Advertisement

တပတ်လုံးပင်ပန်းထားသမျှပိတ်ရက်မှာအပန်းဖြေနိုင်ဖို့ event လေးတွေဖော်ပြလိုက်ပါတယ်။

ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ Francophonie ပွဲ

ဖျော်ဖြေပွဲ၊ ဟင်းချက်ပြိုင်ပွဲနဲ့ အဆိုပြိုင်ပွဲတွေအပါအဝင်အစီအစဉ်အများကြီးနဲ့စနေနေ့တနေ့လုံးကျင်းပသွားမယ့် ပြင်သစ်ယဉ်ကျေးမှု (Francophonie) ပွဲလေးပါ။ မည်သူမဆိုအခမဲ့တက်ရောက်နိုင်ပါတယ်။

French Institute, No 340, Pyay Road, Sanchaung Township, Yangon
10 am – 5:30 pm | 23 March

SEEDS Sunset Lab By The Lake နဲ့ The Warehouse Myanmar တို့ ပူးပေါင်းကျင်းပမယ့် Australian Sunset Party

Live DJ တွေနဲ့ ပျော်မြူးရမယ့် ဒီ Sunset Party မှာဆိုရင် Australia နိုင်ငံထုတ် Wine များကို မြည်းစမ်းသောက်သုံးနိုင်မှာဖြစ်ပြီး SEEDS Restaurant ရဲ့ Canapes နဲ့ Snack များကိုလည်း Free Flow သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

No 63-A, U Tun Nyein Street, Ward 10, Mayangone Township, Yangon
09 972 784 841, 01 655 900
5 pm – 7 pm | 24 March
Ks67,000/person

Time Bazaar ဈေးပွဲတော်

ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြီး Fancy & Fashion အစားအသောက်များကိုစုံစုံလင်လင်ဝယ်ယူနိုင်မယ့် Time Bazaar ဈေးပွဲတော်ကို ၅ရက်တိတိကျင်းပသွားမယ်လို့သိရပါတယ်။

Times City, Kamaryut Township, Yangon
09682737235, 09976605846, 09 445 220 220, 09252272022
9 am – 9 pm | 23-27 March

Creativity and Reality Workshop

ဒီအပတ်မှာတော့ Pann Chan Cafe မှာ PST Art Class and Art Studio နဲ့ Sanlavati Art Studio တို့မှ အတူတကွ ပူးပေါင်းပြီး ပြုလုပ်ပေးသွားမယ့် “Creativity and Reality” Workshop လေးရှိပါတယ်။ ဒီ Workshop မှာဆိုရင် မြန်မာ့ရိုးရာအရုပ်လေးတွေအပေါ်မှာ ဆေးရောင်ခြယ်ရင်း အလှပုံလေးတွေဆွဲရင်း ကလေးငယ်တွေရဲ့တီထွင်ဖန်တီးမှုစွမ်းအင်မြင့်မားလာအောင် instructor တွေကသင်ကြားပေးသွားမှာပါ။ လူဦးရေ ကန့်သတ်ထားတာမို့ ကြိုတင်စာရင်းပေးဖို့ တိုက်တွန်းလိုပါတယ် -> https://www.facebook.com/events/389835327328030/?ref=newsfeed

Pann Chan Cafe, No 340, Pyay Road, Sanchaung Township, Yangon
10 am – 11:30 am | 24 March
Ks20,000 (including a soft drink or juice)

LOTTE HOTEL YANGON ရဲ့ pool party

နွေအပူကိုအံတုဖို့ LOTTE HOTEL မှာရေကူးရင်း DJ သံစဉ်တွေနားထောင်မယ်။ Mini buffet စားကြမယ်။

No 82, Sin Phyu Shin Avenue, Pyay Road, 6½ Mile, Ward 11, Hlaing Township, Yangon
5 pm – 9 pm | 23 March
US$40/person

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here