ထဲမှာ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ကြမယ်။ တစ်ဦး ၁၅,၀၀၀ကျပ် ကျသင့်မှာဖြစ်ပြီး၊ (၁)နာရီ Training ပြီးဆုံးပါက ပန်းခြံကဖေးမှာ ကော်ဖီနှင့် ကိတ် သုံးဆောင်ခွင့်ရမှာပါ။ ဇန်နဝါရီလရဲ့ တနင်္ဂနွေနေ့များဖြစ်တဲ့ (၁၄၊ ၂၁ နှင့် ၂၈) ရက်များ၏ နံနက် (၈)နာရီမှ (၉)နာရီအတွင်းပါဝင်နိုင်ပါတယ်။ အောက်ပါလင့်ကနေဘွတ်ကင်တင်ပါ။
https://www.facebook.com/events/1139957207055068/?ref=newsfeed

Pann Chan Cafe Garden, French Institute, Yangon

Junction City ရဲ့ Made in Myanmar Fair

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်ရဲ့ (၁၉)ကြိမ်မြောက် Made in Myanmar ပြည်တွင်းထုတ်ကုန်နဲ့အစားအစာပြပွဲကို Junction City မှာ ဇန်နဝါရီလ ၁၄ရက်နေ့အထိကျင်းပသွားမယ်လို့သိရပါတယ်။ Vendor ၁၀၀ကျော်ပါတဲ့အတွက်ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကိုတနေရာတည်းမှာစုံစုံလင်လင်နဲ့ဝယ်ယူရရှိနိုင်မှာပါ။

Junction City Promotion Area, Level – 2, Yangon
9 am – 7 pm | 8-14 January

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here