Advertisement

ဒီအပတ်မှာရုံးပိတ်ရက်ရှည်ရှိသလို တရုတ်နှစ်သစ်ကူးနဲ့လည်းတိုက်ဆိုင်နေတဲ့အတွက် ပျော်စရာပွဲလေးတွေကိုမျှဝေလိုက်ပါတယ်။

Aythaya Wine Activation ပွဲ

ဝိုင်ချစ်သူတွေလက်မလွတ်သင့်တဲ့ Aythaya Wine Activation ပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ Marketplace by City Mart (Golden Valley Branch) မှာ နေ့လယ် ၁၂ နာရီမှ ည ၇ နာရီအထိ ပြုလုပ်ကျင်းပသွားမှာပါ။ အေးသာယာဝိုင်များကို အတန်ဆုံးဈေးနှုန်းနဲ့ဝယ်ယူနိုင်မယ့်အပြင် ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းအစီအစဉ်တွေနဲ့ ဝိုင်ဝယ်ယူသွားတဲ့သူအားလုံးကိုလည်း Spin wheel ဆော့ကစားရင်း အမှတ်တရလက်ဆောင်လေးတွေလည်း ပေးသွားမှာဖြစ်ပါတယ်။

marketplace by City Mart (Golden Valley)
12 pm – 7 pm | 4-16 February

Chit Thu Bazaar

စားသောက်ဆိုင်ခန်းတွေနှင့် Lifestyle ဆိုင်ခန်းတွေအပါအဝင်ဆိုင်ခန်းပေါင်း ၅၀ကျော်၊ Sculpt Studio ရဲ့ Art & Craft Activities တွေ၊ တေးဂီတဖျော်ဖြေပွဲတွေပါပါဝင်မယ့် Chit Thu Bazaar ကို ဝန်ကြီးများရုံးမှာ ၃ရက်တိတိကျင်းပသွားမှာဖြစ်ပါတယ်။

The Secretariat, No 300, Thein Phyu Road (Middle Block), Botahtaung Township, Yangon
3 pm – 10 pm | 10-12 February

Siam Night Market

Siam Night Market ပွဲမှာ ဆိုင်ခန်းပေါင်းများစွာရှိတဲ့အပြင်အဆိုတော် ကိုဝေကြီးရဲ့ live show၊ Carnival Games ၊ Unplugged Music Band တွေရှိနေပါသေးတယ်။ ဒါ့အပြင်တရုတ်နှစ်သစ်ကူး အချိန်အခါဖြစ်တာကြောင့် တရုတ်နဂါးအကအလှတွေနဲ့လည်းဖျော်ဖြေသွားမယ်လို့သိရပါတယ်။

Padonma Parking Lot, between Spirits Fashion Store and Padonma Park, Myaenigone Township, Yangon
2 pm – 10 pm | 9-12 February

Myanmar Plaza ရဲ့နဂါးနဲ့ခြင်္သေ့အကဖျော်ဖြေပွဲ

တရုတ်ရိုးရာ နဂါး နဲ့ ခြင်္သေ့အက ဖျော်ဖြေတင်ဆက်မှုတွေကို လာမယ့် နှစ်သစ်ကူးရက်ဖြစ်တဲ့ဖေဖော်ဝါရီလ (၁၀)နဲ့ (၁၁)ရက်နေ့ မှာ ပထမအကြိမ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့နဲ့ (၂၄)ရက် တို့မှာ ဒုတိယအကြိမ်အဖြစ်
နေ့လယ် (၁)နာရီမှ (၃)နာရီအတွင်း မြန်မာပလာဇာရဲ့ promotion area မှာ ဖျော်ဖြေတင်ဆက်သွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့်စိတ်ဝင်စားတယ်ဆိုရင်သွားကြည့်လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here