Advertisement

ဒီအပတ်မှာလည်းအပန်းဖြေရမယ့် event တွေအပြင် ဗဟုသုတရမယ့် event တွေကိုပါဖော်ပြပေးလိုက်ပါတယ်။

Strings & Sips at Babett Yangon

တပတ်လုံးပင်ပန်းနေသမျှအေးအေးဆေးဆေးအနားယူဖို့နေရာရှာနေတဲ့သူတွေအတွက် တယောသံကိုနားထောင်ရင်း wine နဲ့ canape တွေ free flow သုံးဆောင်နိုင်မယ့် event ပါ။

No 5, Alan Pya Pagoda Street, Yangon
4 pm – 7 pm | 16 March
Ks49,000/person
01 824 3640

Chilean Sunset Party at SEEDS

Latino Live DJ တွေနဲ့ ပျော်မြူးရမယ့် ဒီ Sunset Party မှာဆိုရင် ချီလီနိုင်ငံထုတ် Luis Felipe Edwards ဝိုင်နဲ့ Autoritas ဝိုင်တွေကို မြည်းစမ်းသောက်သုံးနိုင်မှာဖြစ်ပြီး SEEDS Sunset Lab by the Lake ရဲ့ Canapes နဲ့ Snack များကိုလည်း Free Flow သုံးဆောင်နိုင်မယ့်ပွဲပါ။

No 63-A, U Tun Nyein Street, Ward 10, Mayangone Township, Yangon
5 pm to 7 pm | 17 March
Ks67,000/person
01 655 900

ထွေးဦးမြန်မာရဲ့ ရုပ်သေးကပွဲကိုအားပေးရင်း ရုပ်သေးရုပ်အတူလုပ်ခွင့်ရမယ့်ပွဲ

ထွေးဦးမြန်မာရဲ့ ရုပ်သေးကပွဲကိုအားပေးရင်း ရုပ်သေးရုပ်အတူလုပ်ခွင့်ရမယ့်အပြင် ပန်းခြံကဖေးမှာ နေ့လည်စာလဲ သုံးဆောင်လို့ရမယ့်အစီအစဉ်ပါ။ ရုပ်သေးရုပ် ဖန်းတီးတဲ့အခါ သံ နဲ့ တူ အသုံးပြုရမှာဖြစ်တဲ့အတွက် အသက် (၁၀)အောက် ကလေးတွေကတော့ လူကြီး၊ အုပ်ထိန်းသူ အကူတယောက်နဲ့ လာခဲ့ဖို့ လိုအပ်ပါမယ်။
ဖန်တီးထားတဲ့ ရုပ်သေးရုပ်သေးတွေ ယူသွားလို့ရပါတယ်။ အောက်ပါ link မှာအသေးစိတ်အချက်အလက်တွေကိုကြည့်ရှုနိုင်သလို booking လည်းတင်လို့ရပါတယ်။
https://www.facebook.com/events/1068636201102925/?ref=newsfeed

Pann Chan Cafe, French Institute, 340, Pyay Road, Sanchaung, Yangon
10:30 am – 3 pm | 17 March
09 988 822189

ကလေးငယ်တွေအတွက် MakerXspace ရဲ့ Pop-up event

MakerXspace မှပထမဆုံးကြိမ် ပြုလုပ်လိုက်တဲ့ Pop-up event လေးမှာပါဝင်ရင်း ဖေဖေမေမေတို့အနေနဲ့လည်း သားသားမီးမီးလေးတို့နဲ့အတူ တန်ဖိုးရှိတဲ့ မိသားစုအချိန်လေးကိုဖြတ်သန်းရအောင်နော်။ ဒီပွဲလေးမှာ အသက် ၄နှစ် မှ ၁၃နှစ် အတွင်းသားသားမီးမီးများနဲ့ကိုက်ညီတဲ့ activity တွေကိုထည့်သွင်းပေးထားပါတယ်။ Process art ဆိုတဲ့ activity မှာ ကလေးတွေအနေနဲ့ပစ္စည်းကိရိယာတွေကို စူးစမ်းလေ့လာတာပဲဖြစ်ဖြစ် ဆန်းသစ်ထွင်မှုပြုလုပ်နေချိန်မှာပဲဖြစ်ဖြစ် ဘယ်သူ့အကူအညီမှမပါဘဲ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးပြုလုပ်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေပြီး ဖန်တီးမှုစွမ်းအားကိုတိုးတက်စေမှာပါ။ ပွဲလေးကိုပါဝင်ဖို့အတွက်ဆိုရင် Ticket လေးဝယ်ယူရမှာဖြစ်ပြီး မိဘတစ်ယောက်နှင့် ကလေးငယ်တစ်ယောက်အတွက် ကျပ် ၈၀၀၀၀ ကျသင့်မှာဖြစ်ပြီး အအေးနဲ့မုန့်တွေနဲ့ဧည့်ခံသွားမှာဖြစ်ပါတယ်။ Ticket တွေကို အောက်ပါ link မှာဝယ်ယူနိုင်ပါတယ်။
https://makerx.space/events/

No 63-A, U Tun Nyein Street, Ward 10, Mayangone Township, Yangon
8 am – 12 pm | 16-17 March

Goethe-Institut ကသဘာဝနဲ့ သဟဇာတ

Goethe-Institut Myanmar နဲ့ Prevent Plastics Myanmar တို့ ပူးပေါင်းပြီး “သဘာဝနဲ့ သဟဇာတ – Artistic Expressions for Plastic Reduction and Environmental Harmony” ပွဲလေးကို ယခုလာမဲ့ မတ်လ (၁၅) ရက်နေ့မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ ဂီတနဲ့အနုပညာပြပွဲတွေအပြင် စကားဝိုင်းဆွေးနွေးပွဲတွေလည်းပါဝင်ပါတယ်။ အသေးစိတ်ကိုအောက်ပါ link မှာကြည့်ပါ။
https://www.facebook.com/events/4400018636889201/?ref=newsfeed

Corner of Kabar Aye Pagoada Road and Nat Mauk Street, Bahan Township, Yangon
3 pm – 5 pm | 15 March

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here