Advertisement

စိတ်အပန်းပြေအောင် hangout လုပ်လို့ရမယ့်ဆိုင်သစ်လေတွေနဲ့ စိတ်ဝင်စားစရာ event တွေကိုတင်ဆက်ပေးထားပါတယ်။

Meet You There

ဒီကော်ဖီဆိုင်လေးကတော့ဖွင့်ထားတာသိပ်မကြာသေးဘူး။ ကော်ဖီ၊ Snack တွေနဲ့ dessert လေးတွေအစုံရ့ပါတယ်။ ပိတ်ရက်မှာ hang out လုပ်လို့ကောင်းတဲ့ဆိုင်မို့ညွှန်ပြပေးလိုက်ပါတယ်။

No 47, Sinn O Dan Street, Latha Township, Yangon
09 972 888 500

Expopedia Myanmar New Year Retail & Whole Sale Expo 2024

ဆိုင်ခန်းပေါင်း (၂၀၀) ကျော်ဖြင့် နှစ်သစ်ကူး လူသုံးကုန်ပစ္စည်းများ၊ လက်လီလက်ကား ကုန်စည်ပြပွဲကြီးနှင့် Night Market ဈေးပွဲတော်ကြီးကို တစ်နေရာတည်းတွင် စုပေါင်း၍ (၃) ရက်တိုင်တိုင် ခမ်းနားစည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

Myanmar Convention Center (MCC)
9 am – 8 pm | 16-18 February

Heguru ရဲ့ Baby Book Fair

Heguru ရဲ့ Baby Book Fair မှာ ဆိုရင်စာအုပ်တွေတင်မကဘဲ အခြားကလေးအသုံးအဆောင်တွေကိုပါ ဆိုင်ခန်းတွေ ဖွင့်လှစ်ပြီး ရောင်းချပေးသွားမယ်လို့သိရပါတယ်။ ပွဲလေးကို ဖေဖော်ဝါရီ ၁၇ရက်နေ့နဲ့ ၁၈ရက်နေ့တွေမှာ မနက် ၉နာရီကနေ ညနေ ၅နာရီထိ ကျင်းပသွားမှာပါ။

No 234-A/1, U Wisara Road, Kamayut Township, Yangon
9 am – 5 pm | 17-18 February
09 787 858 000

Dice Valley Board Game Centre

Board game၊ tabletop game ချစ်သူတွေအတွက်တော့သတင်းကောင်းပါ။ Dice Valley ရဲ့ soft opening ပွဲလေးကို ဖေဖော်ဝါရီ ၁၆ရက်နေ့ကနေ ၁၈ရက်နေ့အထိ သတ်မှတ်ပြီး စဖွင့်တော့မယ်လို့သိရပါတယ်။

No 59C, Golden Valley Street, Golden Valley Ward 2, Bahan, Yangon
11 am – 7 pm (Closed on Tuesdays)
09 7400 135 75

Yangon Excelsior ရဲ့ ကော့တေးညနေခင်း

ကော့တေးချစ်သူတွေအတွက် signature ကော့တေး ၃ခွက်နဲ့ snack တပွဲကို ကျပ် ၂၅၀၀၀ တည်းနဲ့သုံးဆောင်နိုင်မယ့်အခွင့်အရေးပါ။ စိတ်ချရအောင်ဘွတ်ကင်တင်ထားဖို့တော့လိုမယ်နော်။

No 19/43, Bo Soon Pat Street, Pabedan Township, Yangon
7:30 pm – 10:30 pm | 16 February
09 770 8833 95

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here