Advertisement

ပိတ်ရက်မှာဖွင့်လှစ်မယ့်ဘားအသစ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့နှစ်ပတ်လည်ပွဲတွေအပါအဝင်စိတ်ဝင်စားစရာ event တွေကိုဖော်ပြပေးထားပါတယ်။

တိရစ္ဆာန်ဥယျာဉ်ရဲ့နှစ်ပတ်လည်ပျော်ပွဲရွှင်ပွဲ

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)ရဲ့ (၁၁၈) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို ဇန်နဝါရီ ၂၅ရက်နေ့ကစပြီး ၄ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။ နေ့အလိုက်အသေးစိတ်အစီအစဉ်တွေကိုသိရဖို့ သူ့ရဲ့ official page ကို follow လုပ်ထားလိုက်ပါ။
https://www.facebook.com/yangonzoo

Yangon Zoological Garden Road, Yangon
8 am – 4 pm | 25-28 January
09 262 499 324

မကြာမီဖွင့်လှစ်မယ့်ဘား

Bar Castle ရဲ့ renovation အသစ်၊ 360 degree view နဲ့ Grand Opening ကို ၂၇ရက်နေ့မှာကျင်းပသွားမှာပါ။ Grand Opening ပွဲမှာလာရောက်ကြမယ့် ဧည့်သည်တွေအတွက် discount တွေလည်းပေးသွားမယ်လို့သိရပါတယ်။ ပိတ်ရက်မှာထိုင်ဖို့ဘားအသစ်ရှာနေတဲ့သူတွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

No.8-L, Mindhama Road, Between Parami Road & Kyaik Wine Pagado Road, Mayangone Township, Yangon
09 40007 9701
3 pm – 11 pm

ဘိလိယက်ချစ်သူတွေအတွက် Pool Competition

ဘိလိယက်ချစ်သူတွေအတွက် Pool Competition ကို စနေနေ့ကျရင် Union Bar မှာ ကျင်းပသွားမယ်လို့သိရပါတယ်။ ပြိုင်ပွဲဝင်ကြေး တဦးကို ၁၅,၀၀၀ကျပ်ဖြစ်ပြီး ကြိုက်နှစ်သက်တဲ့ ဘီယာတခွက်လက်ဆောင်တိုက်မှာပါ။ ပြိုင်ပွဲကို ညနေ ၇နာရီကနေစတင်မှာဖြစ်ပြီး Minimum 8 Players ကနေစတင်ကျင်းပသွားမှာပါ။ Winner ရရှိတဲ့သူကို Sparkling Wine Bottle တစ်လုံး ဆုချီးမြှင့်မယ်လို့လည်းသိရပါတယ်။

Corner of Strand Road & 42 Street, Botahtaung Township, Yangon
7 pm onwards | 27 January
09 757 521 556

လက်တင်အငွေ့အသက်အပြည့်နဲ့ sunset party

SEEDS Sunset Lab By The Lake နဲ့ The Big Bottle တို့ ပူးပေါင်းစီစဉ်တဲ့ LATINO SUNSET မှာ LATIN Inspired Cocktail တွေကို မြည်းစမ်းနိုင်မယ့်အပြင် SEEDS Kitchen မှ Snacks, Canapes များကိုလည်း သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

No 63-A, U Tun Nyein Street, Ward 10, Mayangone Township, Yangon
+95 (9) 972 784 841, +95 (1) 655 900
5 pm – 7 pm | 28 January
Ks67,000 per person

စာအုပ်လှလှလေးတွေကိုယ်တိုင်ဖန်တီးမယ်

Handmade စာအုပ်လေးချုပ်ပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ စာအုပ်လေးပေါ်မှာ ပန်းလေးတွေကို ပန်းချီဆွဲမယ့် Books, Art and Flowers Workshop လေးကို F&R Art Studio နဲ့ SAK KU Studio ပူးပေါင်းပြီး ပြင်သစ်ယဉ်ကျေးမှုဌာနမှာရှိတဲ့ Pan Chan Cafe မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်တွေကသေချာသင်ပေးမှာဖြစ်လို့ beginner တွေလည်းပါဝင်နိုင်ပါတယ်။ အောက်ပါလင့်ကနေ register လုပ်ပါ။
https://www.facebook.com/events/6979824032104302/?ref=newsfeed

Pann Chan Cafe, French Institute, 340 Pyay Rd Sanchaung, Yangon
10 am – 12 pm | 28 January
Ks37,000 per person

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here