Advertisement

ဒီအပတ်မှာလည်း စားသောက်ဆိုင်အသစ်တခုနဲ့စိတ်ဝင်စားစရာကောင်းတဲ့ event တွေကိုဖော်ပြပေးလိုက်ပါတယ်။

International Grooming Certification & Pet Fair Myanmar

မြန်မာနိုင်ငံမှာ ပထမဆုံးဦးစီးကျင်းပမယ့် International Grooming Certification & Pet Fair Myanmar 2024 ပွဲကြီးကို (၂) ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပြီး International Grooming Certification အပြင် တခြားသော စိတ်ဝင်စားစရာ အစီအစဉ်တွေလည်းပါဝင်မယ်လို့သိရပါတယ်။ Pet လေးတွေအတွက် fashion show လည်းပါတာမို့ Pet parents တွေအခုချိန်ကတည်းကပြင်ဆင်ထားလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

Zawana Stadium, Thuwunna Township, Yangon
10 am – 6 pm | 3-4 February

ကော့တေးချစ်သူတွေအတွက် Babett Yangon ရဲ့ Cocktail Carnival

Cocktail Carnival မှာ ကျပ် ၃၅၀၀၀ တည်းနဲ့ Aperol Velvet, Rose Fashion, Winter Sunlight, A Fresh Start နဲ့ Aperol Spritz စတဲ့ ကော့တေးတွေကို Free flow သောက်ရမယ့်အပြင် canape တွေကိုလည်းသုံးဆောင်ခွင့်ရမှာပါ။ ဘွတ်ကင်လုပ်ထားဖို့လိုပါတယ်။

No 5, Alan Pya Pagoda Street, Yangon
2 pm – 5 pm | 20 January
01 824 3640

Burbrit ရဲ့ ၇နှစ်ပြည့်အထိမ်းအမှတ်ပွဲ

ဘားဘရစ်ရဲ့ (၇) နှစ်ပြည့် The Seven Year Itch ကို ဇန်နဝါရီလ ၁၉ ရက်နဲ့ ၂ဝ ရက်တို့မှာ နှစ်ရက်ခွဲပြီး ကျင်းပသွားမှာဖြစ်ပါတယ်။ ပထမနေ့အတွက် ဘီယာနံပါတ် #7 မှာ Exotic & Fancy ဖြစ်တဲ့ ဘီယာစတိုင်များနဲ့ ပွဲထွက်လာမှာပါ။ ဒုတိယနေ့အစီအစဉ်တွေမှာ အမှတ်တရ ဘီယာအသောက်ပြိုင်ပွဲနဲ့အတူ Luck Draw အစီအစဉ်လည်း ထည့်သွင်းထားတယ်လို့သိရပါတယ်။ လက်မှတ်တွေကိုသူ့ page ကနေမှာယူနိုင်ပါတယ်။
https://www.facebook.com/burbrittaproom

Burbrit Brewery, D16, North Dagon Industrial Zone, U Wisara Road, North Dagon, Yangon
4 pm – 9:30 pm | 19-20 January

Pann Chan Cafe မှာရုပ်သေးရုပ်ဖန်တီးမယ်

ထွေးဦးမြန်မာနဲ့ ရုပ်သေးရုပ် ကိုယ်တိုင်လုပ်ခွင့်ရမယ့် “Puppet Making Workshop” ပါ။ သံ နဲ့ တူ အသုံးပြုရမှာဖြစ်တဲ့အတွက် အသက် (၁၀)အောက် ကလေးတွေကတော့ လူကြီး၊ အုပ်ထိန်းသူ အကူတယောက်နဲ့ လာခဲ့ဖို့ လိုအပ်ပါမယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ ရုပ်သေးရုပ်လေးတွေကိုယူသွားလို့ရပါတယ်။

Pann Chan Cafe, French Institute, 340 Pyay Road, Sanchaung, Yangon
1 pm – 3 pm | 21 January (Sunday)
Ks20,000ks (including a soft drink)

ဆိုင်သစ်မိတ်ဆက်

Royal Crown – Izakaya and BBQ ကတော့ဂျပန်စာကြိုက်တဲ့သူတွေအတွက် ဖွင့်ထားတာမကြာသေးတဲ့ဆိုင်သစ်လေးပါ။ ဂျပန်စတိုင်အသားကင်တွေအပြင် ဆူရှီ၊ ဆာရှိမိတွေလည်းရပါတယ်။

SR-1/5 A, Sayar San Road, Bahan Township, Yangon
09886111611, 09886111234
3 pm – 10 pm

Cover photo credit: Babett Yangon

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here