Advertisement

ဒီအပတ်ပိတ်ရက်မှာလည်းရန်ကုန်မှာစိတ်ဝင်စားစရာ event တွေနဲ့ပြည့်နှက်နေပါတယ်။

Infinite Love Bazaar

ချစ်ခင်ရသူတွေနဲ့အတူ ဈေးဝယ်ထွက်ရင်း အပန်းဖြေနိုင်ဖို့ ယခုအပတ် စနေ တနင်္ဂနွေ The Central Boulevard Yangon မှာ Infinite Love Bazaar ကို ကျင်းပသွားမှာဖြစ်ပါတယ်။ Local brand ပေါင်း ၆၀ ကျော်ပါဝင်သွားမှာဖြစ်ပြီး Live Band entertainment နဲ့ Tarot Reading အစီအစဉ်တွေလည်းရှိမယ်လို့သိရပါတယ်။

The Central Boulevard, Yangon
3 pm – 8 pm | 3-4 February

Pann Chan Café ရဲ့ Inde music ဂီတပွဲ

ဒီတပတ် စနေ၊ ဖေဖော်ဝါရီ (၃)ရက်နေ့ မှာ လွတ်လပ်သံစဉ်လှိုင်းရဲ့ သီချင်းတွေနဲ့ Pann Chan Café ပျော်ကြရအောင်ပါ။ Papillons The Band / The Peacists / Square Lake Pirates / Pseudo Human / the PHILOPHOBES / The Quandaries တို့ဖျော်ဖြေသွားမှာဖြစ်ပြီး လက်မှတ်ကို ဝင်ပေါက်မှာ ဝယ်လို့ရပါတယ်။

Pann Chan Café, Institut Francais De Birmanie
6 pm – 9 pm | 3 February
Ks20,000 (+A free beer)

Myanmar Plaza ရဲ့ Lunar New Year ပွဲတော်

ထူးခြားဆန်းပြားပျော်ရွှင်စရာ အစီအစဉ်ကောင်းများနဲ့အတူ Myanmar Plaza ရဲ့ Lunar New Year ပွဲတော် ရောက်ရှိလာပါပြီ။ နဂါးအကနဲ့ ခြင်္သေ့အကဖျော်ဖြေမှုများ၊ နှစ်သစ်ကိုကြိုဆိုဖို့ Accessories ဆိုင်များ၊ တရုတ်ရိုးရာ ပစ္စည်းဆိုင်များ၊ ဖက်ရှင်ဆိုင်များ၊ အစားအသောက်ဆိုင်များ အခမဲ့တားရော့အစီအစဉ်များနဲ့ တစ်ရက်ပြီးတစ်ရက် မရိုးနိုင်အောင်ကို စိတ်ကျေနပ်ပျော်ရွှင်မှုကိုပေးစေမှာပါ။

Myanmar Plaza, Kabaraye Pagoda Road, Yangon
5-11 February

International Grooming Certification & Pet Fair Myanmar

မြန်မာနိုင်ငံမှာ ပထမဆုံးဦးစီးကျင်းပမယ့် International Grooming Certification & Pet Fair Myanmar 2024 ပွဲကြီးကို (၂) ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပြီး International Grooming Certification အပြင် တခြားသော စိတ်ဝင်စားစရာ အစီအစဉ်တွေလည်းပါဝင်မယ်လို့သိရပါတယ်။ Pet လေးတွေအတွက် fashion show လည်းပါပါတယ်။

Zawana Stadium, Thuwunna Township, Yangon
10 am – 6 pm | 3-4 February

Wine & Canapes pairing at Olive & Twist

ဝိုင်ကြိုက်တဲ့သူတွေအတွက်သင့်တော်မယ့်ပွဲလေးပါ။ ကျပ် ၄၉၀၀၀ နဲ့ဝိုင်နဲ့ canape တွေအဝသုံးဆောင်နိုင်မယ့် Wine & Canapés Pairing Party ဖြစ်ပါတယ်။

No 91, West Shwe Gon Daing Road, Bahan, Yangon
09 893 200 700, 09 893 200 800
7 pm – 9 pm | 3 February
Ks49,000 net per person

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here